ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • lfb သင်ခန်းစာ ၉၄ စာ. ၂၂၀-စာ. ၂၂၁ ပိုဒ်. ၁
  • တပည့်တွေ သန့်ရှင်းသောစွမ်းအားတော်ရ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • တပည့်တွေ သန့်ရှင်းသောစွမ်းအားတော်ရ
  • ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေရုရှလင်မြို့မှာ စောင့်နေကြတဲ့အကြောင်း
    ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
  • ‘သန့်ရှင်းသောဝိညာဉ်တော်၏နာမ၌’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • ယေဟောဝါ—ကျွန်ုပ်တို့၏အုပ်စိုးရှင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • ပင်တေကုတ္တေပွဲနေ့မတိုင်ခင် ယေရှုကို တပည့်များစွာမြင်ရ
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
နောက်ထပ် ကြည့်ပါ
ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
lfb သင်ခန်းစာ ၉၄ စာ. ၂၂၀-စာ. ၂၂၁ ပိုဒ်. ၁
မိမိတို့ရဲ့ဘာသာစကားတွေနဲ့ ယေရှုရဲ့တပည့်တွေ ပြောဆိုနေတာကို ကြားပြီး ဂျေရုဆလင်မြို့ကို ရောက်နေသူတွေ အံ့သြနေကြ

သင်ခန်းစာ ၉၄

တပည့်တွေ သန့်ရှင်းသောစွမ်းအားတော်ရ

ယေရှု ကောင်းကင်ပြန်တက်ပြီး ၁၀ ရက်ကြာတဲ့အခါ တပည့်တွေဟာ သန့်ရှင်းသောစွမ်းအားတော် ရရှိခဲ့ကြတယ်။ အချိန်က အေဒီ ၃၃၊ ပင်တေကုတ္တေပွဲနေ့မှာဖြစ်ပြီး ဒေသအတော်များများက လူတွေဟာ ပွဲတော်ကျင်းပဖို့ ဂျေရုဆလင်မြို့ကို ရောက်နေကြတဲ့ အချိန်ဖြစ်တယ်။ ယေရှုရဲ့ တပည့် ၁၂၀ ဟာ အထက်ခန်းမတစ်ခုမှာ စုဝေးနေကြတယ်။ ရုတ်တရက်၊ အံ့ဖွယ်ဖြစ်ရပ်တစ်ခု ဖြစ်ပေါ်လာတယ်။ တပည့်တစ်ယောက်စီရဲ့ ခေါင်းပေါ်မှာ မီးလျှံတွေပေါ်လာပြီး ဘာသာစကားအမျိုးမျိုးနဲ့ ပြောကြတော့တယ်။ လေပြင်းတိုက်သံလို အသံကြီးတစ်သံဟာ တစ်အိမ်လုံး ပျံ့သွားတယ်။

ဂျေရုဆလင်မြို့ကို ရောက်နေတဲ့ ဧည့်သည်တွေလည်း အဲဒီအသံကိုကြားပြီး ပြေးလာကြည့်ကြတယ်။ တပည့်တွေ စကားအမျိုးမျိုး ပြောနေကြတာ သူတို့ကြားတော့ ‘ဒီလူတွေဟာ ဂါလိလဲနယ်ကပါ။ ငါတို့စကားကို ဘယ်လိုလုပ် ပြောနိုင်ကြတာလဲ’ ဆိုပြီး အံ့ဩတကြီး ဖြစ်နေကြတယ်။

ပေတရုနဲ့ တခြားတမန်တော်တွေဟာ လူအုပ်ရှေ့မှာ ထွက်ရပ်ပြီး ပေတရုက ယေရှု ဘယ်လိုအသတ်ခံရတယ်၊ ယေဟောဝါက သူ့ကို သေရာကနေ ဘယ်လိုထမြောက်စေတဲ့အကြောင်းတွေ ပြောပြတယ်။ ပြီးတော့ ‘အခု ယေရှုဟာ ကောင်းကင်မှာ ရောက်နေပြီး ဘုရားသခင်ရဲ့ ညာဘက်မှာ ရှိနေတယ်။ ကတိပေးထားတဲ့ သန့်ရှင်းသောစွမ်းအားတော်ကို သွန်းလောင်းပေးလို့ အခုလို အံ့ဖွယ်ဖြစ်ရပ်တွေကို ခင်ဗျားတို့ ကြားရ၊ မြင်ရတာ’ လို့ပြောတယ်။

ပေတရုစကားတွေကြောင့် လူတွေ လှုံ့ဆော်ခံရပြီး ‘ဒီလိုဆို ဘာလုပ်ရမလဲ’ လို့မေးကြတယ်။ ပေတရုက ‘နောင်တရကြပါ။ ယေရှုနာမည်နဲ့ နှစ်ခြင်းခံကြပါ။ ခင်ဗျားတို့လည်း သန့်ရှင်းသောစွမ်းအားတော် ရလိမ့်မယ်’ လို့ ပြောတယ်။ အဲဒီနေ့မှာပဲ လူ ၃,၀၀၀ လောက် နှစ်ခြင်းခံကြတယ်။ အဲဒီအချိန်ကစပြီး ဂျေရုဆလင်မြို့မှာ တပည့်တွေ သိသိသာသာ တိုးများလာတယ်။ သန့်ရှင်းသောစွမ်းအားတော် အကူအညီနဲ့ တမန်တော်တွေဟာ အသင်းတော်တွေ တည်ထောင်ကြတယ်။ ဒီလိုနဲ့ တပည့်အသစ်တွေကို ယေရှုမိန့်မှာတာတွေ သွန်သင်ပေးနိုင်ကြတယ်။

“ယေရှုဟာ သခင်ဖြစ်တဲ့အကြောင်း လူသိရှင်ကြား ကြေညာမယ်ဆိုရင်၊ ယေရှုကို သေရာကနေ ဘုရားသခင် အသက်ပြန်ရှင်စေပြီဆိုတာ စိတ်ထဲမှာ ယုံကြည်မယ်ဆိုရင် ခင်ဗျားတို့ ကယ်တင်ခံရလိမ့်မယ်။” —ရောမ ၁၀:၉

မေးခွန်း– အေဒီ ၃၃၊ ပင်တေကုတ္တေပွဲနေ့မှာ ဘာဖြစ်ခဲ့သလဲ။ လူအများကြီး ဘာလို့နှစ်ခြင်းခံကြတာလဲ။

တမန်တော် ၁:၁၅။ ၂:၁-၄၂။ ၄:၄။ ယောဟန် ၁၅:၂၆

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ