ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • le စာ. ၂၂-၃၁
  • သင်ဘာလုပ်သင့်သနည်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင်ဘာလုပ်သင့်သနည်း
  • ကမ္ဘာသားဘဝ ထာဝရစံစားကြ!
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘုရားမေတ္တာတော် ထာဝစဉ် တည်မြဲတယ်
    ဘုရားမေတ္တာတော် ခံစားနေနိုင်ပုံ
  • ‘သင့်ဘုရားသခင် ယေဟောဝါကို ချစ်ပါ’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
  • လူဆိုးတို့ကို နောက်တစ်ခါ ဘုရားသခင် ဖျက်ဆီးဦးမည်လော
    ကမ္ဘာသားဘဝ ထာဝရစံစားကြ!
  • ယေဟောဝါနဲ့ အမြဲရင်းနှီးအောင် ကြိုးစားပါ
    သမ္မာကျမ်းစာ သွန်သင်ရာများ
နောက်ထပ် ကြည့်ပါ
ကမ္ဘာသားဘဝ ထာဝရစံစားကြ!
le စာ. ၂၂-၃၁

သင်ဘာလုပ်သင့်သနည်း

၅၀ ထိုလှပသောပရဒိသုတွင် သင်ထာဝစဉ်အသက်ရှင်လိုသလော။

ရှင်လိုပါက ဘုရားစကားများကို ပို၍ သင်ယူပါ။ ကျမ်းစာဖတ်တတ်ရန် ကြိုးစားပါ။ —ယောဟန် ၁၇:၃; ဗျာဒိတ် ၁:၃

၅၁ ယေရှုအကြောင်းကို ပို၍သင်ယူပါ။ —တရားဟောရာ ၁၈:၁၈၊ ၁၉; ယောဟန် ၃:၁၆; တမန်တော် ၃:၁၉-၂၃

၅၂ ကောင်းသောအမှုများကိုသာလုပ်ဖို့၊ ယေဟောဝါကိုနာခံဖို့ ကြိုးစားပါ။—ရောမ ၆:၁၇၊ ၁၈၊ ၂၂

၅၃ လူမသတ်ရဟူ၍ ယေဟောဝါပြောခဲ့သည်ကို မမေ့ပါနှင့်။—ထွက်မြောက်ရာ ၂၀:၁၃; ၁ ယောဟန် ၃:၁၁၊ ၁၂

၅၄ အခြားသူတို့ပိုင်သောဥစ္စာများကို မယူရ။ —ထွက်မြောက်ရာ ၂၀:၁၅; ဧဖက် ၄:၂၈

၅၅ ယောက်ျားသည် မိမိမိန်းမ မဟုတ်လျှင် အဘယ်မိန်းမနှင့်မှ အတူမနေရ၊ အတူမအိပ်ရ။ —ထွက်မြောက်ရာ ၂၀:၁၄ ၁၇; ၁ သက်သာလောနိတ် ၄:၃

၅၆ ဇနီးမည်မျှယူရန် ယောက်ျားတစ်ဦးကို ဘုရားသခင်ခွင့်ပြုသနည်း။ ယောက်ျားနှင့် မိန်းမ အဘယ်မျှကြာ ပေါင်းရမည်နည်းဟူသောအကြောင်းများကို သင်မှတ်မိသလော။ —ကမ္ဘာဦး ၂:၂၂၊ ၂၄; မဿဲ ၁၉:၅၊ ၆; ၁ ကောရိန္သု ၇:၂၊ ၁၀၊ ၁၁

၅၇ ယေဟောဝါတစ်ပါးတည်းကို ကိုးကွယ်ရမည်ဆိုသည်ကိုလည်း သတိရပါ။—မဿဲ ၄:၁၀; ၁ ကောရိန္သု ၈:၆

၅၈ ရုပ်တုကိုးကွယ်ခြင်းကို သမ္မာကျမ်းစာ မည်သို့ဆိုသနည်း။ အဘယ်ကြောင့်နည်း။ —၁ ကောရိန္သု ၈:၄; တရားဟောရာ ၂၇:၁၅; ၁ ယောဟန် ၅:၂၁

၅၉ လက်ဖွဲ့ဆောင်ဖို့ ပြုစားဖို့ အဘယ်ကြောင့် မကောင်းသနည်း။—တရားဟောရာ ၁၈:၁၀-၁၃; ဗျာဒိတ် ၂၁:၈

၆၀ ကောင်းကင်တမန်ဆိုးများ သို့မဟုတ် နတ်ဆိုးများသည် ယေဟောဝါကို ပုန်ကန်ကြသည်။ ဗေဒင်ဆရာများကို သူတို့သုံးကာ လူတို့ကို လှည့်စားကြသည်။ —တမန်တော် ၁၆:၁၆

၆၁ ဘုရားသခင်ထံ ဆုတောင်းရမည်။ ဆုတောင်းခြင်းဆိုသည်မှာ ဘုရားသခင်နှင့် စကားပြောခြင်း၊ ကိုယ်တော်ကို ဝတ်ပြုလိုကြောင်း ပြောဆိုခြင်း၊ ကိုယ်တော်ထံမှ ကူညီမစမှုတောင်းခံခြင်းဖြစ်သည်။ —ဖိလိပ္ပိ ၄:၆၊ ၇

၆၂ ယေရှုကို နာခံပြီး ယုံကြည်ရမည်။—ဟေဗြဲ ၅:၉; ယောဟန် ၃:၁၆

၆၃ ကျွန်ုပ်တို့ကို ကယ်တင်ရန် အသေခံခဲ့ကြောင်း သတိရပါ။ —ရောမ ၅:၈

၆၄ ယေရှုသည် ကျွန်ုပ်တို့၏ အရူပမင်းဖြစ်ကြောင်း သတိရပါ။ ကျွန်ုပ်တို့ သူ့ကို နာခံရမည်။ —ဖိလိပ္ပိ ၂:၉-၁၁; ဗျာဒိတ် ၁၉:၁၆

၆၅ မိမိတို့သိရှိလာသည့် ကောင်းသောအရာများအကြောင်းကို အခြားသူတို့အား ပြောပြရမည်။ ဘုရားသခင်ကို ဝတ်ပြုလိုသူတို့သည် နှစ်ခြင်းခံရမည်ဟု ယေရှုပြောခဲ့သည်။ —မဿဲ ၂၈:၁၉၊ ၂၀; ယောဟန် ၄:၇-၁၅

၆၆ ထို့ကြောင့် ဤကောင်းသောအရာများအကြောင်းကို မိတ်ဆွေတို့အား ပြောပြပါ။ —မဿဲ ၁၀:၃၂

၆၇ ကောင်းစွာဖတ်တတ်အောင် သင်ယူလျှင် သင်ပိုလေ့လာဆည်းပူးနိုင်မည်သာမက အခြားသူများကိုလည်း ပို၍ထိထိရောက်ရောက် အကူအညီပေးနိုင်မည်။—၂ တိမောသေ ၂:၁၅

၆၈ ကလေးများကိုလည်း ဘုရားသခင်စကားနားထောင်ရန် ယေရှုသင်ပေးသည်။ သူတို့နှင့် စကားမပြောအားဟု မရှိခဲ့။ —မဿဲ ၁၉:၁၃-၁၅

၆၉ သားသမီးများ ဘုရားသခင့်စကားနားထောင်ရန်၊ ဘုရားသခင်ကို ချစ်မြတ်နိုးရန် မိဘတို့ အမြဲသင်ပေးရမည်။ —တရားဟောရာ ၆:၆၊ ၇; သု. ၆:၂၀-၂၂; ဧဖက် ၆:၄

၇၀ ချာ့ချ်ဘုရားကျောင်း အမျိုးမျိုးရှိသည်။ ယင်းတို့၏ အယူဝါဒများစွာတို့သည် ကျမ်းစာထဲမှမဟုတ်ပါ။ အမှန်တရားကို မသင်ပြသော ဘာသာများမှ ကျွန်ုပ်တို့ကို ယေဟောဝါ ထွက်ခိုင်းသည်။ —ဗျာဒိတ် ၁၈:၄; ယောဟန် ၄:၂၃၊ ၂၄

၇၁ ကမ္ဘာပေါ်တွင် မိမိအကြောင်း သင့်အား ပို၍သင်ပြပေးနိုင်သော လူမျိုးတော် ယေဟောဝါ၌ရှိသည်။ သူတို့ မည်သူများဖြစ်သည်ကို သင်သိသလော။ —တမန်တော် ၁၅:၁၄; ရောမ ၁၀:၁၄၊ ၁၅

၇၂ သူတို့ ယေဟောဝါသက်သေများဖြစ်သည်။ သင့်တင့်ကြသည်။ အဘယ်ကြောင့်နည်း။ တစ်ဦးကိုတစ်ဦး ချစ်ကြ၍ဖြစ်သည်။ —ဟေရှာယ ၄၃:၁၀-၁၂; ယောဟန် ၁၃:၃၄၊ ၃၅

၇၃ ယေဟောဝါကိုလည်း ချစ်ကြသောကြောင့် သူတို့နှစ်ခြင်းခံကြသည်။ ဘဝဆိုးများကို စွန့်လွှတ်လိုက်ပြီဖြစ်ကြောင်း ကျန်အသက်တာ တစ်ခုလုံးဖြင့် လူသိရှင်ကြားပြသကြသည်။ —တမန်တော် ၂:၄၁

၇၄ ယေဟောဝါသက်သေတို့သည် သာယာလှပသော ပရဒိသုအသစ်တွင် အသက်ရှင်ရန်မျှော်လင့်ကြသည်။—ဆာလံ ၃၇:၉-၁၁၊ ၂၉

သူတို့နှင့်အတူ ထိုတွင်နေရအောင် သင်ဘာလုပ်နိုင်သနည်း။ —ယာကုပ် ၁:၂၂၊ ၂၅; ၂:၂၀-၂၆

၇၅ ယေဟောဝါကိုဝတ်ပြုရာ၌ သူတို့နှင့်အတူ ပါဝင်ပါ။ ယေဟောဝါနှင့် ယေရှုခရစ်ကို သူတို့ချစ်၍ နာခံကြသည်။ သင်ကော ချစ်သလော။ အခြားသူများ ဘုရားသခင့်အကြောင်း သိလာအောင် သင်ကူညီပေးလိုသလော။ —ယောဟန် ၆:၄၅-၄၇

၇၆ ယေဟောဝါနှင့် ခရစ်တော်ယေရှုတို့သည် သင့်ကိုချစ်ပြီး ပရဒိသုတွင် သင့်ကို ထာဝစဉ်အသက်ရှင်စေလိုကြသည်။ —ယောဟန် ၃:၁၆

ဤစာစောင်ငယ်တွင်ပါသောပုံများ၊ အကြောင်းအရာများကို သင်ဆင်ခြင်သုံးသပ်ခဲ့ပြီဖြစ်ရာ ကမ္ဘာပေါ်တွင် အသက်ကို ထာဝစဉ်မွေ့လျော်လိုသောဆန္ဒ သင်၌ ဧကန်ပေါ်ပေါက်ပေမည်။ ဤအကြောင်း ပိုသိရှိလိုပါက ဒေသခံ ယေဟောဝါသက်သေတစ်ဦးဦးနှင့် တွေ့ဆုံမေးမြန်းပါ။ သို့မဟုတ် ဤစာစောင်ငယ်၏ စာမျက်နှာနှစ်တွင် တွေ့နိုင်သည့် လိပ်စာများထဲမှ သင်နှင့်အနီးဆုံးဌာနတစ်ခုခုသို့ သင်ကိုယ်တိုင်ဖြစ်စေ၊ တစ်ယောက်ယောက်အား ရေးစေ၍ဖြစ်စေ စာရေးဆက်သွယ်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ