သီချင်း ၁၁၄
ဘုရားရှင်၏မြဲမြံသောမေတ္တာ
၁။ မေတ္တာစင်၊ ဘုရားပင်၊
ထက်ရပ်သစ္စာတရားရှင်
မေတ္တာကြောင့်သားတော်လွှတ်ခဲ့၊
ရွေးဖိုးကိုလည်းပေးစေခဲ့
ဖြောင့်မတ်ခြင်းတရားရရာ၊
ထာဝရပျော်ရွှင်သက်တာ
(ထပ်ဆိုရန်)
၂။ မေတ္တာမှ၊ ဘုရားက၊
လုပ်ငန်းများကောင်းမြတ်ခြင်းပြ
နောက်ထပ်မေတ္တာတော်နှင့်ပင်၊
ကောင်းကင်ခရစ်တော်နန်းပလ္လင်
ပြည့်စုံလာရာပဋိညာဉ်၊
ကိုယ်တော်.နိုင်ငံတော်ဖွားမြင်
(ထပ်ဆိုရန်)
၃။ မေတ္တာမှာ၊ ဘုရားသာ၊
ငြိမ်သက်လွှတ်ရာချိုးပမာ
‘သစ္စာကျွန်’ တို့အားထားပေး၊
ကြီးမြတ်တာဝန်ကို လွှဲပေး
ထိုယေဟောဝါနာမသာ၊
သူခံယူထင်ရှားစေလာ
(ထပ်ဆိုရန်)
၄။ မေတ္တာတော်ဘုရားပေါ်၊
ဘုရားမေတ္တာကလှုံ့ဆော်
နှိမ့်ချသူသစ္စာနှင့်မ၊
ဖြောင့်မတ်တရားရှာဖွေကြ
တစ်အိမ်တက်ဆင်းတို့ဟောကြား၊
ကမ္ဘာတစ်လွှားနှစ်သိမ့်ပွား
(ထပ်ဆိုရန်)
ဟေ့ရေငတ်သူများလာလေ၊
ဖိုးမဲ့သောက်ပါ သက်စမ်းရေ
သောက်သုံးပါ ရေငတ်သူသာ၊
ကရုဏာတော် သိမြင်လာ