သီချင်း ၂၇
သူတို့ကိုမကြောက်ကြနှင့်!
၁။ ရှေ့သို့သာတိုး အိုငါ့လူတို့၊
နိုင်ငံ သတင်းကောင်းဖြည့်ဖို့
မကြောက်နှင့် ရန်သူရှေ့ မှာ၊
သစ္စာချစ်သူများသိရာ
ခရစ်တော်ယေရှု စိုးစံတော်မူ၊
ကောင်းကင်မှ နှင်ချရန်သူ
ချည်နှောင်လုပြီ စာတန်မြွေအား၊
ထောင်ချခံများ လွတ်ကင်းသွား
(ထပ်ဆိုရန်)
၂။ သင့်ရန်သူအားကြီး မြောက်မြားငြား၊
ကြိမ်းမောင်းတိုင်းထွာကြသော်လည်း
ပြုံးချိုသာစကားဆိုငြား၊
သတိမဲ့သူကိုလှည့်စား
သစ္စာရှိသောငါ၏တပ်သား၊
အားမငယ်ဘဲတိုက်ချီသွား
ငါစောင့်ထိန်းမည်သစ္စာစောင့်များ၊
ဖိနှိပ်မှုများကိုဖယ်ရှား
(ထပ်ဆိုရန်)
၃။ သင့်ကိုစွန့်မည်ဟုမထင်ရာ၊
ခွန်အားနှင့် သင့်အားကွယ်ကာ
စစ်မြေတွင်ကျဆုံးသော်လည်း
သေခြင်းကိုပင်ငါနိုင်မြဲ
မကြောက်ပါနှင့် ခရစ်ယာန်တပ်သား၊
ကြွားဝါ ခြိမ်းခြောက်ကြသော်ငြား
သစ္စာစောင့်များအား စောင့်ထိန်းမှာ၊
ငါ့မျက်လုံးမှာမြတ်နိုးရာ
(ထပ်ဆိုရန်)
ကိုယ်ခန္ဓာသတ်သူ မကြောက်နှင့်၊
ဝိညာဉ်သူမဖျက်ဆီးပိုင်
အဆုံးတိုင် သစ္စာစောင့်သဖြင့်
ငါဆောင်နှင်းမည် သင့်ပန်းတိုင်