သင့်ကို မည်သူဖန်ဆင်းသနည်း
၁ ကောင်းကင်နှင့်မြေကြီးကို ဘုရားသခင် ဖန်ဆင်းသည်။—ကမ္ဘာဦး ၁:၁
၂ ဘုရားသခင်၌ နာမည်ရှိသည်။ ကိုယ်တော့်နာမည်မှာ ယေဟောဝါဖြစ်သည်။ —ဆာလံ ၈၃:၁၈
ယေဟောဝါသည် ကောင်းကင်ဘုံ၌ ကျိန်းဝပ်သည်။ ကိုယ်တော်သည် နာမ်ဝိညာဉ်ဖြစ်သည်။ ကိုယ်တော့်ကို မမြင်နိုင်ပါ။—ဟေရှာယ ၆၆:၁; ယောဟန် ၁:၁၈; ၄:၂၄
၃ ကောင်းကင်တွင် ကောင်းကင်တမန်များစွာကို ယေဟောဝါ ဖန်ဆင်းသည်။ သူတို့လည်း နာမ်ဝိညာဉ်ဖြစ်ပြီး အားလုံး ကောင်းကြသည်။ ရှေးအခါကဆိုလျှင် တစ်ခါတစ်ခါ လူတို့မြင်နိုင်အောင် သူတို့ လူယောင်ဖန်ဆင်းကြသည်။ —ဟေဗြဲ ၁:၇
၄ ယေဟောဝါသည် လူကို မဖန်ဆင်းမီ ကြာမြင့်စွာကပင် တိရစ္ဆာန်တို့ကို ဖန်ဆင်းခဲ့သည်။—ကမ္ဘာဦး ၁:၂၅
၅ အာဒံအမည်ရှိသော လူယောက်ျားနှင့် ဧဝအမည်ရှိသောသူ့မိန်းမတို့ကိုလည်း ယေဟောဝါဖန်ဆင်းသည်။ —ကမ္ဘာဦး ၁:၂၇
သူတို့ကို သာယာလှပသောဥယျာဉ် (ဝါ) ပရဒိသုတွင် ဘုရားသခင် နေရာချထားပေးခဲ့သည်။ အာဒံအတွက် ဇနီးတစ်ဦးတည်းကို ကိုယ်တော်ဖန်ဆင်းပေးသည်။ အာဒံသည် သူ၏တစ်ဦးတည်းသောမိန်းမနှင့်သာ ပေါင်းသင်းသည်။—ကမ္ဘာဦး ၂:၈၊ ၂၁၊ ၂၂၊ ၂၄
၆ လူသည် ဝိညာဉ် စိုးလ် ဖြစ်သည်။—ကမ္ဘာဦး ၂:၇
၇ တိရစ္ဆာန်တို့လည်း ဝိညာဉ်စိုးလ်များ ဖြစ်ကြသည်။ —ကမ္ဘာဦး ၁:၂၄