ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • my ပုံပြင် ၁၀၅
  • ယေရုရှလင်မြို့မှာ စောင့်နေကြတဲ့အကြောင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေရုရှလင်မြို့မှာ စောင့်နေကြတဲ့အကြောင်း
  • ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
  • ဆင်တူတဲ့ အကြောင်းအရာ
  • တပည့်တွေ သန့်ရှင်းသောစွမ်းအားတော်ရ
    ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • ပင်တေကုတ္တေပွဲနေ့မတိုင်ခင် ယေရှုကို တပည့်များစွာမြင်ရ
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • နောက်ဆုံးကိုယ်ယောင်ထင်ရှားပြခြင်းနှင့် ပင်တေကုတ္တေ ၃၃ စီအီး
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • နောက်ဆုံးကိုယ်ယောင်ထင်ရှားပြခြင်းနှင့် စီအီး ၃၃ ပင်တေကုတ္တေပွဲ
    အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
my ပုံပြင် ၁၀၅
တပည့်တွေခေါင်းပေါ်မှာ မီးလျှာပုံစံလေးတွေ ပေါ်နေ

ပုံပြင် ၁၀၅

ယေရုရှလင်မြို့မှာ စောင့်နေကြတဲ့အကြောင်း

ဒီပုံမှာပါတဲ့ လူတွေကတော့ ယေရှုရဲ့နောက်တော်လိုက်တွေ။ ယေရှုရဲ့စကားကိုနားထောင်ပြီး ယေရုရှလင်မြို့မှာပဲနေနေကြတယ်။ ခုလိုစောင့်နေကြတဲ့အခါ တစ်အိမ်လုံးကိုအသံတစ်ခုက လွှမ်းသွားတယ်။ ပြီးတော့ လျှာလိုသဏ္ဌာန်မျိုးနဲ့မီးပွားလေးတွေ တပည့်တော်တစ်ယောက်စီရဲ့ခေါင်းပေါ်မှာရောက်လာကြတယ်။ သူတို့တစ်ယောက်စီအပေါ် မီးတောက်ကလေးတွေရှိတယ်တွေ့လား။ ဒါဟာ ဘယ်လိုသဘောလဲ။

အဲဒီဟာကတော့ တန်ခိုးတစ်ခုပေါ့။ ယေရှုဟာ သူ့ခမည်းတော်ရှိတဲ့ ကောင်းကင်ကိုပြန်ရောက်လို့ သူ့နောက်တော်လိုက်တွေအပေါ်မှာ ဘုရားသခင်ရဲ့ သန့်ရှင်းသောဝိညာဉ်တော် သွန်းလောင်းနေတယ်။ ဒီသန့်ရှင်းသောဝိညာဉ်တော်က သူတို့ကိုဘာလုပ်အောင် ဖန်တီးပေးသလဲသိလား။ သူတို့အားလုံး ဘာသာစကားအမျိုးမျိုး ပြောလာကြတယ်ကွဲ့။

လေမုန်တိုင်းအသံကြီးကို ယေရုရှလင်မြို့မှာရှိတဲ့ လူတော်တော်များများကြားကြတော့ ဘာဖြစ်သလဲဆိုပြီး လာကြည့်ကြတယ်။ လူတွေထဲမှာ ဣသရေလလူတွေရဲ့ ပင်တေကုတ္တေပွဲတက်ဖို့လာတဲ့ တခြားလူမျိုးတွေလည်းပါတယ်။ ဒီမြို့တော်ဧည့်သည်တွေ အံ့သြလိုက်ကြတာ။ ဘုရားသခင်လုပ်ခဲ့တဲ့ ထူးဆန်းတဲ့အလုပ်တွေအကြောင်း သူတို့ရဲ့ဘာသာစကားနဲ့ တပည့်တော်တွေ ပြောနေကြတာကို သူတို့ကြားရကြတယ်။

ဧည့်သည်တွေက ‘ဒီလူတွေ ဂါလိလဲလူတွေချည်းပဲ။ ဒါဆိုရင် တို့နေတဲ့တိုင်းပြည်က ဘာသာစကားတွေကို ဘယ်လိုလုပ်ပြောနိုင်ကြတာလဲ’ ဆိုပြီးပြောကြတယ်။

ဒါနဲ့ ပေတရုမတ်တတ်ရပ်ပြီး သူတို့ကိုရှင်းပြတယ်။ ယေရှုကို လူတွေဘယ်လိုသတ်ပစ်တဲ့အကြောင်း၊ သူ့ကို ယေဟောဝါက ဘယ်လိုပြန်ရှင်အောင်လုပ်ခဲ့တဲ့အကြောင်း အသံအကျယ်ကြီးနဲ့ရှင်းပြတယ်။ ‘ခုယေရှုဟာ ကောင်းကင်ကိုရောက်ပြီး ဘုရားသခင်ရဲ့လက်ယာဘက်မှာရှိနေပြီ’ ဆိုပြီးပြောတယ်။ ‘ပြီးတော့ ယေရှုဟာ ကတိထားတဲ့အတိုင်း သန့်ရှင်းသောဝိညာဉ်တော်ကို သွန်းလောင်းလိုက်ပြီ။ ဒါကြောင့် ဒီလိုထူးဆန်းတာတွေကို သင်တို့မြင်နေရတာပေါ့’ ဆိုပြီးပြောပြတယ်။

ပေတရုအဲဒီလိုပြောလိုက်တော့ လူတွေက ယေရှုခံရတာတွေအတွက် အင်မတန်စိတ်မကောင်းဖြစ်သွားကြတယ်။ ‘ကျွန်တော်တို့ ဘာလုပ်ရမလဲခင်ဗျာ’ ဆိုပြီးမေးကြတယ်။ ပေတရုက ‘သင်တို့နေထိုင်ကျင့်ကြံပုံတွေ ပြောင်းပစ်ရမယ်။ ပြီးတော့ နှစ်ခြင်းခံရမယ်’ ဆိုပြီးဖြေလိုက်တယ်။ ဒါနဲ့ အဲဒီနေ့မှာပဲ လူပေါင်း ၃,၀၀၀ နှစ်ခြင်းခံပြီး ယေရှုရဲ့နောက်လိုက်တွေဖြစ်လာကြတယ်။

တမန်တော် ၂:၁-၄၇။

လေ့လာရန်မေးခွန်းများ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ