သီချင်း ၅၀
ဘုရား၏မေတ္တာတော်ကိုတုံ့ ပြန်ခြင်း
၁။ သာသူမရှိ ဘုရားထက်ကြွင်းမဲ့ စိတ်နှင့် ချစ်နှစ်သက်
ယေဟောဝါအား ချီးမွမ်းပြုထိုက်လှ
နာမတော်ထင်ရှား၊ ကြွေးကြော်သူတို့အား နှုတ်ကပါဌ်တော်
ကိုယ်တော်နည်းလမ်း ကြောင်းရာများ သင်ကြား
သင်ယုယကြင်နာစိတ်ပြ ကျင့်ဆောင်မှုတွင် ပေါ်လွင်လှ
တန်ခိုးပညာရှိ စွမ်းအားထင်ရှား
စိတ်ချစရာ ထိုကျမ်းစာ စိတ်စင်ကြယ်သန့်ရှင်းမှသာ
ကိုယ်တော် သွန်းလောင်း ကောင်းချီးမင်္ဂလာ
၂။ ရှေးဦးစွာချစ်သူတို့အား မေတ္တာတော်ခရစ်မှ လှုပ်ရှား
ကိုယ်တော်အားတုံ့ပြန်ရာ တို့မေတ္တာ
သိဒ္ဓိတင်နာမ မေတ္တာထင်ရှားရာ ခရစ်တော်ကြွလာ
ထိုစဉ်ထာဝရ သက်ရစေမှာ
ဘယ်မျှကြီးမြတ်လှ မေတ္တာ၊ အများတွက်စွန့်လွှတ်သည်မှာ
အသက်ယဇ် မြတ်လှပူဇော် ဆက်သ
ဘယ်ခါကွယ်ပျောက်မသွားရာ၊ သူထိန်းကျောင်းရာ မြတ်နိုးပါ
ဩဝါဒအကြံ ဂရုပြုမှာ
၃။ သစ္စာနိုင်ငံမှုတော်မှ၊ လောကီဘယ်ခါလွဲမရ
တို့စဉ်ပြောကြားရာ သစ္စာတရား
နှစ်လိုမှုဆောင် လွတ်လပ်စွာ၊ လိုတော်မြဲ ပြည့်ဝစေရာ
အားလုံးတွက်ပေးခဲ့ မေတ္တာထိုက်ရာ
မှုတော်တူတကွဆောင်ကာ၊ တစ်ဦးပေါ် တစ်ဦးမေတ္တာ
သားတော် နောက်လိုက်များကို ဖော်ပြထား
သူ့နိုင်ငံတန်ခိုးဆောင်ကာ သင့်မြတ်လှစွာ သုံးချပါ
“ကောင်းလေစွ” ကတိတော် ကြားလိုလှ