ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • my ပုံပြင် ၁၁၆
  • ထာဝရနေနိုင်အောင် ဘယ်လိုလုပ်ရမယ့်အကြောင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ထာဝရနေနိုင်အောင် ဘယ်လိုလုပ်ရမယ့်အကြောင်း
  • ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘုရားသခင်ရဲ့ ငြိမ်းချမ်းတဲ့ ကမ္ဘာသစ်မှာ နေထိုင်နိုင်တယ်
    ကြီးမြတ်သောဆရာထံမှ သင်ယူပါ
  • ဘယ်လို ထာဝစဉ် အသက်ရှင်နိုင်သလဲ
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ကျွန်တော်တို့ ထာဝစဉ် အသက်ရှင်နိုင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၂
  • ထာဝစဉ်အသက်ရှင်ခြင်းသည် အိပ်မက်မျှသာမဟုတ်
    သင်သည်ကမ္ဘာ့ပရဒိသု အတွင်းထာဝရစဉ်အသက်ရှင်နိုင်သည်
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
my ပုံပြင် ၁၁၆
‘ကျွပ်၏ကျမ်းစာပုံပြင်စာအုပ်’ ကို ဖတ်နေတဲ့ ကလေးသုံးယောက်

ပုံပြင် ၁၁၆

ထာဝရနေနိုင်အောင် ဘယ်လိုလုပ်ရမယ့်အကြောင်း

မိန်းကလေးနဲ့ သူ့သူငယ်ချင်းတွေ ဘာဖတ်နေသလဲ ပြောနိုင်သလား။ အေးဟုတ်တယ်။ မင်းတို့ဖတ်နေတဲ့ ကျွန်ုပ်၏ကျမ်းစာပုံပြင်စာအုပ် ဆိုတဲ့စာအုပ်ပဲကွဲ့။ မင်းတို့ဖတ်နေတဲ့ပုံပြင် “ထာဝရနေနိုင်အောင် ဘယ်လိုလုပ်ရမယ့်အကြောင်း” ကိုပဲ သူတို့ဖတ်နေကြတာ။

သူတို့ဘာတွေ သိရသလဲသိလား။ ဦးဦးဆုံး ထာဝရအသက်နဲ့နေနိုင်အောင် ယေဟောဝါနဲ့သားတော်ယေရှုကိုသိဖို့လိုတယ်။ ကျမ်းစာက ‘ထာဝရအသက်ရဖို့နည်းက ဒီလို၊ တစ်ဆူတည်းသော စစ်မှန်တဲ့ဘုရားသခင်အကြောင်းနဲ့၊ ကမ္ဘာကို သူစေလွှတ်လိုက်တဲ့ ယေရှုခရစ်အကြောင်းကို သိအောင်သင်ပါ’ တဲ့။

ယေဟောဝါဘုရားသခင်နဲ့ သားတော်ယေရှုအကြောင်း ဘယ်လိုလုပ်သင်ယူနိုင်မလဲ။ တစ်နည်းကတော့၊ ကျွန်ုပ်၏ကျမ်းစာပုံပြင် ဆိုတဲ့စာအုပ်ကို အစအဆုံးဖတ်ဖို့ပဲ။ ယေဟောဝါနဲ့ ယေရှုအကြောင်း အများကြီးပါတယ်။ ဟုတ်တယ်မဟုတ်လား။ ပြီးတော့ သူတို့လုပ်ခဲ့တာတွေ၊ သူတို့နောင်ကိုလုပ်မယ့်ဟာတွေကိုလည်း အများကြီးရေးထားတယ်။ ဒါပေမဲ့ ဒီစာအုပ်ဖတ်ရုံနဲ့မပြီးသေးဘူး။

ကြမ်းပြင်ပေါ်က နောက်စာအုပ်တစ်အုပ်ကိုတွေ့လား။ အဲဒါကျမ်းစာပဲ။ ဒီစာအုပ်အခြေခံထားတဲ့ ကျမ်းစာအပိုင်းတွေကို တစ်ယောက်ဖတ်ပြခိုင်းပါ။ ယေဟောဝါကိုမှန်တဲ့နည်းနဲ့ ဝတ်ပြုပြီး ထာဝရအသက်ရနိုင်အောင် လိုအပ်တဲ့အသိပညာအပြည့်အဝကို ကျမ်းစာက တို့ကိုပေးမယ်။ ဒါကြောင့် ကျမ်းစာမှန်မှန်ဖတ်တဲ့ အကျင့်လေးလုပ်ဖို့လိုတယ်။

ဒါပေမဲ့ ယေဟောဝါဘုရားသခင်နဲ့ ယေရှုခရစ်အကြောင်း သင်ရုံနဲ့မပြီးသေးဘူး။ သူတို့နဲ့ပတ်သက်တဲ့အကြောင်း၊ သူတို့ရဲ့သွန်သင်ချက်တွေအများကြီး အများကြီးသိရက်သားနဲ့ ထာဝရအသက်မရလိုက်ပဲ ဖြစ်ချင်ဖြစ်သွားနိုင်တယ်။ ဘာလိုသေးသလဲသိလား။

ကိုယ်သိတဲ့အချက်အလက်နဲ့ကိုက်အောင် နေထိုင်ဖို့လည်းလိုသေးတယ်။ ယုဒရှကာရုတ်ကို မှတ်မိလား။ တမန်တော်အဖြစ်နဲ့ ယေရှုရွေးကောက်လိုက်တဲ့ ၁၂ ယောက်ထဲမှာ သူလည်းတစ်ယောက်အပါအဝင်ဖြစ်ခဲ့တယ်။ ယုဒဟာ ယေဟောဝါနဲ့ယေရှုအကြောင်း အများကြီးသိတယ်။ ဒါပေမဲ့ သူဘာဖြစ်သွားလဲ။ ကြာတော့ တစ်ကိုယ်ကောင်းစိတ်ဝင်လာတယ်။ ယေရှုကိုသစ္စာဖောက်ပြီး ရန်သူလက်ထဲကို ငွေသုံးဆယ်နဲ့ရောင်းခဲ့တယ်။ ဒါကြောင့် ထာဝရအသက်ကို ရမှာမဟုတ်ဘူး။

ပုံပြင် ၆၉ မှာဖတ်ခဲ့တဲ့ ဂေဟာဇိကိုကော မှတ်မိကြလား။ ကိုယ်မပိုင်တဲ့အဝတ်အစားနဲ့ ငွေတွေကိုမက်တယ်။ ဒါကြောင့် ဒါတွေကိုရဖို့ မုသားသုံးခဲ့တယ်။ ဒါပေမဲ့ ယေဟောဝါ သူ့ကိုဒဏ်ခတ်လိုက်တယ်။ တို့လည်း ယေဟောဝါပညတ်ကို မလိုက်နာဘူးဆိုရင် တို့ကိုလည်း ယေဟောဝါဒဏ်ခတ်မှာပဲ။

ယေဟောဝါကိုသစ္စာရှိရှိကိုးကွယ်တဲ့ လူကောင်းတွေလည်း အများကြီးရှိကြတာပဲ။ သူတို့လို တို့ဖြစ်ချင်တယ်၊ ဟုတ်တယ်မဟုတ်လား။ ကလေးလေးရှမွေလဟာ တို့အတွက် ပုံစံကောင်းပဲ။ မှတ်မိလား၊ ပုံပြင် ၅၅ မှာယေဟောဝါကို တဲတော်မှာစပြီး ဝတ်ပြုတုန်းက သူ့အသက် လေးနှစ်ငါးနှစ်လောက်ပဲရှိသေးတယ်။ ဒါကြောင့် မင်းတို့အသက်ဘယ်လောက်ငယ်ငယ် ယေဟောဝါကို ဝတ်မပြုနိုင်လောက်အောင် မငယ်ဘူးကွဲ့။

တို့တစ်တွေအားလုံး အတုယူဖို့အကောင်းဆုံးကတော့ ယေရှုခရစ်ပဲပေါ့။ အထူးပြောစရာမလိုဘူး။ ကလေးဘဝမှာတောင် ပုံပြင် ၈၇ မှာပါတဲ့အတိုင်း ဗိမာန်တော်မှာ တခြားလူတွေနဲ့ သူ့ကောင်းကင်ခမည်းတော်အကြောင်း ပြောဆိုခဲ့တယ်။ သူ့စံနမူနာကို လိုက်ကြစို့။ တို့ရဲ့ အင်မတန်ကောင်းမြတ်တဲ့ ယေဟောဝါဘုရားသခင်နဲ့ သူ့သားတော်ယေရှုခရစ်အကြောင်းကို တတ်သိသလောက်လူတွေကိုပြောပြကြစို့။ ဒါတွေကိုလုပ်မယ်ဆိုရင် ကမ္ဘာပေါ်က ဘုရားသခင်ရဲ့ ပရဒိသုအသစ်ထဲမှာ ထာဝရအသက်နဲ့ နေသွားရမယ်ကွဲ့။

ယောဟန် ၁၇:⁠၃; ဆာလံ ၁၄၅:၁-၂၁။

လေ့လာရန်မေးခွန်းများ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ