လူအဘယ်ကြောင့် သေသနည်း
၈ သူသူငါငါအားလုံး မွေ့ပျော်နိုင်ဖို့ တစ်ကမ္ဘာလုံးကို ပရဒိသုအဖြစ် လူတို့အလှဆင်ရန် ယေဟောဝါ ဆန္ဒရှိသည်။—ကမ္ဘာဦး ၁:၂၈
အာဒံနှင့်ဧဝတို့သာ ယေဟောဝါကို နာခံခဲ့မည်ဆိုပါက လူသားတို့ ထာဝစဉ်အသက်ရှင်မည်ဖြစ်သည်။
ကောင်းမကောင်းသိကျွမ်းရာအပင်၏အသီးကို မစားရန် သူတို့ မိန့်မှာခံခဲ့ရသည်။—ကမ္ဘာဦး ၂:၁၅-၁၇
၉ ကောင်းကင်တမန်တစ်ပါးသည် ဆိုးသွမ်းလာပြီး မြွေတစ်ကောင်ကိုသုံးကာ ဧဝနှင့်အာဒံတို့ကို ဘုရားသခင့်စကား နားမထောင်အောင် လုပ်ခဲ့သည်။—ကမ္ဘာဦး ၃:၁-၆
၁၀ ဧဝကိုလှည့်ဖြားခဲ့သော ကောင်းကင်တမန်ကို “ရှေးမြွေဟောင်း တည်းဟူသော မာရ်နတ်စာတန်” ဟု ခေါ်စမှတ်ပြုသည်။—ဗျာဒိတ် ၁၂:၉
၁၁ စကားနားမထောင်သော စုံတွဲကို ပရဒိသုထဲမှ ယေဟောဝါ နှင်ထုတ်လိုက်သည်။ —ကမ္ဘာဦး ၃:၂၃၊ ၂၄
၁၂ အာဒံနှင့်ဧဝတို့ ကလေးများ ရလာကြသည်။ သို့သော် တစ်မိသားစုလုံး မပျော်ကြပါ။ —ကမ္ဘာဦး ၃:၁၇၊ ၁၈
၁၃ ယေဟောဝါကြေညာခဲ့သည်အတိုင်း သူတို့ အိုလာပြီး သေကြရတော့သည်။ —ကမ္ဘာဦး ၃:၁၉; ရောမ ၅:၁၂
၁၄ထို့ကြောင့် တိရစ္ဆာန်နှင့် မခြား သေကြရသည်။
ကမ္ဘာပေါ်ရှိ ဝိညာဉ်စိုးလ်အားလုံးသေကြသည်။—ဒေသနာ ၃:၁၈-၂၀; ယေဇကျေလ ၁၈:၄