သီချင်း ၂
လူ့ထက်ဘုရားစကားနာခံ
၁။ ပြုသမျှဘုရား နှစ်လိုဖွယ်၊
လောကီနောက်ကွယ် ပစ်ပယ်
ယုံကြည်မဲ့သူ ထူးခြားထင်ငြား၊
တို့များ ဂရုမထား
လူထက် ဘုရားစကားနာခံ၊
ပြဋ္ဌာန်း စိတ်ထားမြဲမြံ
နေ့စဉ် သက်ရှင်လုပ်ငန်းဆောင်တာ၊
သူ့ဝန်းကျင် လှည့်ပတ်ကာ
၂။ အုပ်စိုးသူတို့အား ပေးဆက်ပါ၊
“ကဲသာ” ဥစ္စာဆက်ပါ
ထိုသောမူကျင့် တိုးဆင့်ဘုန်းတော်၊
သူ့ဖြောင့်မှန်ခြင်းကိုဖော်
တန်ကြေးပေး ဝယ်ခံထားသူမှာ၊
ကိုယ်တိုင်မပိုင်တော့ပါ
သခင်ညွှန်ရာ စိတ်ထဲပိုက်ကာ၊
ဘုရားမှုတော်ဆောင်မှာ
၃။ ယေဟောဝါကို ချီးမွမ်းလျှင်သာ၊
ပို့ဆောင် သာယာသက်တာ
တရားမဲ့လမ်းစဉ် တို့ရှောင်လွှဲ၊
လောကီရန်ပွဲမတွဲ
ထွတ်မြတ်ဘုရား တာဝန်ဆောင်ထမ်း၊
သီအိုကရေစီဝန်ထမ်း
ကြောက်ခြင်းမဲ့လျက်နေ သက်သေခံ၊
သူသာစိုးပိုင်ထိုက်တန်
၄။ ဓမ္မအမှုသာ ဦးစားထား၊
ပိတ်ပင်ကင်းမဲ့ ဟန့်တား
ဆာလောင် မွတ်သိပ်သူ မြောက်မြားစွာ၊
မှီဝဲလို ဒေသနာ
နှောင့်ယှက်လူများ ရန်ရှာလိုငြား၊
လိုက်သင့် လမ်းစဉ်သိထား
ဘုရားနာခံ တည်ကြည်မြဲမြံ၊
ဘယ်ခါမစွန့်ဧကန်