သီချင်း ၁၅၂
ကရုဏာတော်များတွက်ကျေးဇူးတင်
၁။ အိုကြွယ်ဝသိကျွမ်းခြင်းပညာ၊
ရှိဘုရားရှင်မြတ်၌သာ
တရားတော်နည်းလမ်းနက်နဲလှ၊
လူပင်ရှာ၍မတွေ့ကြ
ဘယ်သူဘုရားအားအကြံပေး၊
ဘယ်သူပင်မစကူဖေး
ကျွန်တော်များအား ကြွေးမြီတင်သော၊
ကျေးဇူး ဆပ်ဖို့ အကြောင်းလော
၂။ ရှင်ယေဟောဝါ ကရုဏာတော်၊
ကျေးဇူးတင်ကြောင်း ပြဖို့ဖော်
လုံးဝဆက်ကပ် စိတ်ကိုယ်ခန္ဓာ၊
ဖြောင့်မတ်သောဘုရားထံမှာ
ဆက်ကပ်အပ်နှံထားပြီးပြီမို့၊
သစ္စာရှိစွာဆောင်ရွက်စို့
အသုံးပြုစဉ်းစား ဉာဏ်ပညာ၊
စွမ်းကုန်အားထုတ်လုပ်နိုင်ပါ
၃။ မလိုက် လောကီထုံးတမ်း စည်းကမ်း၊
စိတ်ထားနှလုံးသစ် လန်းဆန်း
ပြောင်းလဲပေးရာတန်ခိုးသမ္မာ၊
ယုံကြည်ခြင်းခိုင်မြဲစေပါ
ဘုရားကောင်းချီး ဆုပတ္ထနာ၊
မှုတော်ဆောင်ရာ နှိမ့်ချစွာ
တစ်ယောက်ကိုတစ်ယောက်မေတ္တာပြ၊
စိတ်ရွှင်လန်း ငြိမ်သက်နေကြ