ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • jy အခန်း ၅၁ စာ. ၁၂၆-စာ. ၁၂၇ ပိုဒ်. ၉
  • မွေးနေ့ပွဲအတွင်း လူသတ်မှု

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မွေးနေ့ပွဲအတွင်း လူသတ်မှု
  • ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • ဆင်တူတဲ့ အကြောင်းအရာ
  • မွေးနေ့ပွဲကျင်းပစဉ် လူသတ်မှု
    အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
  • နှစ်ခြင်းပေးသူ ယောဟန်ဆိုတာ တကယ် ရှိခဲ့သလား
    ထပ်ဆင့် အကြောင်းအရာများ
  • ပါတီပွဲအားလုံးကို ဘုရားသခင် ကြိုက်သလား
    ကြီးမြတ်သောဆရာထံမှ သင်ယူပါ
  • “ဟေရုဒ်မင်းလက်ထက်”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
jy အခန်း ၅၁ စာ. ၁၂၆-စာ. ၁၂၇ ပိုဒ်. ၉
၁။ ဟေရုဒ်မင်းရဲ့မွေးနေ့ပွဲမှာ ရှာလုံ ကပြဖျော်ဖြေနေ ၂။ ရှာလုံက နှစ်ခြင်းပေးသူယောဟန်ရဲ့ခေါင်းကို ဟေရောဒိဆီယူလာ

အခန်း ၅၁

မွေးနေ့ပွဲအတွင်း လူသတ်မှု

မဿဲ ၁၄:၁-၁၂ မာကု ၆:၁၄-၂၉ လုကာ ၉:၇-၉

  • ဟေရုဒ်မင်းက နှစ်ခြင်းပေးသူယောဟန်ကို ခေါင်းဖြတ်

ဂါလိလဲပြည်မှာ တမန်တော်တွေ အမှုဆောင်နေကြတယ်။ ယေရှုကို မိတ်ဆက်ပေးခဲ့တဲ့ နှစ်ခြင်းပေးသူ ယောဟန်ကတော့ ထောင်ကျနေတာ နှစ်နှစ်လောက်ရှိပြီ။

နယ်စားမင်း ဟေရုဒ်အန္တိပက သူ့ရဲ့ အဖေတူအမေကွဲ အစ်ကို ဖိလိပ္ပုရဲ့ဇနီး ဟေရောဒိကို ယူထားတယ်။ ဟေရောဒိကို လက်ထပ်ချင်တဲ့အတွက် မယားကြီးနဲ့ ကွာရှင်းခဲ့တယ်။ ဟေရုဒ်က မောရှေပညတ်ကို လိုက်နာတယ်လို့ ပြောပေမဲ့ ဒီလိုလက်ထပ်တာဟာ မောရှေပညတ်အရ အိမ်ထောင်ရေး ဖောက်ပြန်တာဖြစ်ပြီး တရားမ၀င်ဘူး။ ယောဟန်က ဒီကိစ္စကို လူသိရှင်ကြား ပြစ်တင်ပြောဆိုတဲ့အတွက် ဟေရုဒ်က သူ့ကိုထောင်ချလိုက်တယ်။ ဟေရောဒိ တိုက်တွန်းလို့လည်း ဖြစ်နိုင်တယ်။

လူတွေက “ယောဟန်ကို ပရောဖက်လို့ ယူမှတ်ကြ” လို့ ဟေရုဒ်က သူ့ကို ဘယ်လိုလုပ်ရမှန်းမသိ ဖြစ်နေတယ်။ (မဿဲ ၁၄:၅) ဟေရောဒိကတော့ အဲဒီလိုမဟုတ်ဘူး။ “ယောဟန်ကို ရန်ငြိုးထားပြီး” အခွင့်အရေးရရင် သတ်ပစ်ဖို့ အကြောင်းရှာနေတယ်။ (မာကု ၆:၁၉) နောက်ဆုံးတော့ အခွင့်ကောင်းပေါ်လာတယ်။

အေဒီ ၃၂၊ ပသခါပွဲ မတိုင်ခင်လေးမှာ ဟေရုဒ်က သူ့မွေးနေ့အတွက် အကြီးအကျယ် ပွဲလုပ်တယ်။ မွေးနေ့ပွဲကို အရာရှိတွေ၊ တပ်မှူးတွေ၊ ဂါလိလဲနယ်က အထင်ကရပုဂ္ဂိုလ်တွေ တက်ရောက်ကြတယ်။ ပွဲခံနေချိန်မှာ ဟေရောဒိနဲ့ သူ့အရင်ယောက်ျား ဖိလိပ္ပုရဲ့သမီး ရှာလုံက ဧည့်သည်တွေကို ကပြဖျော်ဖြေတယ်။ ဧည့်သည်တွေ တော်တော်သဘောကျသွားတယ်။

ဟေရုဒ်မင်းက သူ့မွေးနေ့ပွဲမှာ ရှာလုံ ကပြဖျော်ဖြေတာကို သဘောကျ

ဟေရုဒ်လည်း မယားပါသမီး ကပြတာကို အရမ်းသဘောကျသွားပြီး “မင်းလိုချင်တာ ဘာမဆို ငါပေးမယ်” လို့ပြောတယ်။ “ဘာပဲတောင်းတောင်း နိုင်ငံတစ်ဝက်အထိ ငါပေးမယ်” လို့တောင် အလေးအနက် ကတိပေးလိုက်တယ်။ ရှာလုံကလည်း အဖြေမပေးခင် သူ့အမေဆီသွားပြီး “ဘာတောင်းရင် ကောင်းမလဲ” လို့မေးတယ်။—မာကု ၆:၂၂-၂၄။

ဟေရောဒိအတွက် အခွင့်ကောင်း ပေါ်လာပြီပေါ့။ သူက ချက်ချင်းပဲ “နှစ်ခြင်းပေးသူ ယောဟန်ရဲ့ခေါင်းကို တောင်းလိုက်” လို့ပြောတာနဲ့ ရှာလုံလည်း ဟေရုဒ်ဆီ မြန်မြန်သွားပြီး “နှစ်ခြင်းပေးသူ ယောဟန်ရဲ့ခေါင်းကို အခုပဲ လင်ပန်းထဲ ထည့်ပေးစေချင်ပါတယ်” လို့တောင်းတယ်။—မာကု ၆:၂၄၊ ၂၅။

ဒီအခါ ဟေရုဒ် သိပ်ဝမ်းနည်းသွားတယ်။ ဒါပေမဲ့ ဧည့်သည်တွေရှေ့မှာ ရှာလုံကို အလေးအနက် ကတိပေးပြီးသား ဖြစ်နေပြီ။ အပြစ်မဲ့တဲ့လူတစ်ယောက်ကို သတ်ပစ်ရမှာ ဖြစ်ပေမဲ့လည်း သူ ကတိမဖျက်ချင်ဘူး။ ဒါကြောင့် ထိတ်လန့်စရာကောင်းတဲ့ အမိန့်ပေးပြီး ကိုယ်ရံတော်တစ်ယောက်ကို ထောင်ထဲလွှတ်လိုက်တယ်။ ကိုယ်ရံတော်လည်း ယောဟန်ရဲ့ခေါင်းကိုဖြတ်၊ လင်ပန်းထဲ ထည့်ယူလာပြီး ရှာလုံကိုပေးတော့ သူက အမေ့ဆီ ယူသွားပေးတယ်။

ဒီသတင်းကို ယောဟန်ရဲ့ တပည့်တွေ ကြားတဲ့အခါ အလောင်းကို လာသယ်သွားပြီး သင်္ဂြိုဟ်လိုက်တယ်။ ဒီနောက် ယေရှုဆီလာပြီး သတင်းပို့ကြတယ်။

လူတွေကို ယေရှု ကုသပေးတဲ့အကြောင်း၊ နတ်ဆိုးတွေကို နှင်ထုတ်တဲ့အကြောင်း နောက်ပိုင်းမှာ ဟေရုဒ်ကြားတဲ့အခါ အတော်လေး စိတ်ရှုပ်သွားတယ်။ ဒါတွေကို လုပ်နေတဲ့ ယေရှုဟာ “သေရာကနေ အသက်ပြန်ရှင်လာ” တဲ့ နှစ်ခြင်းပေးသူ ယောဟန်များလားဆိုပြီး သူတွေးနေမိတယ်။ (လုကာ ၉:၇) ဒါကြောင့် ယေရှုကို သိပ်တွေ့ချင်နေတယ်။ ယေရှုဟောပြောတာကို ကြားချင်လို့တော့ မဟုတ်ဘူး။ သူစိုးရိမ်နေတာတွေ တကယ်ဟုတ်မဟုတ် သိချင်လို့ တွေ့ချင်နေတာ။

  • နှစ်ခြင်းပေးသူယောဟန် ဘာကြောင့် ထောင်ကျတာလဲ။

  • ယောဟန်ကို သတ်ဖို့ ဟေရောဒိအတွက် ဘယ်လို အခွင့်ကောင်းပေါ်လာသလဲ။

  • ယောဟန်သေပြီးနောက် ဟေရုဒ်အန္တိပက ယေရှုကို ဘာကြောင့် တွေ့ချင်တာလဲ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ