သီချင်း ၅၂
တို့ဖခင်နာမတော်
(မဿဲ ၆:၉)
၁။ မြတ်ယေဟောဝါ ကောင်းကင်ဖခင်
နာမတော်အားသိဒ္ဓိတင်
သို့ပြည့်စုံသင့်ထွတ်မြတ်ကြံစည်
ဘယ်ခါမျှ မလွန်ဆန်သည်
မကြာတိုင်လာ အောင်မင်္ဂလာ
ကိုယ်တိုင် အောင်နိုင်မှုများသာ
သိက္ခာဂုဏ်တော်တိုးပွားမှုများ
ထိုလူအားလုံး ဂရုထား
(ထပ်ဆိုရန်)
၂။ ချီးမြှောက်ဖို့ရာနည်းများရှာကြံ
ပြိုင်ဘက်မရှိ မြတ်နာမ
ရဲရင့်လှစွာ တို့ပြောကြားလျက်
ကျော်ကြားရာ သူကြံရွယ်ချက်
ယုံကြည်နှင့် ရဲရင့် လေ့ကျင့်ထား
ကိုယ်တော်ရှင်အားတို့လေးစား
မြင့်မြတ်ဖခင်နာမတော်တွက်
ယုံကြည်စွာ မြဲဆက်ရှင်လျက်
(ထပ်ဆိုရန်)
၃။ အိုဘုရားရှင်မြတ် ယေဟောဝါ
အမြင့်ဆုံးတစ်ဆူတည်းသာ
ရေးကြီးဖွယ်ခြားမရှိရကား
ထောမနာပြု နာမအား
နာမတော်နှင့် အောင်လံလွင့်ကာ
တို့များ ထင်ရှားလိုသည်မှာ
ရည်ရွယ်ချက်ရှင်ဘုရား
ကိုယ်တော် စဉ် မင်္ဂလာရှိစေသော်
(ထပ်ဆိုရန်)
စိုးစံသခင်တို့ဖန်ဆင်းရှင်
အားလုံးကိုယ်တော်လက်ရာပင်
ကိုယ်တော်မူကားကြံရွယ်
ဘုရားပြည့်စုံစေပါ ကြံတော်များ
အိုယေဟောဝါ တန်ခိုးတော်ရှင်
သားဦးပေးသနားသူပင်
နိုင်ငံအားဖြင့် သစ္စာတော်တည်
လိုတော်မြေပေါ် ပြည့်စုံစေမည်