ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwyp ဆောင်းပါး ၅၇
  • မောင်နှမတွေနဲ့ ဘာကြောင့် အဆင်ပြေအောင်နေသင့်သလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မောင်နှမတွေနဲ့ ဘာကြောင့် အဆင်ပြေအောင်နေသင့်သလဲ
  • လူငယ်များအမေး
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • “နီးတကျက်ကျက် ဝေးတသက်သက်”
  • အဆင်ပြေအောင်နေသင့်တဲ့ အကြောင်းရင်းနှစ်ခု
  • မောင်နှမတွေနဲ့ အဆင်ပြေအောင် ဘာလုပ်ရမလဲ
    လူငယ်များအမေး—တာသွားသည့်အဖြေ၊ အတွဲ ၁
  • မောင်နှမတွေနဲ့ ပေါင်းရတာ ဘာကြောင့် ဒီလောက်တောင်ခက်ရတာလဲ
    လူငယ်များအမေး . . .တာသွားသည့်အဖြေ
  • ငါ့ရဲ့မွေးချင်း လောင်းရိပ်အောက်က ငါဘယ်လိုလွတ်နိုင်မလဲ
    နိုးလော့!—၂၀၀၄
  • ငါ့ရဲ့မွေးချင်း ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားခဲ့ရင် ဘယ်လိုလုပ်မလဲ
    နိုးလော့!—၂၀၀၈
နောက်ထပ် ကြည့်ပါ
လူငယ်များအမေး
ijwyp ဆောင်းပါး ၅၇
ပီဇာအတူတူလုပ်နေတဲ့ မောင်နှမနှစ်ယောက်

လူငယ်များအမေး

မောင်နှမတွေနဲ့ ဘာကြောင့် အဆင်ပြေအောင် နေသင့်သလဲ

  • “နီးတကျက်ကျက် ဝေးတသက်သက်”

  • အဆင်ပြေအောင်နေသင့်တဲ့ အကြောင်းရင်းနှစ်ခု

  • ရွယ်တူချင်းတွေ ပြောဆိုရာ

“နီးတကျက်ကျက် ဝေးတသက်သက်”

မောင်နှမတွေကို “နီးတကျက်ကျက် ဝေးတသက်သက်” လို့ ပြောတတ်ကြတယ်။ သင်က သူတို့ကို ချစ်တယ်၊ သူတို့ကလည်း သင့်ကို ချစ်တယ်။ ဒါပေမဲ့ တစ်ခါတလေကျတော့ ဘယ်လိုမှ အဆင်မပြေနိုင်ဘူး ဖြစ်တတ်တယ်။ ဟဲနာ အခုလိုပြောတယ်– “မောင်လေးက ကျွန်မကို စိတ်အနှောင့်အယှက် ပေးတတ်တယ်။ ဘာပြောလိုက်ရင်၊ ဘယ်လိုလုပ်လိုက်ရင် ကျွန်မစိတ်ဆိုးမယ်ဆိုတာ သူကောင်းကောင်းသိတယ်။”

တချို့ပြဿနာကျတော့ အေးအေးဆေးဆေး ပြောလိုက်ရုံ၊ ညှိနှိုင်းလိုက်ရုံနဲ့ အဆင်ပြေသွားလေ့ရှိတယ်။ ဥပမာ–

  • တစ်ခန်းတည်းမှာ အတူနေတဲ့ ညီအစ်ကိုနှစ်ယောက်က တစ်ယောက်တည်း သီးသန့်နေချင်တဲ့အခါမျိုးမှာ စကားများနိုင်တယ်။ ဒါကို ဘယ်လိုဖြေရှင်းမလဲ။ အလျှော့ပေးတတ်အောင်၊ သူ့နေရာကို မကျူးကျော်မိအောင် သင်ယူပါ။ လုကာ ၆:၃၁ မှာပါတဲ့ ကျမ်းစာလမ်းညွှန်ချက်ကို ကျင့်သုံးပါ။

  • ညီအစ်မနှစ်ယောက် တစ်ယောက်ရဲ့ အဝတ်အစားကို ခွင့်မတောင်းဘဲ “ယူဝတ်” တာမျိုး ဖြစ်နိုင်တယ်။ ဒါကို ဘယ်လို ဖြေရှင်းမလဲ။ အတူဆွေးနွေးပါ၊ နှစ်ယောက်စလုံး လိုက်နာနိုင်တဲ့ စည်းမျဉ်းတွေ ချမှတ်ပါ။ ၂ တိမောသေ ၂:၂၄ မှာပါတဲ့ ကျမ်းစာလမ်းညွှန်ချက်ကို ကျင့်သုံးပါ။

တချို့အခြေအနေမှာတော့ မောင်နှမချင်းဖြစ်တဲ့ ပြဿနာက ပိုပြင်းထန်ပြီး ဆိုးရွားတဲ့ အကျိုးဆက်တွေ ရှိနိုင်တယ်။ ကျမ်းစာပါ ဥပမာနှစ်ခုကို သုံးသပ်ကြည့်ပါ–

  • မိရိအံနဲ့ အာရုန်တို့ဟာ မောရှေကို မနာလိုဖြစ်တာကြောင့် ဝမ်းနည်းဖွယ် အကျိုးဆက်တွေကို ခံစားခဲ့ရတယ်။ တောလည်ရာ ၁၂:၁-၁၅ မှာပါတဲ့ မှတ်တမ်းကို ဖတ်ပါ။ အဲဒီနောက် ‘မောင်နှမကို မနာလိုမဖြစ်အောင် ငါဘာလုပ်နိုင်မလဲ’ ဆိုပြီး ကိုယ့်ကိုယ်ကိုယ် မေးပါ။

  • ကာဣနဟာ ဒေါသကြောင့် ညီဖြစ်သူ အာဗေလကို သတ်ပစ်ခဲ့တယ်။ ကမ္ဘာဦး ၄:၁-၁၂ မှာပါတဲ့ မှတ်တမ်းကို ဖတ်ပါ။ အဲဒီနောက် ‘မောင်နှမချင်း စကားများတဲ့အခါ ဒေါသကို ဘယ်လို ထိန်းချုပ်နိုင်မလဲ’ ဆိုပြီး ကိုယ့်ကိုယ်ကိုယ် မေးပါ။

အဆင်ပြေအောင်နေသင့်တဲ့ အကြောင်းရင်းနှစ်ခု

မောင်နှမတွေနဲ့ အဆင်ပြေဖို့ ဘယ်လောက်ပဲ ခက်ပါစေ အနည်းဆုံး အကြောင်းရင်းနှစ်ခုကြောင့် အဆင်ပြေအောင် နေသင့်တယ်။

  1. ၁။ သင် ရင့်ကျက်လာပြီဆိုတဲ့ လက္ခဏာပဲ။ အဲလစ် အခုလိုပြောတယ်– “ညီမလေး နှစ်ယောက်အပေါ် ထစ်ခနဲဆို ကျွန်တော် ဒေါသထွက်တတ်တယ်။ အခုတော့ သူတို့ကို တည်တည်ငြိမ်ငြိမ်နဲ့ စိတ်ရှည်ရှည် ဆက်ဆံတတ်လာပြီ။ ဒါကြောင့် ကျွန်တော် ရင့်ကျက်လာပြီလို့ ပြောလို့ရတယ်။”

    သမ္မာကျမ်းစာပြောဆိုရာ– “စိတ်ရှည်သောသူသည် ပညာကြီး၏။ စိတ်တိုသောသူမူကား အထူးသဖြင့် မိုက်ပေ၏။”​—သုတ္တံ ၁၄:၂၉။

  2. ၂။ အနာဂတ်အတွက် လေ့ကျင့်မှုကောင်းပဲ။ မောင်နှမတွေရဲ့ မစုံလင်မှုကို သည်းမခံနိုင်ဘူးဆိုရင် အိမ်ထောင်ဖက်၊ အလုပ်ဖော်၊ အလုပ်ရှင် ဒါမှမဟုတ် တခြားသူတွေနဲ့ ဘယ်လိုလုပ် အဆင်ပြေနိုင်ပါ့မလဲ။

    သိထားသင့်ရာ– အနာဂတ်မှာ တခြားသူတွေနဲ့ အဆင်ပြေဖို့ဆိုရင် သင့်ရဲ့ ပြောဆိုဆက်သွယ်တတ်မှု၊ ညှိနှိုင်းဆွေးနွေးတတ်မှုအပေါ် မူတည်တယ်။ ဒီအရည်အသွေးတွေကို မွေးမြူနိုင်တဲ့ အကောင်းဆုံးနေရာကတော့ မိသားစုမှာပဲ။

    သမ္မာကျမ်းစာပြောဆိုရာ– “သင်တို့သည် တတ်နိုင်သမျှအတိုင်း လူအားလုံးနှင့် သင့်မြတ်စွာ နေကြလော့။”​—ရောမ ၁၂:၁၈။

မောင်နှမတွေနဲ့ ပြဿနာဖြစ်တဲ့အခါ ဖြေရှင်းနည်းအတွက် အကူအညီလိုချင်ပါသလား။ “ရွယ်တူချင်းတွေ ပြောဆိုရာ” ဆောင်းပါးကို ဖတ်ပါ၊ ပြီးနောက် “မောင်နှမတွေနဲ့ အဆင်ပြေအောင် ဘာလုပ်ရမလဲ” ဆိုတဲ့ ပူးတွဲပါ အစီအစဉ်ဇယားကို ကြည့်ပါ။

ရွယ်တူချင်းတွေ ပြောဆိုရာ

ဂျက်ဆီကာ

“ကျွန်မမှာ အစ်မသုံးယောက်ရှိတယ်။ သူတို့နဲ့ အဆင်ပြေအောင်နေဖို့ အမြဲတော့ မလွယ်ဘူး။ ဒါပေမဲ့ ကျွန်မကို ကောင်းကောင်း နားလည်ပေးတဲ့သူ၊ ကျွန်မအနားမှာ အမြဲ ရှိနေပေးမယ့်သူတွေဟာ သူတို့ပဲ ဆိုတာကိုတော့ ကျွန်မ ကောင်းကောင်း သိလာတယ်။”​—ဂျက်စီကာ။

တီလာ

“အစ်ကို့,ကို စိတ်အနှောင့်အယှက်ဖြစ်အောင် ကျွန်တော် လုပ်မိတဲ့အခါ ရှိသလို ကျွန်တော့်ကို သူလုပ်တဲ့အခါတွေလည်း ရှိတယ်။ ဒါပေမဲ့ သူ့ကို သိပ်ချစ်တယ်။ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိလာအောင် သူပဲ အမြဲကူညီပေးတာ။ ပြီးတော့ သူစိတ်ဓာတ်ကြံ့ခိုင်တာ၊ အရှုံးမပေးတတ်တာ၊ အလိုက်သိတတ်တာကိုလည်း ကျွန်တော် သိပ်လေးစားတယ်။”​—တီလာ။

ကင်မရွန်

“ကျွန်မက သိုက်သိုက်ဝန်းဝန်း နေရတာ ကြိုက်တော့ မောင်လေးနှစ်ယောက် ရှိတာ သိပ်ကောင်းတယ်။ ပြီးတော့ သူတို့က ယောက်ျားလေးတွေဆိုတော့ သူတို့နဲ့ ပေါင်းရင်း ကိုယ်နဲ့ စရိုက်မတူသူတွေကို ဘယ်လို ပေါင်းရမလဲဆိုတာ သိလာတယ်။ ချစ်စရာကောင်းတဲ့ မောင်လေးတွေ ရှိတာ ကျွန်မအတွက်တော့ သိပ်ကောင်းတာပဲ။”​—ကင်မရွန်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ