သီချင်း ၅၂
ခရစ်ယာန် ဆက်ကပ်အပ်နှံခြင်း
ပုံနှိပ်စာပေ
၁။ အရှင်ယေဟောဝါ ဖန်ဆင်းထား
လွန်ခမ်းနား စကြဝဠာ၊
မြေကြီးနဲ့ ကောင်းကင် စိုးပိုင်ရာ၊
ဘုရားလက်ရာတော်များ။
သက်ဇီဝပေးခြင်းက ဖော်ပြ
ဖန်ဆင်းခံ သက်ရှိများ
ကိုယ်တော်ရှင်အားသာ ချီးမွမ်းသင့်ပါ၊
ကိုယ်တော်ကို ဝတ်ပြုရမှာ။
၂။ ဖြောင့်မတ်တရား ပြည့်စုံစေဖို့
ယေရှု နှစ်ခြင်းခံရ။
ဆုတောင်းကြားလျှောက် ‘ကိုယ်တော့် အလိုတော်
ဆောင်ဖို့ ကျွန်တော် လာပြီ။’
ဂျော်ဒန်မြစ်မှ တက်လာချိန်မှာ
ဘုရား ဘိသိက်ခံသား၊
နာခံသစ္စာရှိဖို့ ဆုတောင်းခဲ့၊
‘ဖဘုရား အလိုတော် ဖြည့်မယ်။’
၃။ ရှေ့တော် ရောက်ကြပြီ၊ ယေဟောဝါ
နာမတော် ချီးမြှောက်ဖို့။
ရိုကျိုးစိတ်နဲ့ ပယ်ငြင်း ကိုယ်ကို
နှံအပ်ပါတယ် ဘဝ။
ကြီးစွာ ရွေးဖိုး ပေးသူ ချစ်သား၊
ငါတို့အား ပေးသနား။
ဘဝ ကိုယ့်ကျိုးတွက် မဟုတ်တော့ပါ၊
ကိုယ်တော်ရှင်တွက် ပေးအပ်မှာ။