သီချင်း ၂၀၀
တပည့်ဖြစ်ကြောင်း သာဓက
၁။ မေတ္တာဖြင့်သာတင်ပြရာ၊
စစ်မှန်ခရစ်ယာန်အား သိသာ
ခရစ်ဖော်ပြ မေတ္တာပြည့်စုံ
တည်ကြည်မှုအားလုံး ခိုင်လုံ
မေတ္တာခြားရှာမတွေ့နိုင်၊
ပေါကြွယ်များပြားလှသည့်တိုင်
ကိုယ်တိုင်သက်ကိုပင်ပေးဝေ၊
ခြားသူသက် ဆက်ရှင်နိုင်လေ
၂။ အဓိကမှန်လှမေတ္တာ၊
နည်းငယ်မဟုတ်များတွက်သာ
စုံလင်ပြည့်ဝလျက်ကြွယ်ဝ၊
ခြားသူများရှာမြဲဆုချ
မေတ္တာယေရှုပညတ်သစ်၊
လက်ကမ်းကူညီမေတ္တာစစ်
ကိုယ်ကျိုးမရှာ ဘယ်ခါမျှ
ခြားသူသက်ရရေးကူမ
၃။ ကောင်းကျိုးသာရှုရာမေတ္တာ၊
ညီအစ်ကိုဘဝတည်ဆောက်ရာ
လေလွင့်အား ကြင်နာမေတ္တာ၊
ကောင်းကျိုးပြုရာကို ဖွေရှာ
ဤမေတ္တာ ကမ္ဘာသိလာ ဘယ်ကြောင့်၊
ကရုဏာတော်စီးလာ
ထက်ရပ်သားတော်မှ
စေရာအိုမှန်စွ “ဘုရားမေတ္တာ”