ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • lr အခန်း ၄၈ စာ. ၂၅၀-၂၅၆
  • ဘုရားသခင်ရဲ့ ငြိမ်းချမ်းတဲ့ ကမ္ဘာသစ်မှာ နေထိုင်နိုင်တယ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘုရားသခင်ရဲ့ ငြိမ်းချမ်းတဲ့ ကမ္ဘာသစ်မှာ နေထိုင်နိုင်တယ်
  • ကြီးမြတ်သောဆရာထံမှ သင်ယူပါ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ထာဝစဉ်အသက်ရှင်ခြင်းသည် အိပ်မက်မျှသာမဟုတ်
    သင်သည်ကမ္ဘာ့ပရဒိသု အတွင်းထာဝရစဉ်အသက်ရှင်နိုင်သည်
  • ဘယ်လို ထာဝစဉ် အသက်ရှင်နိုင်သလဲ
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ငြိမ်းချမ်းသော ကမ္ဘာသစ် တွင်အသက်တာ
    ငြိမ်းချမ်းသော ကမ္ဘာသစ် တွင်အသက်တာ
  • သာယာလှပတဲ့ ကမ္ဘာသစ် ဖြစ်လာတော့မယ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၂၁
နောက်ထပ် ကြည့်ပါ
ကြီးမြတ်သောဆရာထံမှ သင်ယူပါ
lr အခန်း ၄၈ စာ. ၂၅၀-၂၅၆

အခန်း ၄၈

ဘုရားသခင်ရဲ့ ငြိမ်းချမ်းတဲ့ ကမ္ဘာသစ်မှာ နေထိုင်နိုင်တယ်

ဘုရားသခင်ဟာ အာဒံနဲ့ ဧဝတို့ကို ဧဒင်ဥယျာဉ်ထဲမှာ နေရာချပေးခဲ့တယ်။ သူတို့တစ်တွေ စကားနားမထောင်လို့ သေသွားပေမဲ့ ဘုရားသခင်ဟာ တို့တစ်တွေ အပါအဝင် သူတို့ရဲ့ သားသမီးတွေကို ပရဒိသုဘုံမှာ ထာဝစဉ်နေနိုင်ဖို့ အစီအစဉ် လုပ်ပေးခဲ့တယ်။ ကျမ်းစာမှာ ဒီလိုကတိပေးထားတယ်– “ဖြောင့်မတ်သူတွေဟာ ကမ္ဘာမြေကို ပိုင်ဆိုင်ပြီး ထာဝစဉ် နေထိုင်ရလိမ့်မယ်။”—ဆာလံ ၃၇:၂၉။

ကျမ်းစာမှာ “ကောင်းကင်သစ်” နဲ့ “မြေကြီးသစ်” အကြောင်း ပြောထားတယ်။ (ဟေရှာယ ၆၅:၁၇။ ၂ ပေတရု ၃:၁၃) အခုလက်ရှိ “ကောင်းကင်” ဟာ ဒီကနေ့ အုပ်ချုပ်နေတဲ့ လူ့အစိုးရများနဲ့ ဖွဲ့စည်းထားတယ်။ ဒါပေမဲ့ ယေရှုခရစ်နဲ့ သူနဲ့အတူ ကောင်းကင်ဘုံကနေ အုပ်ချုပ်မယ့်သူတွေဟာ “ကောင်းကင်သစ်” အဖြစ် ဖွဲ့စည်းမှာ ဖြစ်တယ်။ ငြိမ်းချမ်းရေး ဆောင်ကြဉ်းပေးမယ့် ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့ အစိုးရဖြစ်တဲ့ ဒီကောင်းကင်သစ်က ကမ္ဘာတစ်ခုလုံးကို အုပ်ချုပ်တဲ့အခါကျရင် ဘယ်လောက်တောင် ပျော်စရာကောင်းလိုက်မလဲ။

ဒီလိုဆိုရင် “မြေကြီးသစ်” ဆိုတာ ဘာလဲ။— မြေကြီးသစ်ဆိုတာ ယေဟောဝါကို ချစ်တဲ့လူကောင်းတွေကို ပြောတာ။ ကျမ်းစာက “မြေကြီး” လို့ပြောတဲ့အခါ တစ်ခါတလေမှာ ကမ္ဘာမြေကို မဟုတ်ဘဲ မြေကြီးပေါ်မှာနေထိုင်တဲ့ လူတွေကို ဆိုလိုတယ်။ (ကမ္ဘာဦး ၁၁:၁။ ဆာလံ ၆၆:၄။ ၉၆:၁) ဒါကြောင့် မြေကြီးသစ်အဖြစ် ဖွဲ့စည်းတဲ့လူတွေဟာ ဒီကမ္ဘာမြေကြီးပေါ်မှာပဲ နေထိုင်ကြမယ်။

အဲဒီအချိန်ကျရင် ဆိုးညစ်တဲ့လူတွေနဲ့ ဖွဲ့စည်းထားတဲ့ အခုလက်ရှိလောက ရှိတော့မှာ မဟုတ်ဘူး။ နောဧလက်ထက်က ရေလွှမ်းမိုးဘေးကြီးမှာ ဆိုးညစ်တဲ့လူတွေနဲ့ ဖွဲ့စည်းထားတဲ့လောကကို ဖျက်ဆီးခဲ့တာ သတိရပါ။ အခုလက်ရှိ ဆိုးညစ်တဲ့လောကလည်း လာမယ့် အာမဂေဒုန်မှာ ဖျက်ဆီးခံရမယ်ဆိုတာ တို့တစ်တွေ သိခဲ့ရတယ်။ အာမဂေဒုန်ပြီးတဲ့နောက် ဘုရားသခင်ရဲ့ ကမ္ဘာသစ်မှာ အသက်ရှင်ရတာဟာ ဘယ်လို နေမယ်ဆိုတာ ကြည့်ကြရအောင်။

ဘုရားသခင်ရဲ့ ငြိမ်းချမ်းတဲ့ ကမ္ဘာသစ်မှာရှိတဲ့ ပရဒိသုဘုံမှာ ကလေးတို့ ထာဝစဉ် နေထိုင်ချင်သလား။— ထာဝစဉ် အသက်ရှင်အောင် ဘယ်ဆရာဝန်မှ မလုပ်ပေးနိုင်ဘူး။ မသေအောင် တားဆီးပေးနိုင်တဲ့ ဆေးလည်း မရှိပါဘူး။ ထာဝစဉ် အသက်ရှင်နိုင်တဲ့ နည်းတစ်နည်းတည်းကတော့ ဘုရားသခင်ဆီ ချဉ်းကပ်ခြင်းပဲ ဖြစ်တယ်။ ကြီးမြတ်တဲ့ဆရာက ဘုရားသခင်ဆီ ချဉ်းကပ်တဲ့နည်းကို ပြောပြထားတယ်။

ကဲ၊ ကျမ်းစာယူပြီး ယောဟန် အခန်းကြီး ၁၇၊ အခန်းငယ် ၃ ကို ဖွင့်ကြရအောင်။ အဲဒီမှာ ကြီးမြတ်တဲ့ဆရာ သင်ပေးတဲ့စကားကို တွေ့ရတယ်– “ထာဝရအသက် ရနိုင်ဖို့ဆိုရင် တစ်ဆူတည်းသော စစ်မှန်တဲ့ ဘုရားသခင်ကိုရော အဖစေလွှတ်လိုက်တဲ့ ယေရှုခရစ်ကိုပါ သိကျွမ်းကြရမယ်။”

အဲဒီတော့ ယေရှုက ထာဝစဉ် အသက်ရှင်ဖို့ ဘာလုပ်ရမယ်လို့ ပြောသလဲ။— ဦးဆုံးအနေနဲ့ ကောင်းကင်ဖခင် ယေဟောဝါနဲ့ တို့တစ်တွေအတွက် အသက်စွန့်ခဲ့တဲ့ ဘုရားရဲ့ သားတော်တို့ကို သိကျွမ်းအောင် လုပ်ရမယ်။ ဆိုလိုတာက ကျမ်းစာကို ဖတ်ရှုလေ့လာရမယ်။ ကြီးမြတ်သောဆရာထံမှ သင်ယူပါ ဆိုတဲ့ဒီစာအုပ်က ကျမ်းစာကို လေ့လာနိုင်အောင် ကူညီပေးတယ်။

ဒါပေမဲ့ ယေဟောဝါအကြောင်း သင်ယူတာက ထာဝစဉ် အသက်ရှင်နိုင်အောင် ဘယ်လို ကူညီပေးသလဲ။— တို့တစ်တွေ နေ့တိုင်း အစာစားဖို့ လိုသလို ယေဟောဝါအကြောင်းကို နေ့တိုင်း ဆည်းပူးသင်ယူဖို့ လိုတယ်။ ‘လူဟာ အစားအစာနဲ့ပဲ အသက်ရှင်ရမှာ မဟုတ်ဘူး၊ ယေဟောဝါရဲ့ နှုတ်ထွက်စကားမှန်သမျှနဲ့ အသက်ရှင်ရမယ်’ လို့ ကျမ်းစာက ဆိုထားတယ်။—မဿဲ ၄:၄။

တို့တစ်တွေ ယေရှုခရစ်ကိုလည်း သိကျွမ်းဖို့ လိုတယ်။ လူတွေရဲ့ အပြစ်ကို ဖယ်ရှားဖို့အတွက် ဘုရားသခင်က သားတော်ကို စေလွှတ်လိုက်လို့ပေါ့။ ‘သူကလွဲလို့ ဘယ်သူမှ ကျွန်တော်တို့ကို မကယ်တင်နိုင်ဘူး’ လို့ ကျမ်းစာမှာ ဆိုထားတယ်။ ပြီးတော့ “ဘုရားရဲ့သားကို ယုံကြည်သက်ဝင်သူဟာ ထာဝရအသက် ရလိမ့်မယ်” လို့လည်း ဆိုထားတယ်။ (တမန်တော် ၄:၁၂။ ယောဟန် ၃:၃၆) ယေရှုကို ‘ယုံကြည်သက်ဝင်’ တယ်ဆိုတာ ဘာကို ဆိုလိုသလဲ။— ယေရှု မပါရင် တို့တစ်တွေ ထာဝရအသက် မရနိုင်ဘူးဆိုတဲ့ အသိစိတ်နဲ့ ယေရှုကို တကယ်ယုံကြည်တာကို ဆိုလိုတယ်။ ကလေးတို့မှာ အဲဒီလိုယုံကြည်ခြင်းမျိုး ရှိသလား။— ရှိတယ်ဆိုရင် ကြီးမြတ်တဲ့ဆရာဆီက နေ့စဉ်နေ့တိုင်း အဆက်မပြတ် သင်ယူပြီး မှာထားတဲ့အတိုင်း လုပ်ဆောင်ရမယ်။

ကြီးမြတ်တဲ့ဆရာဆီက သင်ယူနိုင်တဲ့ နည်းကောင်းတစ်နည်းကတော့ ဒီစာအုပ်ကို အခေါက်ခေါက် အခါခါ ဖတ်ဖို့ ဖြစ်တယ်။ ဖတ်တဲ့အခါမှာ ပုံအားလုံးကို သေသေချာချာ ကြည့်ပြီး စဉ်းစားရမယ်။ ရုပ်ပုံနဲ့တွဲနေတဲ့ မေးခွန်းတွေကို ဖြေနိုင်မဖြေနိုင် စမ်းကြည့်ပါ။ ပြီးတော့ ကလေးတို့ ဖေဖေ ဒါမှမဟုတ် မေမေနဲ့ အတူဖတ်ပါ။ တကယ်လို့ မိဘတွေမရှိရင် တခြားလူကြီးနဲ့ဖြစ်ဖြစ် တခြားကလေးနဲ့ဖြစ်ဖြစ် အတူတူဖတ်ပါ။ တခြားလူတွေကို ကြီးမြတ်တဲ့ဆရာဆီက သင်ယူဆည်းပူးပြီး ဘုရားသခင်ရဲ့ ကမ္ဘာသစ်မှာ ထာဝစဉ် အသက်ရှင်ဖို့ ဘာတွေ လုပ်ရမယ်ဆိုတာ သိအောင် ကူညီပေးနိုင်မယ်ဆိုရင် သိပ်ကောင်းမှာပဲနော်၊ ဟုတ်တယ် မဟုတ်လား။—

ကျမ်းစာက ‘ဒီလောက ရွေ့သွားကွယ်ပျောက်နေတယ်’ လို့ ဆိုထားတယ်။ အဲဒီနောက် ဘုရားသခင်ရဲ့ ကမ္ဘာသစ်ထဲမှာ ဘယ်လို အသက်ရှင်နိုင်တယ်ဆိုတာ ဆက်ရှင်းပြထားတယ်။ “ဘုရားသခင်ရဲ့ အလိုတော်ကို ဆောင်တဲ့သူကတော့ အမြဲတည်တယ်” ဆိုပြီး ပြောထားတယ်။ (၁ ယောဟန် ၂:၁၇) ဒီလိုဆိုရင် ဘုရားသခင်ရဲ့ ကမ္ဘာသစ်မှာ ဘယ်လို ထာဝစဉ် အသက်ရှင်နိုင်မလဲ။— ဟုတ်ပါတယ်၊ ယေဟောဝါဘုရားနဲ့ ချစ်သားတော် ယေရှုတို့ကို သိကျွမ်းခြင်းအားဖြင့် ဖြစ်တယ်။ ဒါပေမဲ့ သင်ယူသိရှိတဲ့အရာကို လက်တွေ့ကျင့်သုံးဖို့လည်း လိုတယ်။ ဒါတွေအားလုံး လုပ်နိုင်ဖို့ လေ့လာနေတဲ့ ဒီစာအုပ်က ကလေးတို့ကို ကူညီပေးနိုင်ပါစေ။

လူကြီးနဲ့ လူငယ်တွေ ပရဒိသုမှာ တိရစ္ဆာန်တွေနဲ့ သင့်သင့်မြတ်မြတ် ရှိနေကြစဉ်

ဟေရှာယ ၁၁:၆-၉ နဲ့ ဟေရှာယ ၆၅:၂၅ တို့ကို ဖတ်တဲ့အခါမှာ တိရစ္ဆာန်တွေ အေးအေးချမ်းချမ်း အတူတူနေကြတာကို တွေ့ရမယ်။ ဒီပုံကို ကြည့်လိုက်ပါ။ သိုးကလေး၊ ဆိတ်ကလေး၊ ကျားသစ်၊ နွားကလေး၊ ခြင်္သေ့ကြီးနဲ့ လူကလေး အတူတူ နေနေကြတာကို ကြည့်ပါဦး။ ဒီပုံထဲမှာ ကျမ်းစာ ပြောထားတဲ့ တခြားတိရစ္ဆာန်တွေရဲ့ နာမည်တွေကို ပြောနိုင်သလား။—မြွေဟောက်နဲ့ ကစားနေတဲ့ ယောက်ျားလေးကိုလည်း ကြည့်လိုက်ပါဦး။ ကမ္ဘာသစ်မှာ နေထိုင်တဲ့သူတွေ ဘယ်သူမှ ကြောက်စရာ မလိုတော့ဘူး။ (ဟောရှေ ၂:၁၈) ကလေးတို့ကော ဘယ်လိုထင်သလဲ၊ ဒီလိုကမ္ဘာမျိုးမှာ မနေချင်ဘူးလား။—

လူအမျိုးမျိုး ကမ္ဘာသစ်မှာ ငြိမ်သက်မှုနဲ့ လုံခြုံမှု ခံစားနေကြစဉ်

လူမျိုးအားလုံး ငြိမ်းငြိမ်းချမ်းချမ်း အတူနေထိုင်ကြတာကို ကြည့်လိုက်ပါဦး။ ယေရှုက သူ့နောက်လိုက်တွေဟာ အချင်းချင်း ချစ်ကြမယ်လို့ ပြောခဲ့တဲ့အတိုင်း သူတို့အားလုံးဟာ အချင်းချင်း ချစ်ကြတယ်။ (ယောဟန် ၁၃:၃၄၊ ၃၅) စစ်လက်နက်တွေကို ဒီကမ္ဘာမြေကြီး ထွန်ယက်စိုက်ပျိုးဖို့ ကိရိယာတွေဖြစ်အောင် ပြောင်းလဲပြုပြင်လိုက်တယ်။ ကျမ်းစာက ဘုရားသခင့် ကမ္ဘာသစ်မှာ လူတွေ မွေ့လျော်ခံစားမယ့် အံ့သြစရာကောင်းတဲ့ ငြိမ်းချမ်းရေးနဲ့ လုံခြုံမှုအကြောင်း ပြောထား တယ်။ ဒီအကြောင်းကို ဆာလံ ၇၂:၇။ ဟေရှာယ ၂:၄။ ၃၂:၁၆-၁၈၊ ယေဇကျေလ ၃၄:၂၅ တို့လိုကျမ်းချက် တွေမှာ ဖတ်ကြည့်နိုင်တယ်။

ပရဒိသုမှာ လူတွေ အိမ်ဆောက်နေကြ၊ ကမ္ဘာမြေကို ကြည့်ရှုစောင့်ရှောက်နေကြ၊ ထွက်ကုန်တွေနဲ့ ပျော်မွေ့နေကြစဉ်

ဒီပုံမှာပါတဲ့ လူတွေကို ကြည့်လိုက်ပါ။ သူတို့က ကမ္ဘာမြေကို သာယာလှပတဲ့ နေချင့်စဖွယ် နေရာဖြစ်အောင် ဂရုစိုက် ပြုစု စောင့်ရှောက်ကြတယ်။ သူတို့ဆောက်နေတဲ့ အိမ်လှလှလေးနဲ့ ဒီပုံမှာပါတဲ့ အရသာရှိလှတဲ့ အသီးအနှံတွေနဲ့ ဟင်းသီးဟင်းရွက်တွေကို ကြည့်လိုက်ပါဦး။ ကမ္ဘာမြေဟာ ဧဒင်ဥယျာဉ်လို ပရဒိသုဘုံ ဖြစ်လာပြီ။ ဒီလို သာယာကြည်နူးစရာကောင်းတဲ့ အလားအလာအကြောင်းကို ဆာလံ ၆၇:၆။ ၇၂:၁၆။ ဟေရှာယ ၂၅:၆။ ၆၅:၂၁-၂၄။ ယေဇကျေလ ၃၆:၃၅ တို့မှာ ဖတ်ကြည့်နိုင်တယ်။

ပရဒိသုမှာ လူတွေ ကျန်းမာ ပျော်ရွှင်နေကြစဉ်

ဒီပုံမှာ တွေ့ရတဲ့အတိုင်း လူတိုင်းလူတိုင်း ကျန်းမာပျော်ရွှင်နေကြတယ်။ လူတွေဟာ သမင်ဒရယ်လို ခုန်ပေါက်ပျော်မြူးနိုင်ကြတယ်။ ခြေကျိုးတဲ့လူ၊ မျက်စိကန်းတဲ့လူ၊ ဖျားနာတဲ့လူ တစ်ယောက်မှမရှိဘူး။ ပြီးတော့ သေရာကနေ ထမြောက်လာကြတဲ့ ဟိုလူတွေကိုလည်း ကြည့်လိုက်ပါဦး။ ဒီအကြောင်းတွေကို ကျမ်းစာက ဟေရှာယ ၂၅:၈။ ၃၃:၂၄။ ၃၅:၅၊ ၆။ တမန်တော် ၂၄:၁၅။ ဗျာဒိတ် ၂၁:၃၊ ၄ တို့မှာ ပြောပြထားတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ