သီချင်း ၁၂၇
မြောက်မြားလှညီအစ်ကိုများ
၁။ မြောက်မြားလှသော ညီအစ်ကိုများ၊
ရပ်လျက်နေငါ့အနား
သက်သေယောက်တိုင်း စောင့်သစ္စာ၊
သမာဓိထားသိမှာ
သူတို့မြောက်မြားလှတကား၊
လူအုပ်ကားလွန်ကြီးမား
လူမျိုးအပေါင်း ထမြေပေါ်မှာ၊
ချီးမွမ်းဝတ်ပြုကျယ်စွာ
၂။ မြောက်မြားလှသောညီအစ်ကိုများ၊
ဖြူဝတ်လုံဆင်ယင်ထား
ရပ်နေ ယေဟောဝါဗိမာန်၊
ဝတ်ပြုနေ့ညချိန်မှန်
သူတို့မြောက်မြားလှတကား၊
ဝမ်းမြောက်စွာနှင့်ပြောကြား
အရှင်ယေဟောဝါနှင့် သိုးငယ်၊
သူတို့အား ကယ်တင်တယ်
၃။ မြောက်မြားလှသော ညီအစ်ကိုများ၊
ရပ်ဝေးရပ်နီးဟောကြား
“ထာဝစဉ်သတင်းကောင်း” ကို၊
အားလုံးထံရောက်စေလို
သူတို့ဟောပြောနေစဉ်ခါ၊
ဖိနှိပ်ကြုံရရံခါ
စိမ်းလန်းရာသို့ခရစ်တော်ရှင်သည်၊
ခေါ်ကျွေးမွေး နားစေမည်