ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • my ပုံပြင် ၇၈
  • နံရံပေါ်က လက်ရေးစာအကြောင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • နံရံပေါ်က လက်ရေးစာအကြောင်း
  • ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကမ္ဘာကြီးကို ပြောင်းလဲစေသည့် စာလုံးလေးလုံး
    ဒံယေလ၏ ပရောဖက်ပြုချက်ကို ဂရုပြုလော့!
  • နံရံပေါ်က စာ
    ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • ဒံယေလအကြောင်း ကျမ်းစာမှာ ဘယ်လို ဖော်ပြထားသလဲ
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ဒံယေလကျမ်း—ရုံးတင်စစ်ဆေးခံရသည့်နှယ်
    ဒံယေလ၏ ပရောဖက်ပြုချက်ကို ဂရုပြုလော့!
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
my ပုံပြင် ၇၈
ဘုရင်ဗေလရှာဇာနဲ့ သူ့ဧည့်သည်တွေဟာ နံရံပေါ်က လက်ရေးစာတွေကြောင့် ထိတ်လန့်တုန်လှုပ်ကုန်ကြ

ပုံပြင် ၇၈

နံရံပေါ်က လက်ရေးစာအကြောင်း

ဒီမှာ ဘာဖြစ်နေသလဲ။ လူတွေစားသောက်ပွဲ အကြီးအကျယ်လုပ်နေကြတယ်။ ဗာဗုလုန်ရှင်ဘုရင်ဟာ အရေးပါတဲ့ဧည့်သည်တော်တစ်ထောင်ကို ခေါ်ဖိတ်ထားတယ်။ သူတို့ဟာ ယေရုရှလင်မြို့က ယေဟောဝါဗိမာန်တော်ထဲကယူလာကြတဲ့ ရွှေခွက်ငွေခွက်တွေကိုသုံးနေကြတယ်။ ဒါပေမဲ့ ဗြုန်းဆို လူတစ်ယောက်ရဲ့လက်ချောင်းတွေ လေထဲပေါ်လာပြီး နံရံပေါ်မှာစာရေးပါလေရော။ လူတွေ လန့်လိုက်ကြတာတုန်နေတာပဲ။

နေဗုခဒ်နေဇာရဲ့မြေး ဗေလရှာဇာက ဘုရင်ဖြစ်နေတယ်လေ။ သူ့ပညာရှိတွေကို ချက်ချင်းရှေ့တော်သွင်းခိုင်းလိုက်တယ်။ ‘ဒီလက်ရေးကိုဖတ်ပြီး ငါကိုယ်တော်မြတ်ကို အဓိပ္ပာယ်ရှင်းပြနိုင်တဲ့လူကို ဆုလာဘ်အမြောက်အမြားချီးမြှင့်မယ်၊ နိုင်ငံတော်မှာလည်း တတိယမင်းဖြစ်ရလိမ့်မယ်’ ဆိုပြီးပြောတယ်။ ဒါပေမဲ့ ပညာရှိတစ်ယောက်မှ နံရံပေါ်ကစာကိုမဖတ်နိုင်ဘူး။ အဓိပ္ပာယ်ကိုလည်း ပြောမပြနိုင်ကြဘူး။

ဘုရင့်မယ်တော်က ဆူညံသံတွေကြားလို့ စားသောက်ခန်းမကြီးထဲဝင်လာတယ်။ ‘ဒီလောက် ကြောက်မနေကြနဲ့။ သန့်ရှင်းတဲ့ဘုရားတွေကို သိတဲ့လူတစ်ယောက် ကိုယ်တော်ရဲ့နိုင်ငံတော်မှာရှိတယ်။ ကိုယ်တော်ရဲ့ဘိုးတော် နေဗုခဒ်နေဇာနန်းစံတုန်းက အဲဒီလူကို ပညာရှိချုပ်ရာထူးမှာခန့်ထားဖူးတယ်။ ခုသူ့ကိုရှေ့တော်သွားခိုင်းလိုက်ပါ။ ဒါတွေရဲ့အဓိပ္ပာယ်ကို သူနားတော်လျှောက်ကြားပါလိမ့်မယ်’ ဆိုပြီး ဘုရင်ကိုပြောပြတယ်။

ဒါနဲ့ ဒံယေလကိုချက်ချင်းပဲ ရှေ့တော်သွင်းလိုက်တယ်။ ဒံယေလကလည်း ပေးမယ့်ဆုကိုငြင်းပြီးနောက် ဗေလရှာဇာရဲ့ဘိုးတော် နေဗုခဒ်ဇာကို ဘာကြောင့်ယေဟောဝါ နန်းချလိုက်ရတဲ့ အကြောင်းကစပြီးပြောပြတယ်။ ‘သူဟာ သိပ်စိတ်နေမြင့်တယ်၊ ဒါကြောင့် ယေဟောဝါ သူ့ကိုဆုံးမခဲ့တယ်’ ဆိုပြီးပြောပြတယ်။

‘ကိုယ်တော်လည်း ဘိုးတော်ပေါ်ဖြစ်ခဲ့တာတွေ အားလုံးကိုသိရက်သားရဲ့ ဘိုးတော်နေဗုခဒ်နေဇာလိုပဲ ဘဝင်မြင့်တယ်။ ယေဟောဝါဗိမာန်တော်ထဲက ခွက်ဖလားတွေကိုထုတ်ပြီး သုံးခဲ့တယ်။ သစ်သားတွေ၊ ကျောက်တွေနဲ့လုပ်ထားတဲ့ဘုရားတွေကို ရှိခိုးကိုးကွယ်တယ်။ ကျွန်တော်မျိုးတို့ရဲ့ မြင့်မြတ်တဲ့ဖန်ဆင်းရှင်ကို ဂုဏ်မပြုဘဲနေတယ်။ ဒါကြောင့် ဘုရားသခင်က ဒီစာတွေကိုရေးဖို့ ဒီလက်ကိုလွှတ်လိုက်တာပဲ။

လက်တစ်ချောင်းက မေနေ၊ မေနေ၊ တေကလ၊ ဖေရက်ဆိုပြီး နံရံပေါ်မှာ ရေးနေ

‘ရေးထားတဲ့စာက မေနေ၊ မေနေ၊ တေကလ၊ ဖေရက် ဖြစ်တယ်’ လို့ ဒံယေလပြောတယ်။

‘မေနေ ရဲ့အဓိပ္ပာယ်က ဘုရားသခင်ဟာ ကိုယ်တော်ရဲ့နိုင်ငံတော်သက်တမ်းကိုရေတွက်ပြီး အဆုံးတိုင်စေခဲ့ပြီ။ တေကလ ရဲ့အဓိပ္ပာယ်က ကိုယ်တော်ကို ချိန်ခွင်မှာချိန်တော်မူပြီး ကိုယ်တော်ဟာအသုံးမကျဘူးဆိုတာကို တွေ့တော်မူပြီဆိုတာပဲ။ ဖေရက် ရဲ့အဓိပ္ပာယ်က ကိုယ်တော်ရဲ့နိုင်ငံတော်ကို မေဒိနဲ့ ပေရသိလူတို့လက်ထဲ အပ်တော်မူပြီဆိုတာပဲ။’

ဒံယေလဒီစကားပြောနေတုန်းမှာပဲ မေဒိနဲ့ပေရသိလူတွေ ဗာဗုလုန်ကိုတိုက်နေပြီ။ မြို့ကိုသိမ်းပိုက်ပြီး ဗေလရှာဇာကိုသတ်ပစ်ကြတယ်။ အဲဒီညမှာပဲ နံရံပေါ်ကလက်ရေးပြောတဲ့အတိုင်းဖြစ်လာခဲ့တယ်။ ဒါပေမဲ့ ဣသရေလလူတွေ ခုဘာဖြစ်ကြတော့မလဲ။ မကြာခင်တွေ့ရလိမ့်မယ်။ ဒါပေမဲ့ ဦးဦးဆုံး ဒံယေလကြုံရတဲ့အဖြစ်ကို အရင်ကြည့်ရအောင်။

ဒံယေလ ၅:၁-၃၁။

လေ့လာရန်မေးခွန်းများ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ