သီချင်း ၁၃
ခရစ်ယာန်ဆက်ကပ်အပ်နှံခြင်း
၁။ အရှင်ယေဟောဝါဖန်ဆင်းထား၊ စကြဝဠာခန့်ညား
မြေကြီးနှင့် ကောင်းကင် သူပိုင်ရာ၊ ကိုယ်တော်တိုင်၏လက်ရာ
အသက်ဇီဝ သူပေး၍ရ၊ လက်ရာတော်အားဖော်ပြ
ချီးမွမ်းသမျှသူသာခံထိုက်လှ၊ ဝတ်မှန်သမျှ သူပိုင်သ
၂။ ရှေးလူမျိုးတော် ဣသရေလ၊ သိနာ၌ပြောဆိုကြ
ပညတ်ယေဟောဝါပေးလို့သာ၊ ဝမ်းမြောက်စွာတို့လိုက်နာ
လင်သားတမျှ သူပိုင်ဆိုင်ထား၊ ပင်လယ်တွင်းမှဝယ်ထား
ဆက်ကပ်အပ်နှံထားလူမျိုးစုပင်၊ သက်သေ ထင်ရှားပြအစဉ်
၃။ ယေရှု ရေထဲတွင်နှစ်ခြင်းခံ၊ တရားမှန်ပြည့်စုံရန်
နှိမ့်ချစွာ ထိုနေရာတွင်ရှိ၊ ကိုယ်တိုင်လိုတော်စောင့်သိ
ယော်ဒန်မှကြွတက်လာသူကား၊ ဘုရားဘိသိက်ခံသား
မှုတော်ထမ်းကျိုးနွံ တည်ကြည်သစ္စာ၊ ဘုရား၏ မွန်မြတ်သူသာ
၄။ တို့လာ ရှေ့တော်မှောက် ယေဟောဝါ၊ နာမမြတ် ချီးမွမ်းမှာ
နှိမ့်ချစိတ်နှင့် ကိုယ်ကိုပယ်လျက်၊ ဆက်ကပ်အပ်နှံ အသက်
တစ်ပါးတည်းသောသား ပေးသနား၊ ရွေးဖိုးမြင့်လှပေးထား
ကိုယ်ဖို့သာအသက်မရှင်တော့ပါ၊ ကိုယ်တော်တွက်သေမှာ၊ ရှင်မှာ