ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • my ပုံပြင် ၁၁၄
  • အဆိုးအားလုံးရဲ့ လမ်းဆုံး

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အဆိုးအားလုံးရဲ့ လမ်းဆုံး
  • ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
  • ဆင်တူတဲ့ အကြောင်းအရာ
  • အောက်တိုဘာဈေးပွဲတော်—“ဥရောပ၏ ရှေးအကျဆုံး နိုင်ငံတကာမြင်းဈေးပွဲတော်”
    နိုးလော့!—၂၀၀၁
  • ကမ္ဘာပေါ်က ပရဒိသုအသစ်
    ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
  • စစ်ပွဲအားလုံးကို အဆုံးတိုင်စေမယ့် ဘုရားသခင့်စစ်ပွဲ
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၁၉
  • ကျမ်းစာကြိုတင်ပြီးပြောခဲ့တဲ့ အဖြစ်အပျက်တွေ ဖြစ်ပျက်လာတဲ့အကြောင်း
    ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
my ပုံပြင် ၁၁၄
မြင်းဖြူစီးထားတဲ့ ယေရှုနဲ့ ကောင်းကင်စစ်တပ်

ပုံပြင် ၁၁၄

အဆိုးအားလုံးရဲ့ လမ်းဆုံး

ဒီပုံမှာ ဘာတွေတွေ့ရသလဲ။ အေး၊ ဟုတ်တယ် မြင်းဖြူတပ်မဟာကြီး။ ဘယ်ကနေလာသလဲ ကြည့်လိုက်ဦး။ မြင်းတွေဟာ တိမ်ကိုစီးပြီး ကောင်းကင်ပေါ်က ဒုန်းစိုင်းထွက်လာကြတယ်လေ။ ကောင်းကင်မှာ တကယ်ပဲမြင်းတွေရှိလား။

မရှိဘူးကွဲ့။ အဲဒီမြင်းတွေဟာ တကယ့်မြင်းတွေမဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ မြင်းတွေမိုးတိမ်မှာမပြေးနိုင်ဘူး။ မဟုတ်ဘူးလား။ ဒါပေမဲ့ ကျမ်းစာထဲမှာ ကောင်းကင်ပေါ်ကမြင်းတွေအကြောင်း ရေးထားတာအမှန်ပဲ။ ဘာဖြစ်လို့လဲသိလား။

ဘာဖြစ်လို့လဲဆိုတော့ တစ်ချိန်တုန်းက စစ်တိုက်တဲ့နေရာမှာ မြင်းတွေကိုအများကြီးသုံးခဲ့ကြတယ်။ ဒါကြောင့် ဘုရားသခင်မြေကြီးပေါ်က လူတွေနဲ့စစ်တိုက်စရာရှိတဲ့အကြောင်း ပြောချင်တဲ့အနေနဲ့ လူတွေကောင်းကင်ကနေပြီး မြင်းတွေစီးပြီးထွက်လာတဲ့အကြောင်း ကျမ်းစာကပြောတယ်လေ။ ဒီစစ်ပွဲတိုက်မယ့်နေရာရဲ့နာမည်ကို မင်းတို့သိကြလား။ အာမဂေဒုန်တဲ့။ အဲဒီစစ်ဟာ ကမ္ဘာပေါ်မှာရှိရှိသမျှအဆိုးတွေကို ရှင်းပစ်မယ်။

အာမဂေဒုန်မှာ ဒီစစ်ကို ဦးဆောင်ပြီးတိုက်သွားမယ့်ပုဂ္ဂိုလ်ကတော့ ယေရှုပဲကွဲ့။ မှတ်မိလား။ ယေရှုဟာ ယေဟောဝါနိုင်ငံတော်အတွက် ယေဟောဝါရွေးကောက်တင်မြှောက်ထားတဲ့ဘုရင်ပဲ ဆိုတာ။ ဒါကြောင့် ယေရှုဟာ သရဖူကိုဆောင်းထားတာပေါ့။ သူကိုင်ထားတဲ့ဓားကြီးကျတော့ ဘုရားသခင်ရဲ့ရန်သူအားလုံးကို ချေမှုန်းပစ်မယ်ဆိုတဲ့ အထိမ်းအမှတ်ပဲပေါ့။ လူဆိုးတွေအားလုံးကို ဘုရားသခင်ဖျက်ဆီးမှာကို တို့တစ်တွေအံ့သြသင့်သလား။

ပုံပြင် ၁၀ ကိုပြန်ကြည့်လိုက်ဦး။ အဲဒီမှာ ဘာတွေတွေ့ရသလဲ။ အေးဟုတ်တယ်။ လူဆိုးတွေကို ဖျက်ဆီးပစ်တဲ့ ရေလွှမ်းမိုးဘေးကြီး။ အဲဒီရေလွှမ်းမိုးဘေးကို ဘယ်သူဖြစ်အောင်လုပ်တာလဲ။ ယေဟောဝါဘုရားသခင်ပဲ။ ပုံပြင် ၁၅ ကိုပြန်ကြည့်ဦး။ အဲဒီမှာ ဘာတွေဖြစ်နေသလဲ။ ယေဟောဝါလွှတ်လိုက်တဲ့ မီးက သောဒုံနဲ့ဂေါမောရမြို့တွေကို ဖျက်ဆီးနေတဲ့ပုံ။

ပုံပြင် ၃၃ ကိုကြည့်ဦး။ အီဂျစ်လူတွေရဲ့မြင်းတွေ၊ စစ်ရထားတွေ ဘာဖြစ်နေသလဲကြည့်လိုက်စမ်း။ သူတို့အပေါ်မှာ ရေလွှမ်းလာအောင် ဘယ်သူဖန်တီးလိုက်တာလဲ။ ယေဟောဝါပဲ။ သူ့လူတွေကိုကာကွယ်ဖို့ သူလုပ်လိုက်တာ။ ပုံပြင် ၇၆ ကိုကြည့်ဦး။ ယေဟောဝါဟာ သူ့လူမျိုးဣသရေလလူတွေ ဆိုးသွမ်းတဲ့အတွက် ဖျက်ဆီးခံခိုင်းတဲ့အဖြစ်ကိုတွေ့ရတယ်။

အဲဒါကြောင့် ကမ္ဘာပေါ်ကအဆိုးအားလုံး အဆုံးသတ်ဖို့ ကောင်းကင်တပ်မဟာကြီးကို ယေဟောဝါစေလွှတ်မယ်ဆိုတာကို မအံ့သြသင့်ဘူး။ ဒါပေမဲ့ ဘာတွေဖြစ်လာမလဲ။ စာမျက်နှာလှန်ပြီး ကြည့်ရအောင်။

ဗျာဒိတ် ၁၆:၁၆; ၁၉:၁၁-၁၆။

လေ့လာရန်မေးခွန်းများ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ