ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • gt အခန်း ၁၀၁
  • ဗေသနိရွာရှိ ရှိမုန်နေအိမ်ဝယ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဗေသနိရွာရှိ ရှိမုန်နေအိမ်ဝယ်
  • အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဗေသနိရွာရှိ ရှိမုန်နေအိမ်ဝယ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • ဗေသနိရွာက ရှိမုန်ရဲ့အိမ်မှာ ညစာစား
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • ယေရှုက လာဇရုကို အသက်ပြန်ရှင်လာစေ
    ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • ယေရှု ဘာကြောင့် ချက်ချင်းမသွားခဲ့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
နောက်ထပ် ကြည့်ပါ
အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
gt အခန်း ၁၀၁

အခန်း ၁၀၁

ဗေသနိရွာရှိ ရှိမုန်နေအိမ်ဝယ်

ယေရှုသည် ယေရိခေါမြို့မှထွက်ခွာ၍ တစ်နေ့တာခက်ခဲစွာသွားရသော ၁၂ မိုင်အတက်ခရီးရှိဗေသနိရွာသို့ဦးတည်တော်မူ၏။ ယေရိခေါသည် ပင်လယ်ရေမျက်နှာပြင်အောက် ပေ ၈၂၀ ရှိပြီး ဗေသနိရွာသည် ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၂၅၀၀ တွင်ရှိသည်။ ဗေသနိရွာသည် လာဇရုနှင့်နှမများ၏ဇာတိမြေဖြစ်ကြောင်း သင်သတိရပေမည်။ ဤရွာငယ်လေးသည် ယေရုရှလင်မြို့မှ ၂ မိုင်ခန့်အကွာ သံလွင်တောင်၏အရှေ့ ဆင်ခြေလျှောတွင်တည်ရှိသည်။

ပသခါပွဲအတွက်လူအတော်များများ ယေရုရှလင်မြို့သို့ရောက်နှင့်နေကြပြီ။ သူတို့သည် လူသေအလောင်းကိုထိတို့မိခြင်း၊ သို့မဟုတ် မစင်ကြယ်မှုတစ်ခုခုကိုပြုလုပ်မိခြင်းကြောင့် ဝိနည်းထုံးစံအရသန့်စင်မှုပြုရန် စောစီးစွာရောက်လာကြသည်။ ထို့ကြောင့် ပွဲတော်တွင်ပါဝင်နိုင်ရန် မိမိတို့ကိုယ်ကိုထုံးစံရှိသည်အတိုင်း သန့်စင်စေကြရ၏။ ကြိုတင်ရောက်နှင့်နေသူတို့သည် ဗိမာန်တော်တွင်စုဝေးကြစဉ် ပသခါပွဲသို့ယေရှုလာ၊ မလာ ခန့်မှန်းနေကြသည်။

ယေရှုနှင့်ပတ်သက်ပြီး ယေရုရှလင်မြို့တွင်အလွန်အငြင်းပွားနေကြသည်။ ဘာသာရေးခေါင်းဆောင်များသည် ယေရှုကိုဖမ်းဆီးပြီးသတ်ပစ်လိုကြကြောင်း လူအများသိထားကြသည်။ ကိုယ်တော်ရှိသည့်နေရာကိုသိပါက သူတို့ထံအကြောင်းကြားရန်အမိန့်ထုတ်ထားသည်။ လအနည်းက ယင်းဘာသာရေးခေါင်းဆောင်တို့သည် တဲတော်ပွဲ၊ ဆက်ကပ်အပ်နှံပွဲနှင့်လာဇရုကိုထမြောက်စေပြီးနောက်၊ ဤသုံးကြိမ်တိုင် ယေရှုကိုသတ်ပစ်ရန်ကြိုးစားခဲ့ကြသည်။ ထိုကြောင့် လူအများက “အဘယ်သို့ထင်ကြသနည်း၊” ယေရှုနောက်တစ်ဖန် လူထုရှေ့ရောက်ရှိလာဦးမည်လောဟု အချင်းချင်းမေးမြန်းနေကြသည်။

ထိုစဉ်ပင် ဂျူးပြက္ခဒိန်အရနိသန်လ ၁၄ ရက်တွင်ကျရောက်သည့် ပသခါပွဲမတိုင်မီခြောက်ရက်အလို၊ နိသန်လ ၈ ရက်နေ့၏အစ၊ သောကြာညနေပိုင်းတွင် ဗေသနိရွာသို့ယေရှုရောက်လေသည်။ သောကြာညနေပိုင်းမှ စနေညနေပိုင်းအထိဖြစ်သောဥပုသ်နေ့တွင်ခရီးမသွားရန် ဂျူးပညတ်ကကန့်သတ်တားမြစ်ထားသောကြောင့် ဗေသနိရွာသို့စနေနေ့တွင် ယေရှုသွားရန်မဖြစ်နိုင်။ ယခင်ကကဲ့သို့ လာဇရုအိမ်သို့သွားပြီး သောကြာညတစ်ညတည်းသည်။

သို့သော် ယခင်ကလူနူဖြစ်ခဲ့ဖူး၍ ယေရှု၏ကုသပေးမှုခံခဲ့ရသူတစ်ဦး၊ ဗေသနိရွာသားရှိမုန်သည် ယေရှုနှင့်အပေါင်းအပါတို့အား သူ့အိမ်တွင်စနေနေ့ညနေစာသုံးဆောင်ရန်ဖိတ်ခေါ်သည်။ ဝီရိယရှိသူတစ်ဦးဖြစ်သည့်အလျောက် မာသသည်ဧည့်သည်များကိုဧည့်ခံလုပ်ကျွေးနေသည်။ မာရိလည်း ခါတိုင်းကဲ့သို့ယေရှုကိုဧည့်ခံပြုစုသည်။ သို့သော်ဤတစ်ကြိမ်၌မူ အငြင်းပွားစရာအမှုကိုသူပြုမိသည်။

မာရိသည် တစ်နှစ်စာလုပ်ခနှင့်ညီမျှသည့် အလွန်တန်ဖိုးကြီးသော “နာဒုဆီမွှေးစစ်” တစ်ပေါင်ခန့်ထည့်ထားသောကျောက်ဖြူဘူး၊ သို့မဟုတ် ကရားငယ်တစ်လုံးကိုဖွင့်၍ ယေရှု၏ခေါင်းတော်၊ ခြေတော်ပေါ်သို့သွန်းလောင်းပြီး ခြေတော်ကိုမိမိဆံပင်ဖြင့်သုတ်လိမ်းနေစဉ် ဆီ၏အမွှေးရနံ့သည် တစ်အိမ်လုံးကိုသင်းပျံ့သွားသည်။

တပည့်များက “အဘယ်ကြောင့် အကျိုးမဲ့ဆုံးစေသနည်း” ဟုဒေါသဖြင့်မေးမြန်းကြသည်။ ထိုနောက်ယုဒရှကာရုတ်က “ထိုဆီမွှေးကို ဒေနာရိအပြားသုံးရာအဖိုးနှင့်ရောင်း၍ ဆင်းရဲသောသူတို့အား အဘယ်ကြောင့်မပေးသနည်း” ဟုဆို၏။ အမှန်မှာ ယုဒသည် တပည့်များ၏ငွေအိတ်မှငွေကိုခိုးယူလေ့ရှိပြီး ဆင်းရဲသားတို့၏အကျိုးကိုထောက်၍ဤသို့ဆိုသည်မဟုတ်။

ယေရှုသည် မာရိကိုဤသို့ကာကွယ်ပေးသည်။ “ထိုမိန်းမကိုရှိစေတော့။ ထိုမိန်းမကိုအဘယ်ကြောင့်နှောင့်ယှက်ကြသနည်း။ သူသည်ငါ၌ကောင်းသောအမှုကိုပြုပြီ။ ဆင်းရဲသောသူတို့သည် သင်တို့၌အစဉ်ရှိကြ၏။ ငါမူကား သင်တို့၌အစဉ်ရှိသည်မဟုတ်။ ဤဆီမွှေးကိုငါကိုယ်ပေါ်၌သွန်းလောင်းသည်မှာ ငါ့အလောင်းကိုသင်္ဂြိုဟ်မည်ဟုပြင်ဆင်ခြင်းငှာပြုသတည်း။ ငါအမှန်ဆိုသည်ကား ဧဝံဂေလိတရားကိုမြေတစ်ပြင်လုံးတွင်ဟောသောအရပ်ရပ်တို့၌ ဤမိန်းမကိုအောက်မေ့စရာဖို့ သူပြုသောဤအမှုကို ကြားပြောကြလတံ့ဟုမိန့်တော်မူ၏။”

ယေရှုသည် ဗေသနိရွာတွင် ၂၄ နာရီထက်မကကြာရှိနေပြီဖြစ်ရာ သူရောက်ရှိနေကြောင်း သတင်းပျံ့နှံ့သဖြင့် လူအများသည် ယေရှုအပြင်၊ ထိုတွင်ရောက်နေသောလာဇရုကိုပါကြည့်ခြင်းငှာ ရှိမုန်အိမ်သို့လာကြ၏။ ထို့ကြောင့်ယဇ်ပုရောဟိတ်အကြီးတို့သည် ယေရှုအပြင် လာဇရုကိုပါသတ်ရန် တိုင်ပင်စီရင်ကြသည်။ အဘယ်ကြောင့်ဆိုသော် ရှင်ပြန်ထမြောက်စေခဲ့သောလာဇရုကိုတွေ့ပြီး လူအများသည် ယေရှုကိုယုံကြည်လာကြသောကြောင့်ဖြစ်သည်။ ဤဘာသာရေးခေါင်းဆောင်များသည် မည်မျှဆိုးညစ်ယုတ်မာလှသည်တကား။ ယောဟန် ၁၁:၅၅–၁၂:၁၁။ မဿဲ ၂၆:၆-၁၃။ မာကု ၁၄:၃-၉။ တမန်တော် ၁:၁၂။

▪ ဗိမာန်တော်တွင် အဘယ်အကြောင်းဆွေးနွေးနေကြသနည်း။ အဘယ်ကြောင့်နည်း။

▪ ယေရှုသည် စနေနေ့တွင်မဟုတ်ဘဲသောကြာနေ့တွင် ဗေသနိရွာသို့ အဘယ်ကြောင့်ရောက်ရခြင်းဖြစ်သနည်း။

▪ ဗေသနိရွာသို့ယေရှုအဘယ်အချိန်တွင်ရောက်ရှိပြီး ဥပုသ်နေ့တွင် အဘယ်မှာရှိသနည်း။

▪ မာရိ၏အဘယ်အပြုအမူက အငြင်းပွားစရာဖြစ်လာပြီး သူမကိုယေရှုမည်သို့ကာကွယ်ပြောကြားသနည်း။

▪ ယဇ်ပုရောဟိတ်အကြီးတို့၏ ဆိုးညစ်ယုတ်မာမှုကို အဘယ်အရာကဖော်ပြသနည်း။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ