ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • gt အခန်း ၈၅
  • ပျောက်သောအရာကို ရှာဖွေခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ပျောက်သောအရာကို ရှာဖွေခြင်း
  • အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
  • ဆင်တူတဲ့ အကြောင်းအရာ
  • ပျောက်သောအရာကို ရှာဖွေခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • နောင်တရတဲ့အပြစ်သားအတွက် ၀မ်းမြောက်ခြင်း
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • ဘုရားသခင့်ကရုဏာတော်ကို သင်အတုယူမည်လော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • “ငါ့ထံ၌နည်းခံကြလော့”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
နောက်ထပ် ကြည့်ပါ
အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
gt အခန်း ၈၅

အခန်း ၈၄

ပျောက်သောအရာကို ရှာဖွေခြင်း

ယေရှုသည် ဘုရားသခင်အားစိတ်နှိမ့်ချစွာဝတ်ပြုမည့်သူတို့ကို ရှာဖွေတွေ့ရှိရန်စိတ်ထက်သန်၏။ ထို့ကြောင့်နာမည်ဆိုးအပြစ်သားများအပါအဝင် လူတိုင်းကိုရှာ၍ နိုင်ငံတော်အကြောင်းဟော၏။ ထိုသို့သောသူများ တရားကြားနာရန် အထံတော်သို့ရောက်လာကြသည်။

ယင်းကိုတွေ့သောဖာရိရှဲနှင့်ကျမ်းတတ်တို့က အဖက်မတန်ဟုသူတို့ယူဆသော ထိုသူတို့နှင့်ပေါင်းဖော်ခြင်းအတွက် ယေရှုအား “ဤသူသည် အပြစ်သားတို့ကိုလက်ခံ၍ အတူစားသောက်ပါသည်တကား” ဟုအပြစ်တင်ပြောဆိုကြ၏။ သူတို့အတွက် အောက်တန်းကျလိုက်လေခြင်း။ ဖာရိရှဲများနှင့်ကျမ်းတတ်များသည် သာမညလူတန်းစားကို သူတို့ခြေအောက်မှ ဖုံမှုန့်ပမာ သဘောထားဆက်ဆံကြ၏။ ထိုသူတို့ကိုအထင်သေးကြောင်းဖေါ်ပြသည့်အနေနှင့် “မြေကြီးသား” ဟုအဓိပ္ပာယ်ရှိသော အမ်ဟာအရက်စ် (‘am ha·’a’‏rets) ဟူသောဟေဗြဲအသုံးအနှုန်းကိုသုံးစွဲကြသည်။

အခြားတစ်ဖက်၌ကြည့်လျှင် ယေရှုသည်လူတိုင်းနှင့်သိက္ခာရှိရှိ၊ သနားကြင်နာစွာဆက်ဆံ၏။ သို့နှင့်ဒုစရိုက်ဘက်တွင်နာမည်ကြီးသူများအပါအဝင် ဤသိမ်ငယ်သူအများသည် ကိုယ်တော့်တရားကိုကြားနာရန် စိတ်ထက်သန်ကြသည်။ သို့သော် အဖက်မတန်ဟုဖာရိရှဲတို့သဘောထားသူများဘက်မှ ယေရှုအားထုတ်လုပ်ဆောင်ပေးခြင်းကို ဖာရိရှဲတို့အပြစ်တင်ခြင်းကို မည်သို့ဆိုမည်နည်း။

သူတို့၏ကန့်ကွက်မှုကို ဥပမာတစ်ခုဖြင့်ယေရှုချေပသည်။ မိမိတို့သည်ဖြောင့်မတ်၍ ဘုရားသိုးခြံအတွင်း၌ဘေးကင်းစွာရှိကြပြီး၊ ယုတ်ညံ့သောအမ်ဟာအရက်စ် တို့မူကား လမ်းလွဲ၍ပျောက်ဆုံးနေသောအခြေအနေတွင်ရှိသည်ဟူသည့် ဖာရိရှဲတို့၏အမြင်ကိုမှီငြမ်း၍ ကိုယ်တော်မိန့်ဆိုသည်ကိုနားထောင်ပါလေ။

“သင်တို့တွင် တစ်စုံတစ်ယောက်သောသူ၌သိုးတစ်ရာရှိ၍ သိုးတစ်ကောင်ပျောက်လျှင် ကိုးဆယ်ကိုးကောင်သောသိုးတို့ကို တောတွင်ထားခဲ့ပြီးမှ ပျောက်သောသိုးတစ်ကောင်ကိုမတွေ့မီတိုင်အောင် သွား၍မရှာဘဲနေမည်လော။ တွေ့ပြီးလျှင်ဝမ်းမြောက်သောစိတ်နှင့်ပခုံးပေါ်မှာတင်ထမ်း၍ မိမိအိမ်သို့ရောက်သောအခါ အဆွေခင်ပွန်းအိမ်နီးချင်းများကိုခေါ်၍ ‘ပျောက်သောသိုးကိုငါတွေ့ပြီ၊ ငါနှင့်အတူဝမ်းမြောက်လော့’ ဟုဆိုတတ်သည်မဟုတ်လော။”

ထိုနောက် ပုံဥပမာ၏သက်ဆိုင်ပုံအကြောင်း ဤသို့ဆက်၍ရှင်းပြ၏။ “ထိုနည်းတူ ဖြောင့်မတ်၍နောင်တရစရာအကြောင်းမရှိသူကိုးဆယ်ကိုးယောက်တို့၌ ကောင်းကင်သားတို့သည်ဝမ်းမြောက်ခြင်းရှိသည်ထက် နောင်တရသောလူဆိုးတစ်ယောက်၌ သာ၍ဝမ်းမြောက်ခြင်းရှိကြသည်ဟုငါဆို၏။”

ဖာရိရှဲတို့သည် မိမိတို့ကိုယ်ကိုဖြောင့်မတ်သူများ၊ နောင်တယူစရာမလိုသူများဟု ယူဆကြသည်။ လွန်ခဲ့သောနှစ်နှစ်လောက်က အခွန်ခံများ၊ အပြစ်သားများနှင့်အတူ ယေရှုစားသောက်ခြင်းကို သူတို့အပြစ်တင်ခဲ့စဉ် ကိုယ်တော်က “ငါကားဖြောင့်မတ်သောသူတို့ကိုခေါ်ရန်မဟုတ်၊ အပြစ်သားတို့ကိုခေါ်ရန်ရောက်လာသည်” ဟုမိန့်ဆို၏။ နောင်တယူရန်လိုကြောင်းမမြင်ဘဲ မိမိတို့သာလျှင်ဖြောင့်မတ်သည်ဟူသောအတွေးအထင်ရှိသူ ဖာရိရှဲတို့သည် ကောင်းကင်ဘုံတွင် ဝမ်းမြောက်ခြင်းမဆောင်ကြဉ်းပေးနိုင်ကြချေ။ သို့သော်နောင်တရသောအပြစ်သားများဆောင်ကြဉ်းပေးနိုင်သည်။

ပျောက်ဆုံးသောအပြစ်သားတစ်ယောက် နောင်တယူပြောင်းလဲလာခြင်းသည် အကြီးအကျယ်ဝမ်းမြောက်စရာဖြစ်ကြောင်း ထပ်ဆင့်လေးနက်စေရန် အခြားဥပမာတစ်ရပ်ကိုယေရှုမိန့်ကြား၏။ “တစ်စုံတစ်ယောက်သောမိန်းမ၌ ငွေဆယ်ပြားရှိ၍ တစ်ပြားပျောက်လျှင် ဆီမီးကိုထွန်း၍ မတွေ့မီတိုင်အောင် တစ်အိမ်လုံးကိုလှည်း၍ စေ့စေ့မရှာဘဲနေမည်လော။ တွေ့ပြီးလျှင် အဆွေခင်ပွန်းအိမ်နီးချင်းများကိုခေါ်၍ ‘ပျောက်သောငွေကိုငါတွေ့ပြီ။ ငါနှင့်အတူဝမ်းမြောက်ကြလော့’ ဟုဆိုတတ်သည်မဟုတ်လော။”

ထိုနောက်အလားတူသက်ဆိုင်ပုံကိုဖေါ်ပြ၍ “ထိုနည်းတူငါဆိုသည်ကား ဘုရားသခင်၏ကောင်းကင်တမန်တို့သည် နောင်တရသောလူဆိုးတစ်ယောက်၌ ဝမ်းမြောက်ခြင်းရှိကြသည်” ဟုမိန့်ဆို၏။

ပျောက်ဆုံးနေသောအပြစ်သားများပြောင်းလဲနောင်တရခြင်းအတွက် ဘုရားသခင့်ကောင်းကင်တမန်များထားရှိသည့် မေတ္တာပြည့်ဝသောကြောင့်ကြမှုသည် ထူးခြားလှပေသည်။ အထူးသဖြင့် တစ်ချိန်ကသိမ်ငယ်၍ အထင်သေးအမြင်သေးခံရသောဤအမ်ဟာအရက်စ် တို့သည် အဆုံး၌ ဘုရားသခင့်နိုင်ငံတော်အဖွဲ့ဝင်များဖြစ်လာကြမည်ဟူသောအချက်ကြောင့် ထူးခြားခြင်းဖြစ်သည်။ သို့နှင့် ဤသူတို့သည် ကောင်းကင်တွင် ကောင်းကင်တမန်များထက်ကြီးမြင့်သောရာထူးရရှိကြမည်။ သို့သော် ကောင်းကင်တမန်တို့သည် မနာလိုခြင်း၊ အထင်သေးခြင်း ရှိမည့်အစား ဤအပြစ်ရှိလူသားတို့သည် ဘဝ၌အခြေအနေအမျိုးမျိုးကိုကြုံတွေ့ဖြတ်သန်းခဲ့သူများဖြစ်ကြောင်း၊ ယင်းအတွေ့အကြုံတို့က သူတို့အား စာနာတတ်၍ကရုဏာပြည့်ဝသော ကောင်းကင်မင်းများနှင့်ယဇ်ပုရောဟိတ်များအဖြစ်အမှုထမ်းရန် အရည်အချင်းပြည့်ဝစေမည်ဖြစ်ကြောင်း စိတ်နှိမ့်ချစွာဖြင့်တန်ဖိုးထားကြသည်။ လုကာ ၁၅:၁-၁၀။ မဿဲ ၉:၁၃။ ၁ ကောရိန္သု ၆:၂၊ ၃။ ဗျာဒိတ် ၂၀:၆။

▪ နာမည်ဆိုးရှိသောအပြစ်သားများနှင့် ယေရှုအဘယ်ကြောင့်ပေါင်းဖော်တော်မူသနည်း။ ဖာရိရှဲတို့ထံမှ အဘယ်ဝေဖန်ချက်ပေါ်လာသနည်း။

▪ သာမညလူထုတို့ကို ဖာရိရှဲတို့မည်သို့သဘောထားသနည်း။

▪ အဘယ်ဥပမာများကို ယေရှုသုံးတော်မူသနည်း။ ယင်းတို့မှအဘယ်သင်ခန်းစာရနိုင်သနည်း။

▪ ကောင်းကင်တမန်များဝမ်းမြောက်ခြင်းသည် အဘယ်ကြောင့်ထူးခြားမွန်မြတ်လှသနည်း။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ