သီချင်း ၅၅
သူတို့ကို မကြောက်နဲ့
၁။ အစဉ် ရှေ့တိုး ငါ့လူမျိုးတို့၊
နိုင်ငံတော်သတင်း ကြွေးကြော်။
မကြောက်နဲ့ ရန်သူရှေ့မှာ။
တရားမှန် ချစ်သူတွေ သိစေ၊
စိုးစံသားတော် ခရစ်တော် ယေရှု၊
ကောင်းကင်မှ မောင်းချ ရန်သူ၊
စာတန်ကို ချုပ်ထားလုနီးပြီ၊
သူ့သားကောင်များ လွတ်တော့မယ်။
(ထပ်ကျော့ပိုဒ်)
ချစ်ရသောသူတို့၊ မကြောက်နဲ့၊
ကြွားဝါခြိမ်းခြောက်ကြသော်လည်း။
သစ္စာရှိသူအား စောင့်ရှောက်မှာ၊
ငါမြတ်နိုးရာ မျက်ရှုပမာ။
၂။ လွန်မြောက်မြားလှ သင့်ရန်သူများ၊
ခြိမ်းခြောက်ပုတ်ခတ်ကြသော်လည်း၊
မြှောက်ပင့် ပြုံးပြကြသော်လည်း
လှည့်ဖြားဖို့ အကြံနဲ့သာ။
သစ္စာရှိသူများ မကြောက်နဲ့၊
ညှဉ်းပန်းနှိပ်စက်ခံရလည်း၊
ငါစောင့်ရှောက်မှာ သစ္စာစောင့်များ၊
လုံးဝ အောင်ပွဲရသည့်တိုင်။
(ထပ်ကျော့ပိုဒ်)
ချစ်ရသောသူတို့၊ မကြောက်နဲ့၊
ကြွားဝါခြိမ်းခြောက်ကြသော်လည်း။
သစ္စာရှိသူအား စောင့်ရှောက်မှာ၊
ငါမြတ်နိုးရာ မျက်ရှုပမာ။
၃။ မစိုးရိမ်နဲ့၊ သင့်ကို မစွန့်၊
ခွန်အားနဲ့ ဒိုင်း ငါစဉ်ဖြစ်။
စစ်မြေတွင် ကျဆုံးသော်လည်း၊
သေမင်း ငါ့ထံ အညံ့ခံ။
မကြောက်ပါနဲ့ ခန္ဓာပဲ သတ်၊
အသက် မသတ်နိုင်သူကို။
အဆုံးတိုင်အောင် သစ္စာရှိပါ၊
သင့်ပန်းတိုင်သို့ ပို့ပေးမှာ။
(ထပ်ကျော့ပိုဒ်)
ချစ်ရသောသူတို့၊ မကြောက်နဲ့၊
ကြွားဝါခြိမ်းခြောက်ကြသော်လည်း။
သစ္စာရှိသူအား စောင့်ရှောက်မှာ၊
ငါမြတ်နိုးရာ မျက်ရှုပမာ။
(တရား. ၃၂:၁၀။ နေ. ၄:၁၄။ ဆာ. ၅၉:၁။ ၈၃:၂၊ ၃ တို့ကိုလည်း ကြည့်ပါ။)