ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • gt အခန်း ၅၁
  • မွေးနေ့ပွဲကျင်းပစဉ် လူသတ်မှု

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မွေးနေ့ပွဲကျင်းပစဉ် လူသတ်မှု
  • အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
  • ဆင်တူတဲ့ အကြောင်းအရာ
  • မွေးနေ့ပွဲအတွင်း လူသတ်မှု
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • ပါတီပွဲအားလုံးကို ဘုရားသခင် ကြိုက်သလား
    ကြီးမြတ်သောဆရာထံမှ သင်ယူပါ
  • နှစ်ခြင်းပေးသူ ယောဟန်ဆိုတာ တကယ် ရှိခဲ့သလား
    ထပ်ဆင့် အကြောင်းအရာများ
  • “ဟေရုဒ်မင်းလက်ထက်”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
gt အခန်း ၅၁

အခန်း ၅၁

မွေးနေ့ပွဲကျင်းပစဉ် လူသတ်မှု

တမန်တော်များကို သွန်သင်ချက်များပေးပြီးနောက် ယေရှုသည်သူတို့ကိုအတွဲလိုက် ကွင်းဆင်းစေသည်။ ညီအစ်ကိုများဖြစ်သည့် ယာကုပ်နှင့်ယောဟန်တွဲသွားသကဲ့သို့ ပေတရုနှင့်အန္ဒြေတွဲပေမည်။ ဖိလိပ္ပုနှင့်ဗာသောလမဲ၊ သောမနှင့်မဿဲ၊ ယာကုပ်နှင့်သဒ္ဒဲ၊ ရှိမုန်နှင့်ယုဒရှကာရုတ်တို့တွဲကြမည်။ ဧဝံဂေလိသတင်းဟောသူခြောက်တွဲသည် နိုင်ငံတော်သတင်းကို နေရာအနှံ့ဟောပြောရင်း အံ့ဖွယ်နည်းဖြင့်ရောဂါများကုသပေးကြ၏။

နှစ်ခြင်းဆရာယောဟန် အကျဉ်းကျနေသည်မှာ ယခုနှစ်နှစ်တိုင်ပေပြီ။ ဟေရုဒ်အန္တပသည် ညီဖြစ်သူဖိလိပ္ပု၏ဇနီး ဟေရောဒိကို သိမ်းပိုက်ထားခြင်းသည်မှားယွင်းကြောင်း ယောဟန်ပွင့်လင်းစွာပြောဆိုသည်ကို သင်သတိရပေမည်။ ဟေရုဒ်အန္တပက မောရှေပညတ်ကိုလိုက်လျှောက်သည်ဆိုသောကြောင့် ဤမတရားမေထုန်ပြုမှုကို လျော်ကန်စွာ ယောဟန်ဖေါ်ထုတ်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့်ဟေရုဒ်သည် ယောဟန်ကိုထောင်ချခဲ့သည်။ သို့ပြုရန် ဟေရောဒိတိုက်တွန်း၍ဖြစ်နိုင်သည်။

ယောဟန်သည် ဖြောင့်မတ်သူတစ်ဦးဖြစ်သည်ကို ဟေရုဒ်အန္တပအသိအမှတ်ပြု၍ သူ၏တရားစကားများကို နှစ်ခြိုက်စွာနားထောင်လေ့ရှိသည်။ ထို့ကြောင့်ယောဟန်ကို မည်သို့စီရင်ရမည်ကိုပင် သူကောင်းစွာမသိပါ။ သို့သော်ဟေရောဒိမူ ယောဟန်ကိုအလွန်မုန်းပြီး သူ့ကိုသတ်ပစ်ရန်အခွင့်ကောင်းရှာကြံနေရာ နောက်ဆုံးသူမ မျှော်နေသည့်အခွင့်အရေးရောက်လာတော့သည်။

စီအီး ၃၂ ခုပသခါပွဲနေ့မတိုင်မီတွင် မိမိမွေးနေ့အတွက် ဟေရုဒ်မင်းအကြီးအကျယ်ပွဲခံသည်။ ၄င်းပွဲနေ့ကိုဟေရုဒ်၏အရာရှိကြီးများ၊ စစ်ဗိုလ်ချုပ်များ၊ ဂါလိလဲပြည်နယ်ရှိ မြို့မျက်နှာဖုံးများတက်ရောက်ကြသည်။ ညဉ့်နက်လာသော် ဟေရောဒိနှင့်ဖိလိပ္ပုတို့၏သမီးရှာလုံကို ကပြဖျော်ဖြေစေသည်။ သူ့အကကို အမျိုးသားဧည့်ပရိသတ်များ အလွန်သဘောကျနှစ်သက်သွားသည်။

ဟေရုဒ်လည်းအလွန်သဘောကျသဖြင့် “သင်သည်အလိုရှိသမျှကိုတောင်းလော့ငါပေးမည် . . . သင်တောင်းသမျှကို ငါ့နိုင်ငံတစ်ဝက်တိုင်အောင် ငါပေးမည်” ဟုရှာလုံအားကျိန်ဆိုကတိပြုသည်။

အဖြေမပေးမီ ရှာလုံသည်မိခင်နှင့် “အဘယ်အရာကိုတောင်းရမည်နည်း” ဟုတိုင်ပင်သည်။

အခွင့်ကောင်းရလေပြီ။ ဟေရောဒိက “ဗတ္တိဇံဆရာယောဟန်၏ဦးခေါင်းကို တောင်းလော့” ဟုချက်ချင်းပြန်ဖြေသည်။

ရှာလုံသည်လည်း ဟေရုဒ်ထံချက်ချင်းပြန်သွား၍ “ဗတ္တိဇံဆရာယောဟန်၏ဦးခေါင်းကိုဤလင်ပန်း၌ အလျင်အမြန်ပေးတော်မူစေခြင်းငှာ ကျွန်မအလိုရှိပါသည်” ဟုတောင်းလျှောက်၏။

ဟေရုဒ်အလွန်ဝမ်းနည်းသွားသည်။ ဧည့်သည်များရှေ့ကျိန်ဆိုထားသဖြင့် ကတိပျက်လျှင်မျက်နှာပျက်မည်စိုးရိမ်ပြီး အပြစ်မဲ့သူကိုသတ်ရာကျသော်လည်း ကြောက်လန့်စရာအမိန့်များပေး၍ တပ်သားတစ်ဦးကိုထောင်ထဲသို့ ချက်ချင်းစေလွှတ်လိုက်သည်။ မကြာမီ ယောဟန်ခေါင်းကိုလင်ပန်းပေါ်တင်၍ ထိုသူယူလာပြီး ရှာလုံအားပေးလေသည်။ သူမကလည်း မိခင်ထံယူသွားသည်။ ယင်းကို ယောဟန်တပည့်များကြားသိသောအခါ သူ၏ရုပ်ကလာပ်ကိုယူသွား၍မြှုပ်နှံပြီး ယင်းကိစ္စကို ယေရှုအားအကြောင်းကြားသည်။

နောင်တွင် လူတို့ကိုရောဂါကုသ၍နတ်ဆိုးများကို ယေရှုနှင်ထုတ်နေကြောင်း ဟေရုဒ်သတင်းရသောအခါ ယေရှုသည် သေရာမှထမြောက်လာသောယောဟန်ပင်ဖြစ်သည်ဟုမှတ်ပြီး အလွန်ကြောက်လန့်နေသည်။ ထိုနောက် ယေရှု၏တရားစကားကိုနားထောင်လို၍မဟုတ် သူ၏စိုးရိမ်ချက်များ မှန်မမှန်သိရှိခြင်းငှာ ယေရှုကိုအလွန်တွေ့ဆုံလိုလေသည်။ မဿဲ ၁၀:၁-၅၊ ၁၁:၁၊ ၁၄:၁-၁၂။ မာကု ၆:၁၄-၂၉။ လုကာ ၉:၇-၉။

▪ ယောဟန်အဘယ်ကြောင့်ထောင်ကျနေသနည်း။ သူ့အား ဟေရုဒ်အဘယ်ကြောင့်မသတ်ပစ်လိုသနည်း။

▪ ဟေရောဒိသည် ယောဟန်ကို နောက်ဆုံးမည်သို့သတ်ပစ်နိုင်သနည်း။

▪ ယောဟန်သေဆုံးပြီးနောက် ယေရှုကိုဟေရုဒ်အဘယ်ကြောင့်တွေ့ဆုံလိုသနည်း။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ