ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • yp အခန်း ၆ စာ. ၅၀-၅၅
  • မောင်နှမတွေနဲ့ ပေါင်းရတာ ဘာကြောင့် ဒီလောက်တောင်ခက်ရတာလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မောင်နှမတွေနဲ့ ပေါင်းရတာ ဘာကြောင့် ဒီလောက်တောင်ခက်ရတာလဲ
  • လူငယ်များအမေး . . .တာသွားသည့်အဖြေ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • မီးငြိမ်းသတ်ခြင်း
  • ‘မတရားဘူး’
  • ညီအစ်ကိုမောင်နှမများ—ကောင်းချီးတစ်ရပ်
  • ငါ့ရဲ့မွေးချင်း လောင်းရိပ်အောက်က ငါဘယ်လိုလွတ်နိုင်မလဲ
    နိုးလော့!—၂၀၀၄
  • မောင်နှမတွေနဲ့ အဆင်ပြေအောင် ဘာလုပ်ရမလဲ
    လူငယ်များအမေး—တာသွားသည့်အဖြေ၊ အတွဲ ၁
  • မောင်နှမတွေနဲ့ ဘာကြောင့် အဆင်ပြေအောင်နေသင့်သလဲ
    လူငယ်များအမေး
  • ငါ့ရဲ့မွေးချင်း ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားခဲ့ရင် ဘယ်လိုလုပ်မလဲ
    နိုးလော့!—၂၀၀၈
နောက်ထပ် ကြည့်ပါ
လူငယ်များအမေး . . .တာသွားသည့်အဖြေ
yp အခန်း ၆ စာ. ၅၀-၅၅

အခန်း ၆

မောင်နှမတွေနဲ့ ပေါင်းရတာ ဘာကြောင့် ဒီလောက်တောင်ခက်ရတာလဲ

မွေးချင်းပေါက်ဖော်ပြိုင်ဆိုင်မှု—ကာဣနနှင့်အာဗေလတမျှ ကြာညောင်းခဲ့ပြီ။ မိမိမွေးချင်းပေါက်ဖော် (ညီအစ်ကိုမောင်နှမ) ကိုမုန်းသည်ကိုမဆိုလို။ လူငယ်တစ်ဦးဤသို့ဝန်ခံသည်– “ကျွန်တော့်ရဲ့အသဲနှလုံးထဲမှာ၊ တပ်အပ်ရယ်လို့တော့ ခုအနေနဲ့မပြောနိုင်ပေမဲ့၊ ကျွန်တော့်ညီလေးကို ကျွန်တော်ချစ်တယ်လို့ယူဆပါတယ်။ သူ့ကိုချစ်သလိုလိုပဲပေါ့။”

ရန်ငြိုးသည်အဘယ်ကြောင့် မွေးချင်းပေါက်ဖော်ဆက်ဆံရေး၏ အောက်အလွှာထပ်တွင် ပုန်းလျှိုးလျက်နေတတ်သနည်း။ စာရေးဆရာ ဟာရီယက်ဝက်ဘ်စတားက အိမ်ထောင်ရေးပါရဂူ ကလော်ဒီရွှက်ဇာ၏အဆိုကိုကိုးကား၍ ဤသို့ရေးသားလိုက်သည်– “အိမ်ထောင်တိုင်း အရင်းအမြစ်အနည်းနှင့်အများဆိုသလိုရှိသည်။ အချို့မှာစိတ်ပိုင်းဆိုင်ရာဖြစ်ပြီး၊ အချို့မှာရုပ်ပစ္စည်းဖြစ်သည်။” ဝက်ဘ်စတားက အောက်ပါအတိုင်းထပ်မံရေးသားလိုက်သည်– “မောင်နှမချင်းရန်ဖြစ်ကြသောအခါ၊ များသောအားဖြင့်၊ ၎င်းအရင်းအမြစ်များအတွက် အနိုင်လုကြခြင်းသာဖြစ်သည်။ ၎င်းအရင်းအမြစ်များတွင်မေတ္တာ၊ ငွေနှင့်အဝတ်အစားမှအစ၊ အရာရာတိုင်းအကျုံးဝင်သည်။” ဥပမာ၊ ကယ်မီသည် အခြားမောင်နှမငါးယောက်နှင့်အတူ အိပ်ခန်းသုံးခန်းကို ဝေမျှ၍သုံးကြရသည်။ ကယ်မီက “တစ်ခါတလေ ကျွန်မတစ်ယောက်ထဲနေချင်တယ်။ သူတို့အခန်းထဲဝင်မလာအောင် တံခါးပိတ်ထားလိုက်ချင်တယ်။ ဒါပေမဲ့ သူတို့တစ်ချိန်လုံးအခန်းထဲမှာ နေနေကြတယ်။”

အခွင့်အရေးနှင့်အိမ်တွင်းမှုဝတ္တရားများခွဲဝေသည့်ကိစ္စ၌လည်းစစ်ခင်းတတ်ကြသည်။အကြီးဖြစ်သူတို့ကအိမ်အလုပ်ပိုလုပ်ရသည့်အတွက်အခဲမကျေဖြစ်တတ်ကြ၏။ အငယ်ဖြစ်သူများကအကြီးတို့၏နိုင်ထက်စီးနင်းလုပ်မှုကိုခုခံငြင်းဆန်ကြ၏။အကြီးများအခွင့်အရေးထူးရကြသည်ကိုမြင်၍မနာလိုဖြစ်ကြ၏။အင်္ဂလန်မှဆယ်ကျော်သက်မိန်းကလေးတစ်ယောက်က‘ကျွန်မအစ်မဖြင့်ကားမောင်းသင်တန်းတက်ခွင့်ရတယ်။ကျွန်မကျတော့တက်ခွင့်မရဘူး’ဆိုပြီးမြည်တွန်တောက်တီး၏။‘ကျွန်မလဲစိတ်ဆိုးပြီးအစ်မကိုအနှောင့်အယှက်ပေးတာပေါ့။’

တစ်ခါတစ်ရံ မောင်နှမချင်းမတည့်ကြသည့်အကြောင်းရင်းမှာ၊ စရိုက်ချင်းမတူသည့်အတွက်ကြောင့်ဖြစ်သည်။ ဆယ့်ခုနစ်နှစ်အရွယ်ဒိုင်ယန်က မောင်နှမများနှင့်ပတ်သက်ပြီး အောက်ပါအတိုင်းဖွင့်ဆိုသည်။ “နေ့စဉ်ရက်ဆက် ဒီမျက်နှာကိုပဲမြင်နေရ၊ ကြည့်နေရလို့ရှိရင်...ပြီးတော့၊ အဲဒီတစ်ယောက်ကပဲ၊ သင်မကြိုက်တာကို နေ့တိုင်းလုပ်နေတာကြည့်နေရရင်—ကြာတော့ရူးချင်လာတယ်။” သက်ငယ်အန်ဒရယ်က ထပ်ဆင့်၍ဤသို့ဆို၏– “အိမ်မှာနေတဲ့အခါ...ကိုယ့်စရိုက်အတိုင်းနေကြတာပဲ။” ဝမ်းနည်းစရာမှာ၊ ‘ကိုယ့်စရိုက်အတိုင်းနေ’ သောအခါ၊ ယဉ်ကျေးသိမ်မွေ့မှု၊ ထောက်စာကြင်နာမှု၊ လိမ္မာပါးနပ်မှုတို့ကို ဘေးဖယ်ထားကြတော့သည်။

မိဘများအချစ်မမျှမှု (‘အမေ့အချစ်တုံး’) ကြောင့်လည်းမောင်နှမချင်း ရန်ဖြစ်တတ်ကြသည်။ စိတ္တဗေဒပညာရှင် ပါမောက္ခလီစော့က ဝန်ခံသည်– “မိဘတစ်ဦးအနေနဲ့ဘယ်နည်းနဲ့မှ ကလေးတွေအားလုံးကို တစ်ပြေးညီမချစ်နိုင်ဘူး။ ဘာကြောင့်လည်းဆိုတော့၊ ကလေးတွေဟာ သီးခြားလူသားများ ဖြစ်ကြတဲ့အတွက် ကျွန်တော်တို့ [မိဘများ] လည်းသူတို့အပေါ် ခြားနားတဲ့ခံစားတုံ့ပြန်ချက်ရှိတာ မရှောင်မလွှဲနိုင်တဲ့ကိစ္စပဲ။” သမ္မာကျမ်းစာခေတ်တွင်လည်းဤသို့ပင်။ ဘိုးဘေးယာကုပ် (ဣသရေလ) သည် “အခြားသောသား အပေါင်းတို့ကိုချစ်သည်ထက် ယောသပ်ကိုသာ၍ချစ်၏။” (ကမ္ဘာဦး ၃၇:၃) ယောသပ်၏အစ်ကိုများသည် သူ့ကို ခါးခါးသီးသီးမနာလိုဖြစ်ကြလေသည်။

မီးငြိမ်းသတ်ခြင်း

“ထင်းမရှိလျှင်မီးသေတတ်” ၏ဟုနယပုံပြင် ၂၆:၂၀ ကဆို၏။ တောမီးကူးခြင်းကို များသောအားဖြင့် တောမီးဖြတ်နည်းဖြင့်ကာကွယ်နိုင်သည်။ ရှည်လျားသောနယ်မြေအပိုင်းအခြားဖြစ်အောင် သစ်ပင်တစ်ပင်မကျန် ခုတ်ထွင်ရှင်းလင်းထားခြင်းပင်ဖြစ်သည်။ တောမီးလောင်သောအခါ များသောအားဖြင့် ထိုအပိုင်းအခြားအထိသာ ကူးလာမည်ဖြစ်ပြီး ၎င်းနောက်မီးငြိမ်းသွားမည်သာ။ ထို့နည်းတူ၊ ကာကွယ်နိုင်သည်—ယုတ်စွအဆုံး ကြီးကျယ်မလာအောင်—စိတ်ဝမ်းကွဲမှုကိုထိန်းချုပ်နိုင်သည်။ နည်းတစ်နည်းမှာ၊ အငြင်းမပွားမီ ဆွေးနွေးနှီးနှောကာ လိုက်လျောမှုရယူထားခြင်းပင်ဖြစ်သည်။

ဥပမာ၊ ပြဿနာသည် သီးသန့်ဆိတ်ငြိမ်မှုကင်းခြင်းလော။ ပဋိပက္ခမဖြစ်မီထိုင်၍တိုင်ပင်ကာ အချိန်ဇယားတစ်ခုကိုဆွဲပါ။ (‘ဒီရက်/နာရီပိုင်းမှာ အခန်းကိုငါပိုင်မယ်။ နင်ကဒီရက်/နာရီပိုင်းအတွင်း အခန်းကိုပိုင်တယ်။’) ၎င်းနောက်၊ သဘောတူညီချက်ကို လေးစားခြင်းအားဖြင့်၊ သင်၏စကား “ဟုတ်သည်ကိုအဟုတ်၊ မဟုတ်သည်ကို မဟုတ်ဖြစ်စေလော့။” (မဿဲ ၅:၃၇) ပြုပြင်ပြောင်းလဲစရာပေါ်လာလျှင်၊ ကြိုတင်အကြောင်းမကြားဘဲ အဓမ္မအပြောင်းအလဲလုပ်မည့်အစား ကြိုတင်အသိပေးပါ။

ပစ္စည်းပိုင်ဆိုင်ခွင့်နှင့်ပတ်သက်ပြီး တိုက်ပွဲဆင်နေခြင်းလော။ ဆယ်ကျော်သက်တစ်ဦးက ဤသို့အပြစ်ဆိုသည်– “ကျွန်မရဲ့မိခြားဖခြားညီအစ်မဟာ အမြဲတမ်းပဲအခွင့်မတောင်းဘဲနဲ့ ကျွန်မပစ္စည်းယူသုံးတယ်။ ကျွန်မရဲ့မိတ်ကပ်ကိုတောင် ယူသုံးတယ်။ ပြီးတော့၊ ပစ္စည်းအမျိုးအစားမှန်အောင်လဲ မဝယ်တတ်ဘူးဆိုပြီး ကျွန်မကိုဝေဖန်ဝံ့ပါရဲ့။” ဤကိစ္စတွင်၊ မိဘအားနောက်ဆုံး ပိုင်းဖြတ်ခိုင်းနိုင်ပါသည်။ သို့သော်ပို၍ကောင်းသည်ကား၊ စိတ်ငြိမ်သောအခါ သက်ဆိုင်သူနှင့်အတူထိုင်ပြီး နှီးနှောဆွေးနွေးပါ။ မိမိ၏ “အခွင့်အရေး” နှင့်ပတ်သက်ပြီး စကားအကျကောက်ကာ ကတောက်ကဆဖြစ်နေမည့်အစား“ဝေမျှရန်အသင့်ရှိ”ပါ။ (၁ တိမောသေ ၆:၁၈၊ ကဘ) ချေးငှားခြင်းနှင့်ပတ်သက်၍ စည်းမျဉ်းအချို့သတ်မှတ်ဖို့ သဘောတူညီချက်ရယူပါ။ စည်းမျဉ်းတစ်ခုမှာ၊ ယူမသုံးမီ ခွင့်တောင်းခြင်းပင်ဖြစ်သည်။ လိုအပ်လျှင် နှစ်ဦးနှစ်ဘက်အလျှော့ပေးမှုရရန် ဆောင်ရွက်ပါ။ သို့ပြုလျှင်၊ ‘မီးမလောင်ခင်တား’ နိုင်ပါလိမ့်မည်။

သို့သော်သင့်မောင်နှမ၏စရိုက်ကိုယ်နှိုက်က စိတ်ဆိုးစရာဖြစ်လျှင် မည်သို့ပြုမည်နည်း။ သူ့ကိုပြောင်းလဲစေရန် သင်တတ်နိုင်မည်မဟုတ်။ ထို့ကြောင့်၊ “မေတ္တာစိတ်နှင့် တစ်ယောက်ကိုတစ်ယောက်သည်းခံ” တတ်ပါလေ။ (ဧဖက် ၄:၂) မောင်နှမ၏အပြစ်အနာအဆာကို အကျယ်ချဲ့မည့်အစား၊ ခရစ်ယာန်မေတ္တာကို ကျင့်သုံးပါ။ မေတ္တာသည် “များစွာသောအပြစ်တို့ကိုဖုံးအုပ်တတ်၏။” (၁ ပေတရု ၄:၈) အကြင်နာကင်းပြီး ရန်စမည့်အစား “အမျက်ထွက်ခြင်း၊ စိတ်ဆိုးခြင်း၊ [ဆိုးသွမ်းခြင်း၊ ကဘ) သူ့အသရေပျက်အောင်ပြောဆိုခြင်း” တို့ကိုပယ်ရှား၍ “သင်တို့စကားသည်...[အကြင်နာတရားဖြင့်] အစဉ်မပြတ်တင့်တယ်လျောက်ပတ်ပါစေ။”—ကောလောသဲ ၃:၈; ၄:၆။

‘မတရားဘူး’

“ကျွန်မညီမလိုချင်တာအကုန်ရတယ်။ ကျွန်မကျတော့၊ လုံးဝအပယ်ခံဘဝ။” လူငယ်တစ်ဦးထိုသို့ညည်းရှာသည်။ ကြားနေကျစကားမဟုတ်ပေလော။ သို့သော်၊ “အကုန်” “လုံးဝ” ဟူသောအကြွင်းမဲ့အသုံးအနှုန်းမျိုးကို သတိပြုပါ။ အခြေအနေတကယ်ပင် ထိုမျှတိုင်ဆိုးသလော။ မဟုတ်တန်ရာ။ ဟုတ်သည်ပဲထား၊ လူနှစ်ယောက်ကိုအကြွင်းမဲ့၊ တစ်ပြေးညီဆက်ဆံရမည်ဟု တောင်းဆိုခြင်းသည် ဖြစ်နိုင်သည့်အရာလော။ လုံးဝမဖြစ်နိုင်ပေ! သင့်မိဘများ သင်တို့တစ်ဦးချင်း၏လိုအပ်ချက်နှင့် စိတ်နေသဘောထားပေါ်မူတည်ပြီး တုံ့ပြန်လိုက်ခြင်းသာ ဖြစ်ပေမည်။

သို့သော်မိဘတစ်ဦးက ကလေးတစ်ယောက်ကို ပို၍မျက်နှာသာပေးသည်မှာ မတရားရာမကျပေလော။ တပ်အပ်မဆိုနိုင်။ ယာကုပ်သည် မိမိသားယောသပ်ကို အထူးမျက်နှာသာပေးကြောင်း ပြန်လည်သတိရပါ။ အဘယ်ကြောင့်နည်း။ ယောသပ်သည် ယာကုပ်၏ကွယ်လွန်ခဲ့သောချစ်ဇနီး ရာခေလမွေးသည့်သားဖြစ်၏။ ယင်းကြောင့်ယာကုပ်သည် ဤသားအပေါ် အထူးသံယောဇဉ်ငြိတွယ်ခဲ့သည်မှာ လုံးဝနားလည်လွယ်စရာအချက်ပင် မဟုတ်ပေလော။ သို့သော်ယာကုပ်သည် အခြားသားများကိုဘေးဖယ်ပြီး ယောသပ်ကိုသာပုံ၍ချစ်သည်မဟုတ်။ သူတို့၏ကောင်းစားရေးအတွက်လည်းတကယ်ပင်စိုးရိမ်မကင်းရှိရှာပေသည်။ (ကမ္ဘာဦး ၃၇:၁၃၊ ၁၄) ထို့ကြောင့်ယောသပ်အပေါ် သူတို့မနာလိုကြခြင်းသည် အခြေအမြစ်မရှိပေ!

ဝါသနာတူ၊စရိုက်ချင်းတူသောကြောင့်သို့မဟုတ်အခြားအကြောင်းများကြောင့်သင့်ညီအစ်ကို၊သင့်ညီအစ်မကိုသင့်မိဘကပို၍ချစ်ရခြင်းလည်းဖြစ်ကောင်းဖြစ်မည်။သို့သော်သင့်ကိုမချစ်ရာမရောက်ပါ။သင်စိတ်ဆိုးလျှင်၊မနာလိုလျှင်၊မစုံလင်သောသင့်နှလုံးကသင့်ကိုအနိုင်ယူနေပြီဖြစ်ကြောင်းသိမှတ်ပါလေ။ထိုခံစားချက်မျိုးကိုကြိုးစား၍ချိုးနှိမ်ပါ။သင်လိုအပ်ရာရာများကိုမိဘကမပျက်မကွက်ဖြည့်စွက်ပေးနေပါက၊အခြားမောင်နှမတစ်ယောက်ပို၍အချစ်ခံရသည့်အတွက်အဘယ်ကြောင့်စိတ်အနှောင့်အယှက်ဖြစ်နေရသနည်း။

ညီအစ်ကိုမောင်နှမများ—ကောင်းချီးတစ်ရပ်

ယင်းသည်တစ်ခါတစ်ရံယုံရခက်၏—အထူးသဖြင့်သူတို့က မိမိအားစိတ်တိုအောင် ဖန်တီးသည့်အခါဖြစ်သည်။ သို့သော် ဒိုင်ယန်က ကျွန်ုပ်တို့အားသတိရစေ၏– “မောင်နှမတွေရှိတာပျော်စရာကြီး” သူ၌မောင်နှမခုနစ်ယောက်ရှိ၏။ “စကားပြောဖော်ပြောဖက်ရတယ်။ ဝါသနာပါရာကို မျှဝေခံစားနိုင်တယ်။”

အန်းမေရီနှင့်အစ်ကိုဖြစ်သူအန်ဒရယ်က ထပ်ဆင့်၍ဆိုသည်– “သူငယ်ချင်းတစ်စုနဲ့ လျှောက်လည်နိုင်တာတော့မှန်တယ်။ ဒါပေမဲ့မောင်နှမဆိုတာ ကိုယ့်အနားမှာအမြဲရှိတယ်။ အချိန်မရွေးပြေးခုန်ကစားဖို့၊ ပန်းခြံထဲလျှောက်လည်ဖို့အဖော်ရတယ်။” ဒေါနကလက်တွေ့ကျသည့် အခြားအကျိုးကျေးဇူးတစ်ရပ်ကိုမြင်၍ ဤသို့ဆို၏။ “အိမ်အလုပ်လုပ်ဖော်အမြဲရတယ်။” အချို့သူတို့က ညီအစ်ကိုမောင်နှမများကို “အထူးအကြံပေးအရာရှိ၊ နားထောင်သူ” မိမိပေါ်“နားလည်” တတ်သူဆိုပြီး သမုတ်ကြပေသည်။

နောက်နောင်တွင်၊ မောင်နှမများနှင့်ယခုကြုံတွေ့ရသော အလားတူပြဿနာများကို အခြားသူများနှင့်သင်ကြုံတွေ့ရလိမ့်မည်။ မနာလိုမှု၊ ပစ္စည်းပိုင်ဆိုင်ခွင့်၊ မမျှတသောဆက်ဆံမှု၊သီးခြားဆိတ်ညံမှုကိုမရနိုင်ခြင်း၊တစ်ကိုယ်ကောင်းဆန်သောသဘော၊စရိုက်ချင်းခြားနားမှု—ဤသို့သောပြဿနာများကား လူ့ဘဝ၏အစိတ်အပိုင်းဖြစ်၏။ မောင်နှမများနှင့် သင့်သင့်မြတ်မြတ်ပေါင်းတတ်အောင် သင်အံခြင်းသည် လူမှုဆက်ဆံရေးအပိုင်း၌ မွန်မြတ်သောလေ့ကျင့်မှု ဖြစ်ပေသည်။

ဆယ့်ခုနစ်နှစ်အရွယ်အန်ဒရယ်က ဤသို့ဆိုရာတွင် ၁ ယောဟန် ၄:၂၀ ပါသမ္မာကျမ်းစကားကို ပဲ့တင်ထပ်၏– “မြင်နိုင်တဲ့လူတွေနဲ့တောင်မတဲ့ဘူးဆိုရင်၊ ဘယ်လိုလုပ်ပြီးမမြင်နိုင်တဲ့ယေဟောဝါနဲ့ သင့်မြတ်နိုင်မလဲ။” မောင်နှမများနှင့် သဘောချင်းမတိုက်ဆိုင်သည့်အခါမျိုး ရှိမည်မှာမလွဲပါ။ သို့သော်၊ ဝေမျှတတ်၊ နှီးနှောပြောဆိုတတ်၊ အလျှော့ပေးတတ်အောင် သင်ယူနိုင်သည်။ ထိုသို့သောလုံ့လ၏ အကျိုးရလဒ်ကားအဘယ်နည်း။ ဇာတ်သိမ်းသောအခါ၊ သင်ကမောင်နှမရှိတာမဆိုးပါလားဟု မှတ်ချက်ချမိပါလိမ့်မည်တည်း။

ဆွေးနွေးရန်မေးခွန်းများ

◻မောင်နှမများအဘယ်ကြောင့် မကြာခဏအတိုက်အခံဖြစ်တတ်ကြသနည်း။

◻သီးခြားဆိတ်ငြိမ်မှုရယူခြင်း၊ ပစ္စည်းပိုင်ဆိုင်ခွင့်တို့နှင့်ပတ်သက်၍ ခိုက်ရန်မဖြစ်ရအောင် မည်သို့ကာကွယ်နိုင်သနည်း။

◻တစ်ခါတစ်ရံ၊ မိဘများအဘယ်ကြောင့် တစ်ယောက်သောကလေးကို မျက်နှာသာပို၍ပေးသနည်း။ သို့ပြုခြင်းသည် လုံးဝမတရားဟု သင်တပ်အပ်ဆိုနိုင်သလော။

◻တစ်ဦးတည်းသော ကလေးဖြစ်ရခြင်းသည် အရှုံးလော။

◻မောင်နှမများရှိသည့်အတွက် အဘယ်အကျိုးများရှိသနည်း။

[စာမျက်နှာ ၅၂ ပါအကျဉ်းဖော်ပြချက်]

“မိဘတစ်ဦးအနေနဲ့ ဘယ်နည်းနဲ့မှ ကလေးတွေအားလုံးကို တစ်ပြေးညီမချစ်နိုင်ဘူး။ ဘာကြောင့်လဲဆိုတော့၊ ကလေးတွေဟာ သီးခြားလူသားများဖြစ်ကြတဲ့အတွက်ပါပဲ—စိတ္တဗေဒပညာရှင် ပါမောက္ခလီစော့

[စာမျက်နှာ ၅၄ ပါလေးထောင့်ကွက်]

‘ငါဟာတစ်ဦးတည်းသောကလေးပါ’

သင့်အခြေအနေဤသို့ပင်ဖြစ်လျှင် အရှုံးဟုမဆိုနိုင်ပါ။ တစ်ခုအနေနှင့်ပြောရလျှင်၊ အခြားလူငယ်များသည် မောင်နှမများနှင့် မသင့်မြတ်သည့်အခက်အခဲ ရင်ဆိုင်ကြရသော်လည်း၊ သင့်အနေနှင့်၊ ကိုယ်နှစ်သက်သောအပေါင်းအဖော်များကို မိဘသဘောတူညီချက်ဖြင့် ရွေးချယ်နိုင်ပေသည်။ ထို့ထက်ကား၊ ဖတ်ရှုလေ့လာမှု၊ လေးနက်စွာတွေးတောဆင်ခြင်မှုအတွက်ဖြစ်စေ၊ အတတ်ပညာတစ်ရပ်သင်ကြားရန်၊ မိမိ၏ပင်ကိုယ်အစွမ်းအစကို စွမ်းရည်သွေးရန်ဖြစ်စေ၊အချိန်များစွာရရှိနိုင်ပေသည်။—အထီးကျန်စိတ်နှင့်ပတ်သက်၍ အခန်း၁၄ ကိုရှု။

သက်ငယ်သောမတ်စ်က အခြားကောင်းကျိုးနှင့်ပတ်သက်၍ ဤသို့ဆို၏– “တစ်ဦးတည်းသောသားအနေနဲ့ ကျွန်တော်ဟာ မိဘရဲ့ဂရုပြုစောင့်ရှောက်မှု အပြည့်အဝကို ခံစားရပါတယ်။” မိဘ၏လွန်ကဲသောဂရုပြုမှုကို ခံရသောကလေးသည် အတ္တဆန်သူဖြစ်လာနိုင်သည်မှန်သော်လည်း မိဘများကသင့်တင့်မျှတစွာပြုလျှင် သင့်အားလျင်မြန်စွာရင့်ကျက်လာစေနိုင်ပြီး၊ လူကြီးများအကြားတွင် အံဝင်ဂွင်ကျ၍ သက်သောင့်သက်သာရှိမည်ဖြစ်သည်။

သို့ရာတွင်၊ ဝေမျှခံစားဖော်မောင်နှမများ မရှိသည့်အတွက်၊ တစ်ကိုယ်ကောင်းဆန်သူ ဖြစ်လာနိုင်သည့်အန္တရာယ်ရှိသည်။ ယေရှုက “ပေးကမ်းသောအကျင့်ကိုကျင့်လော့” ဟုအကြံပေးတော်မူ၏။ (လုကာ ၆:၃၈) သူငယ်ချင်းဆွေမျိုးများအား ပေးကမ်းဝေငှပါ။ အခြားသူများ ဘာလိုအပ်သည်ကိုမြင်တတ်ပြီး တတ်နိုင်သည့်အပိုင်းမှ အကူအညီပေးပါ။ အခြားသူများလည်း သင့်ရက်ရောမှုကို တုံ့ပြန်ကြလိမ့်မည်။ သို့နှင့်သင်သည် တစ်ဦးတည်းသောကလေးဖြစ်လင့်ကစား၊ စိုးစဉ်းမျှအထီးကျန်မဖြစ်ကြောင်း တွေ့ရှိရပါလိမ့်မည်။

[စာမျက်နှာ ၅၃ ပါရုပ်ပုံ]

ကျွန်မမှာညီအစ်မ မရှိတာစိတ်မကောင်းဖြစ်မိတယ်; ဒါပေမဲ့သာတဲ့အပိုင်းလည်းရှိပါတယ်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ