ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ထရ အခန်း ၈ စာ. ၇၆-၈၀
  • သေသောအခါ ဘာဖြစ်သွားသနည်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သေသောအခါ ဘာဖြစ်သွားသနည်း
  • သင်သည်ကမ္ဘာ့ပရဒိသု အတွင်းထာဝရစဉ်အသက်ရှင်နိုင်သည်
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • စိုးလ်သည် သေတတ်၏
  • လေးရက်သေခဲ့သူ လာဇရု
  • သေရင် ဘာဖြစ်သွားမလဲ
    ကြီးမြတ်သောဆရာထံမှ သင်ယူပါ
  • ချစ်ရသော သေလွန်သူများအတွက် မည်သည့်မျှော်လင့်ချက် ရှိသနည်း
    ချစ်ရသော သေလွန်သူများအတွက် မည်သည့်မျှော်လင့်ချက် ရှိသနည်း
  • တမလွန်ဘဝ—သမ္မာကျမ်းစာက ဘာပြောသနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
  • သေလွန်ပြီးသော ကျွန်ုပ်တို့ချစ်ရသူများ ဘာဖြစ်သွားကြသနည်း
    ထာဝရအသက်ရစေသော အသိပညာအသိပညာ
နောက်ထပ် ကြည့်ပါ
သင်သည်ကမ္ဘာ့ပရဒိသု အတွင်းထာဝရစဉ်အသက်ရှင်နိုင်သည်
ထရ အခန်း ၈ စာ. ၇၆-၈၀

အခန်း ၈

သေသောအခါ ဘာဖြစ်သွားသနည်း

၁။ သေသူများနှင့်ပတ်သက်၍ အဘယ်မေးခွန်းများကို လူတို့ မေးလေ့ရှိကြသနည်း။

မြတ်နိုးရသူတစ်ဦး ဆုံးပါးသွားသည့်အတွက် ရင်ဟာရသည့်အဖြစ်မျိုး အသင်ခံစားခဲ့ဖူးမည်။ အလွန်ဝမ်းနည်းစရာ၊ စိတ်အားငယ်စရာပါတကား! အောက်ပါအတိုင်း မေးကြသည်မှာ အဆန်းမဟုတ်– လူတစ်ယောက်သေသွားတဲ့အခါ သူဘာဖြစ်သွားသလဲ။ တစ်နေရာရာမှာ ဆက်ပြီးအသက်ရှင်နေသလား။ အခု အသက်ရှင်နေတဲ့လူတွေဟာ တစ်နေ့ကျရင် အခုသေသွားတဲ့လူတွေနဲ့အတူ ကမ္ဘာပေါ်မှာ ပျော်ပျော်နေရဦးမလား။

၂။ ပထမလူအာဒံ သေသောအခါ မည်သို့ဖြစ်သွားသနည်း။

၂ ၎င်းမေးခွန်းများကို ဖြေဆိုနိုင်ရန် အာဒံသေသောအခါ သူဘာဖြစ်သွားသည်ကိုသိလျှင် အထောက်အကူဖြစ်မည်။ သူအပြစ်ပြုသောအခါ ဘုရားသခင်က ‘သင်သည် မြေမှုန့်မှဖြစ်လာသောကြောင့် မြေမှုန့်သို့ ပြန်လိမ့်မည်။’ “အကြောင်းမူကား၊ သင်သည် မြေမှုန့်ဖြစ်၍ မြေမှုန့်သို့ ပြန်ရမည်” ဟုမိန့်တော်မူ၏။ (ကမ္ဘာဦး ၃:၁၉) အဘယ်အဓိပ္ပာယ်ရှိသည်ကို စဉ်းစားကြည့်ပါ။ အာဒံကို မြေမှုန့်မှ မဖန်ဆင်းမီ အာဒံဟူ၍ မရှိခဲ့။ သူ မတည်ရှိခဲ့။ ထို့ကြောင့် သူသေပြီးနောက် ယခင်အတိုင်း မတည်ရှိသောအဖြစ်သို့ ပြန်ရောက်သွားလေသည်။

၃။ (က) သေခြင်းကား အဘယ်နည်း။ (ခ) သေသူတို့၏ အခြေအနေနှင့်ပတ်သက်၍ ဒေသနာ ၉:၅၊ ၁၀ က မည်သို့ဆိုသနည်း။

၃ ရိုးရိုးပြောလျှင် သေခြင်းသည် ရှင်ခြင်း၏ ဆန့်ကျင်ဘက်ဖြစ်၏။ ကျမ်းစာက ဒေသနာ ၉:၅၊ ၁၀ တွင် ဤအချက်ကို ပြထားသည်– “အသက်ရှင်သောသူသည် မိမိသေရမည်ကို သိ၏။ သေသောသူမူကား အဘယ်အရာကိုမျှမသိ။ အကျိုးအပြစ်ကိုလည်း မခံရ။ သူ့ကိုလည်း မေ့လျော့တတ်ကြ၏။ ဆောင်ရွက်စရာအမှုရှိသမျှကို ကြိုးစားအားထုတ်၍ ဆောင်ရွက်လော့။ အကြောင်းမူကား သင်ယခုသွား၍ ရောက်ရလတ္တံ့သော အရပ်တည်းဟူသော မရဏာနိုင်ငံ၌ လုပ်ဆောင်ခြင်းမရှိ။ ကြံစည်ခြင်းမရှိ။ သိပ္ပံအတတ်မရှိ။ ပညာမရှိပါတကား။”

၄။ (က) လူတစ်ယောက်သေသောအခါ သူ့အကြံအစည် မည်သို့ဖြစ်သွားသနည်း။ (ခ) သေသောအခါ လူ့အာရုံအားလုံး အဘယ်ကြောင့် လုပ်ဆောင်ခြင်း ရပ်စဲသွားသနည်း။

၄ သို့ဖြစ်၍ သေလွန်သူတို့သည် အဘယ်အရာကိုမျှ မလုပ်ကိုင်နိုင်၊ ဘာကိုမျှ မခံစားနိုင်။ ဘာကိုမျှ ကြံစည်ခြင်းမရှိတော့။ ကျမ်းစာ ဤသို့ဆိုသကဲ့သို့ဖြစ်၏– “မင်းများမှစ၍ မကယ်တင်နိုင်သော လူသားကို မကိုးစားကြနှင့်။ သူသည် အသက် [စပစ်ရစ်၊ ကဘ] ထွက်၍ မြေသို့ပြန်သွားတတ်၏။ ထိုနေ့ခြင်းတွင် သူ၏အကြံအစည်တို့သည် ပျက်စီးကြ၏။” (ဆာလံ ၁၄၆:၃၊ ၄) အသက်ရှူရှိုက်ခြင်းဖြင့် တည်တံ့စေသော စပစ်ရစ်၊ သို့မဟုတ် အသက်စွမ်းအားသည် လူသေသောအခါ “ထွက်” သွားလေသည်။ ဆက်၍မတည်ရှိတော့။ ထို့ကြောင့် စဉ်းစားနိုင်စွမ်းပေါ်မူတည်သော အကြား၊ အမြင်၊ အထိအတွေ့၊ အနံ့နှင့် အရသာခံခြင်း အာရုံအားလုံးလည်း လုပ်ဆောင်ခြင်းမရှိတော့။ ကျမ်းစာအရ၊ သေသူသည် သတိတရားလုံးဝကင်းမဲ့သည့်အဖြစ်သို့ ရောက်ရှိသွားသည်။

၅။ (က) လူသေနှင့် တိရစ္ဆာန်သေတို့၏ အခြေအနေသည် တစ်မျိုးတည်းဖြစ်ကြောင်း ကျမ်းစာ မည်သို့ ပြဆိုသနည်း။ (ခ) လူနှင့်တိရစ္ဆာန်တို့ကို အသက်ရှင်စေသော “စပစ်ရစ်” ကားအဘယ်နည်း။

၅ သေသောအခါ လူနှင့် တိရစ္ဆာန် နှစ်ပါးစလုံး သတိမဲ့သည့်အဖြစ်သို့ ရောက်ရှိကြသည်။ ဤအချက်ကို ကျမ်းစာ မည်သို့ဖော်ပြသည်ကို သတိပြုပါ– “လူသားတွေ့ကြုံသောအမှုကို တိရစ္ဆာန် တွေ့ကြုံတတ်၏။ ထိုနှစ်ဦးတို့သည် တစ်ပါးတည်းသောအမှုကို တွေ့ကြုံလျက် တစ်ဦးသေသကဲ့သို့ တစ်ဦးသေတတ်၏။ အလုံးစုံတို့သည် အသက် [စပစ်ရစ်၊ ကဘ] တစ်မျိုးတည်းရှိကြ၏။ သို့ ဖြစ်၍ လူသည် တိရစ္ဆာန်ထက်ထူးမြတ်သောအကြောင်းမရှိ။ အလုံးစုံတို့သည် အနတ္တဖြစ်ကြ၏။ အလုံးစုံတို့သည်တစ်ခုတည်းသောအရပ်သို့ ရောက်တတ်ကြ၏။ အလုံးစုံတို့သည် မြေမှုန့်ထဲကဖြစ်သည်နှင့်အညီ မြေမှုန့်ထဲသို့ ပြန်သွားတတ်ကြ၏။” (ဒေသနာ ၃:၁၉၊ ၂၀) တိရစ္ဆာန်တို့ကို အသက်ရှင်စေသောစပစ်ရစ်သည် လူကို အသက်ရှင်စေသော စပစ်ရစ်ပင်ဖြစ်သည်။ ဤစပစ်ရစ် သို့မဟုတ် အသက်စွမ်းအား ထွက်သွားသောအခါ လူနှင့်တိရစ္ဆာန် နှစ်ပါးစလုံး မိမိတို့ မူလမြေမှုန့်ဘဝသို့ ပြန်လည်ရောက်ရှိသွားကြလေသည်။

စိုးလ်သည် သေတတ်၏

၆။ တိရစ္ဆာန်များသည် စိုးလ် ဖြစ်ကြကြောင်း ကျမ်းစာ မည်သို့တင်ပြသနည်း။

၆ အချို့ပုဂ္ဂိုလ်များက လူကို တိရစ္ဆာန်နှင့် ခြားနားစေသော အချက်မှာ လူ၌ စိုးလ်ရှိ၍ တိရစ္ဆာန်တို့၌ စိုးလ်မရှိဟူသော အချက်ပင်ဖြစ်သည်ဟု ဆိုကြသည်။ သို့ရာတွင် ကမ္ဘာဦး ၁:၂၀ နှင့် ၃၀ (ကဘ) တို့က ဘုရားသခင်သည် ရေထဲတွင် နေထိုင်စေရန် “အသက်ရှင်သောစိုးလ်” ကိုဖန်ဆင်းကြောင်း၊ တိရစ္ဆာန်တို့၌ “စိုးလ်အနေနှင့် အသက်” ရှိကြောင်း ဆိုထားသည်။ ၎င်းအခန်းငယ်များတွင် အချို့ကျမ်းစာများက “စိုးလ်” အစား “သတ္တဝါ” နှင့် “အသက်” ဟူသော စကားလုံးများကို သုံးထားပါသည်။ သို့သော် ၎င်းကျမ်းစာများ၏ အပိုဒ်ဘေး မှတ်ချက်က မူရင်းဘာသာတွင် “စိုးလ်” ဟုပါရှိကြောင်း ဝန်ခံသည်။ တိရစ္ဆာန်များကို စိုးလ်အဖြစ် ရည်ညွှန်းပြဆိုသော ကျမ်းချက်များအနက် တစ်ခုမှာ တောလည်ရာ ၃၁:၂၈ (ကဘ) ဖြစ်သည်။ ထိုတွင် “လူ၊ နွား၊ မြည်း၊ သိုးငါးရာတွင် စိုးလ်တစ်စိုးလ်” ဟူ၍ ဆိုထားသည်။

၇။ တိရစ္ဆာန် စိုးလ်ကော၊ လူ့စိုးလ်ပါ သေကြကြောင်း ကျမ်းစာက မည်သို့ သက်သေပြဆိုသနည်း။

၇ တိရစ္ဆာန်များသည် စိုးလ်များဖြစ်ရကား ၎င်းတို့ သေသောအခါ ၎င်းတို့၏ စိုးလ်များသေ၏။ ကျမ်းစာဆိုသည့်အတိုင်း “အသက်ရှင်သော စိုးလ်မှန်သမျှ ပင်လယ်ထဲရှိ အရာများ သေကြ၏။” (ဗျာဒိတ် ၁၆:၃၊ ကဘ) လူ့စိုးလ်ကော။ လွန်ခဲ့သည့်အခန်းတွင် ကျွန်ုပ်တို့ သိခဲ့သည့်အတိုင်း ဘုရားသခင်သည် စိုးလ်ကို ထည့်သွင်း၍ လူကိုဖန်ဆင်းတော်မူခဲ့သည်မဟုတ်။ လူသည် စိုးလ်ဖြစ် ၏။ ထို့ကြောင့် ကျွန်ုပ်တို့ ယခုထင်သည့်အတိုင်း လူသေသောအခါ သူ၏စိုးလ်သေ၏။ ထိုသို့မှန်ကန်ကြောင်း ကျမ်းစာက အဖန်တလဲလဲဆိုထားသည်။ စိုးလ်သည် သေခြင်းနှင့်ကင်းသည်၊ မသေနိုင်ဟု တစ်ကြိမ်မျှ ကျမ်းစာမဆို။ “မြေမှုန့်သို့ဆင်းသက်သောသူအားလုံး ဒူးထောက်ကြရလိမ့်မည်။ မည်သူမျှ မိမိစိုးလ်ကို အသက်ရှင်စေရန် မထိန်းသိမ်းနိုင်” ဟု ဆာလံ ၂၂:၂၉ (ကဘ) ကဆို၏။ “ပြစ်မှားသောစိုးလ်သည် အသက်သေရမည်” ဟု ယေဇကျေလ ၁၈:၄ နှင့် ၂၀ (ကဘ) က ရှင်းပြ၏။ ယောရှု ၁၀:၂၈-၃၉ (ကဘ) ကိုဖွင့်ဖတ်လျှင် စိုးလ်သည် သတ်ဖြတ်ဖျက်ဆီးခံရကြောင်း ခုနစ်နေရာ၌ ဖော်ပြထားသည်ကို တွေ့ရမည်။

၈။ လူ့စိုးလ်ဖြစ်သော ယေရှုခရစ် သေခဲ့ကြောင်း မည်သို့သိရှိသနည်း။

၈ ယေရှုခရစ်နှင့်ပတ်သက်သော ပရောဖက်ပြုချက်တစ်ခုတွင် ကျမ်းစာ ဤသို့ဆို၏– ထိုသို့ မိမိစိုးလ်ကို သေခြင်း၌သွန်း၍ . . . လူများတို့၏ အပြစ်ကို ဆောင်ရွက်” သည်။ (ဟေရှာယ ၅၃:၁၂၊ ကဘ) ရွေးနုတ်ဖိုးသွန်သင်ချက်က စိုးလ်တစ်ခု (အာဒံ) အပြစ်ပြုကြောင်း၊ လူသားများကို ရွေးနုတ်ရန်သာ တူညီမျှတသော စိုးလ်တစ်ခု (လူတစ်ယောက်) ကို ပူဇော်ရကြောင်း သက်သေပြ၏။ ခရစ်တော်သည် ‘မိမိအသက် [စိုးလ်၊ ကဘ] ကိုသေခြင်း၌သွန်း’ ခြင်းဖြင့် ရွေးနုတ်ဖိုးကို ပေးခဲ့သည်။ လူ့စိုးလ်ဖြစ်သော ယေရှုသည် သေခဲ့၏။

၉။ ‘စပစ်ရစ်သည် ပေးတော်မူသော ဘုရားသခင်ထံသို့ ပြန်’ သည်ဆိုသောစကား၏ အဓိပ္ပာယ်ကား မည်သို့နည်း။

၉ ကျွန်ုပ်တို့ တွေ့ခဲ့သည့်အတိုင်း “စပစ်ရစ်” သည် ကျွန်ုပ်တို့၏ စိုးလ်နှင့်မတူ။ ကျွန်ုပ်တို့၏ အသက်စွမ်းအားဖြစ်သည်။ ၎င်းအသက်စွမ်းအားသည် လူနှင့် တိရစ္ဆာန် ခန္ဓာဆဲလ်နှစ်မျိုးစလုံးတွင်ရှိသည်။ ၎င်းအသက်ရှူရှိုက်မှုကြောင့် ဆက်၍ရှင်သန် တည်တံ့နေသည်။ သို့ဖြစ်လျှင် “မြေမှုန့်သည် နေရင်းမြေသို့လည်းကောင်း၊ ဝိညာဉ် [စပစ်ရစ်၊ ကဘ] သည် အရင်ပေးတော်မူသော ဘုရားသခင့်ထံသို့လည်းကောင်း ပြန်သွား” ၏ဟု ကျမ်းစာဆိုသောအခါ ဘာကိုဆိုလိုသနည်း။ (ဒေသနာ ၁၂:၇) သေသောအခါ အသက်စွမ်းအားသည် ကြာလျှင် ခန္ဓာဆဲလ်အားလုံးမှထွက်သွား၍ ခန္ဓာသည် ပျက်စီးယိုယွင်းစပြုလာသည်။ သို့တစေ၊ ကျွန်ုပ်တို့၏ အသက်စွမ်းအားသည် စာသားအတိုင်း ကမ္ဘာကိုစွန့်ခွာကာ အာကာသကို ဖြတ်သန်းပြီး ဘုရားသခင်ထံသို့ သွားသည်ဟူ၍ကား မဆိုလို။ စပစ်ရစ်သည် ဘုရားသခင်ထံသို့ ပြန်သွားသည်ဆိုရာမှာ ကျွန်ုပ်တို့၏ အနာဂတ်အသက်ရှင်ခြင်းမျှော်လင့်ချက်သည် ဘုရားသခင်အပေါ် လုံးဝမူတည်နေပြီဖြစ်ကြောင်းကိုဆိုလိုသည်။ ကိုယ်တော်၏ တန်ခိုးအားဖြင့်သာ ကျွန်ုပ်တို့ စပစ်ရစ်၊ သို့မဟုတ် အသက်စွမ်းအား ပြန်ရပြီး တစ်ဖန်အသက်ရှင်နိုင်မည်ဖြစ်သည်။​—ဆာလံ ၁၀၄:၂၉၊ ၃၀။

လေးရက်သေခဲ့သူ လာဇရု

၁၀။ လာဇရု သေခဲ့သော်လည်း သူ့အခြေအနေနှင့်ပတ်သက်၍ ယေရှု မည်သို့ မိန့်ဆိုသနည်း။

၁၀ လေးရက်သေခဲ့သူ လာဇရုအဖြစ်က လူသေတို့အခြေအနေကို နားလည်စေရန် အထောက်အကူပြုသည်။ ယေရှုက တပည့်တော်များအား “ငါတို့အဆွေ လာဇရုသည် အိပ်ပျော်၏။ သူ့ကိုနှိုးခြင်းအလိုငှာ ငါသွားမည်” ဟု မိန့်တော်မူ၏။ သို့ရာတွင် တပည့်တော်တို့က “သခင်၊ သူသည် အိပ်ပျော်လျှင် သက်သာရလိမ့်မည်” ဟုလျှောက်ကြ၏။ သို့နှင့် ယေရှုက သူတို့အား “လာဇရုသေပြီ” ဟု ရှင်းလင်းစွာ မိန့်တော်မူ၏။ လာဇရုသေပြီဖြစ်လျက်နှင့် ယေရှုက အဘယ်ကြောင့် သူအိပ်ပျော်နေသည်ဟု မိန့်တော်မူခဲ့သနည်း။ ကြည့်ရအောင်။

၁၁။ သေသွားသော လာဇရုအား ယေရှု မည်သို့ ပြုတော်မူသနည်း။

၁၁ လာဇရုနေထိုင်ခဲ့သော ရွာအနီးသို့ ယေရှုရောက်သွားသောအခါ လာဇရုအစ်မ မာသ လာ၍ ကြိုဆို၏။ မကြာမီ အခြားလူများစွာနှင့်အတူ လာဇရုကို သင်္ဂြိုဟ်ထားသည့် သင်္ချိုင်းဂူဆီသို့ သွားကြလေသည်။ ၎င်းသည် ဂူတစ်ခုဖြစ်၍ ကျောက်တစ်လုံးဖြင့် ပိတ်ထားသည်။ ယေရှုက “ကျောက်ကို ရွှေ့ကြလော့” ဟုမိန့်ဆို၏။ လာဇရုသည် သေ၍ လေးရက်ရှိပြီဖြစ်ရာ မာသက ‘ယခုလောက်ဆိုလျှင် သူနံနေပြီ’ ဟု ကန့်ကွက်ပြောဆို၏။ သို့သော် ကျောက်ကိုဖယ်လိုက်ကြသည်။ ယေရှုက “လာဇရုထွက်၍ လာလော့!” ဟု ကြီးသောအသံနှင့် ဟစ်ခေါ်တော်မူသည့်အတိုင်း လာဇရုထွက်လာလေသည်! အသက်ရှင်လျက် သင်္ချိုင်းအဝတ်ရစ်ပတ်လျက်နှင့်ပင် ထွက်လာသည်။ ယေရှုက “သူ့ကိုဖြည်၍ လွှတ်ကြလော့” ဟု အမိန့်ပေးလေသည်။​—ယောဟန် ၁၁:၁၁-၄၄။

၁၂၊ ၁၃။ (က) လာဇရုသေနေစဉ် သတိမဲ့နေကြောင်း အဘယ်ကြောင့် တပ်အပ်သိနိုင်သနည်း။ (ခ) လာဇရုသေနေလျက်နှင့် သူအိပ်ပျော်နေသည်ဟု ယေရှု အဘယ်ကြောင့်ဆိုသနည်း။

၁၂ စဉ်းစားကြည့်ပါ။ လာဇရုသေခဲ့သော ထိုလေးရက်အတွင်း အခြေအနေ မည်သို့ရှိခဲ့သနည်း။ ကောင်းကင်သို့ ရောက်ခဲ့သလော။ သူသည် လူကောင်းတစ်ယောက်ဖြစ်၏။ သို့သော် မိမိ ကောင်းကင်သို့ ရောက်ခဲ့သည့်အကြောင်း လုံးဝမပြောခဲ့။ သူတကယ်သာ ကောင်းကင်သို့ရောက်ခဲ့လျှင် မပြောဘဲ နေမည်မဟုတ်။ အမှန်မှာ လာဇရု တကယ်သေခဲ့သည်။ သူသေပြီဟု ယေရှုမိန့်ဆိုခဲ့သည့်အတိုင်း ဖြစ်၏။ သို့ဖြစ်လျှင် အစပိုင်း၌ ယေရှုက တပည့်တော်များအား လာဇရုအိပ်နေခြင်းသာဖြစ်သည်ဟု အဘယ်ကြောင့် မိန့်ဆိုခဲ့ရသနည်း။

၁၃ သေသူ လာဇရုသည် သတိကင်းမဲ့နေသည်ကို ယေရှုသိ၏။ “သေသောသူမူကား အဘယ်အရာကိုမျှမသိ” ဟုကျမ်းစာဆိုသည့်အတိုင်းပင်။ (ဒေသနာ ၉:၅) သို့ရာတွင် အသက်ရှင်နေသူကို အိပ်မောကျနေသည့်အဖြစ်မှ နှိုးနိုင်သည်။ ထို့ကြောင့် ယေရှုက မိမိအား ဘုရားသခင်အပ်နှင်းသော တန်ခိုးတော်ကိုသုံးကာ မိမိအဆွေ လာဇရုကို သေခြင်းမှ နှိုးနိုင်သည်ကို ပြသမည်ဖြစ်၏။

၁၄။ ယေရှု၌ လူသေကို ထမြောက်စေနိုင်သော တန်ခိုးရှိသည်ဟူသောအသိက ကျွန်ုပ်တို့အား အဘယ်အရာ လုပ်ကိုင်ရန် စေ့ဆော်သင့်သနည်း။

၁၄ လူတစ်ယောက် အိပ်မောကျနေသောအခါ ဘာကိုမျှ မမှတ်မိတော့။ သေသူတို့သည်လည်း ထို့အတူပင်ဖြစ်သည်။ ခံစားချက် လုံးဝမရှိ။ တည်လည်း မတည်ရှိတော့။ သို့ရာတွင် ဘုရားသခင့်အချိန်ရောက်လာသောအခါ ဘုရားသခင်ရွေးနုတ်တော်မူသော လူသေတို့သည် အသက်ရှင်ပြန်ထမြောက်လာကြမည်။ (ယောဟန် ၅:၂၈) ဤအချက်ကိုသိသဖြင့် ကျွန်ုပ်တို့သည်ဘုရားသခင့်မျက်နှာသာကိုရရန် ပြုလိုသောစိတ် ရှိအပ်ပေသည်။ သို့ ပြုလျှင် ကျွန်ုပ်တို့ သေရစေကာမူ ကျွန်ုပ်တို့ကို ဘုရားသခင်အောက်မေ့၍ အသက်ရှင်ခြင်းသို့ ဆောင်နှင်းတော်မူမည် ဖြစ်သတည်း။​—၁ သက်သာလောနိတ် ၄:၁၃၊ ၁၄။

[စာမျက်နှာ ၇၆ ပါ ရုပ်ပုံ]

အာဒံ​—မြေမှုန့်မှ ဖြစ်လာ၍ . . .မြေမှုန့်သို့ ပြန်သွား၏

[စာမျက်နှာ ၇၈ ပါ ရုပ်ပုံ]

လာဇရု

ကို ယေရှု မထမြောက်စေမီ သူ့အခြေအနေ မည်သို့ ရှိသနည်း

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ