ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • gf သင်ခန်းစာ ၉ စာ. ၁၅
  • ဘုရားသခင့်မိတ်ဆွေများကား မည်သူတို့နည်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘုရားသခင့်မိတ်ဆွေများကား မည်သူတို့နည်း
  • သင်သည် ဘုရားသခင့်မိတ်ဆွေဖြစ်နိုင်!
  • ဆင်တူတဲ့ အကြောင်းအရာ
  • သန်းနဲ့ချီတဲ့ နာမ်ဝိညာဉ်သားများ
    လူသေတွေရဲ့ဝိညာဉ်—ကောင်းကျိုးပြုနိုင်သလား၊ အန္တရာယ်ပေးနိုင်သလား။ တကယ်ကော တည်ရှိရဲ့လား။
  • ကောင်းကင်တမန်များ—‘အမှုထမ်းရန် စေလွှတ်ခံရသော ဝိညာဉ်သတ္တဝါများ’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • လူသေလျှင် ကောင်းကင်တမန်ဖြစ်သွားသည်ဟု သမ္မာကျမ်းစာသွန်သင်သလော
    နိုးလော့!—၂၀၀၆
  • ကျမ်းစာမေးခွန်းတွေရဲ့ အဖြေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
နောက်ထပ် ကြည့်ပါ
သင်သည် ဘုရားသခင့်မိတ်ဆွေဖြစ်နိုင်!
gf သင်ခန်းစာ ၉ စာ. ၁၅

အခန်း ၉

ဘုရားသခင့်မိတ်ဆွေများကား မည်သူတို့နည်း

ဘုရားသခင့်နိုင်ငံတော်၏ဘုရင် ယေရှုခရစ်နှင့် ကောင်းကင်တမန်များ ဟောပြောခြင်းလုပ်ငန်းကို ညွှန်ကြားနေ

ယေရှုခရစ်သည် ယေဟောဝါ၏သားတော်ဖြစ်ပြီး ကိုယ်တော်၏အရင်းနှီးဆုံး၊ အမြတ်နိုးဆုံးမိတ်ဆွေဖြစ်၏။ ယေရှုသည် လူသားတစ်ဦးအဖြစ် မြေကြီးပေါ်မနေထိုင်မီက တန်ခိုးကြီးသောနာမ်ဝိညာဉ်သတ္တဝါတစ်ပါးအဖြစ် ကောင်းကင်တွင်နေထိုင်ခဲ့သည်။ (ယောဟန် ၁၇:၅) ထို့နောက် မြေကြီးပေါ်ကြွလာ၍ ဘုရားသခင်နှင့်ပတ်သက်သောအမှန်တရားကို လူတို့အားသွန်သင်ပေးသည်။ (ယောဟန် ၁၈:၃၇) နာခံသည့်လူသားများကို အပြစ်နှင့်သေခြင်းမှကယ်တင်ရန် မိမိ၏လူသားအသက်ကိုလည်းစွန့်ခဲ့သည်။ (ရောမ ၆:၂၃) ယခု ယေရှုသည် မြေကြီးကိုပရဒိသုဖြစ်စေမည့် ကောင်းကင်အစိုးရတည်းဟူသော ဘုရားသခင့်နိုင်ငံတော်၏ဘုရင်ဖြစ်၏။—ဗျာဒိတ် ၁၉:၁၆။

ကောင်းကင်တမန်များသည်လည်း ဘုရားသခင့်မိတ်ဆွေများဖြစ်ကြသည်။ ကောင်းကင်တမန်များသည် လူသားများကဲ့သို့ မြေကြီးပေါ်အသက်စတင်ခဲ့ခြင်းမဟုတ်ပါ။ ဘုရားသခင်သည် မြေကြီးကိုမဖန်ဆင်းမီ သူတို့ကိုကောင်းကင်၌ဖန်ဆင်းခဲ့သည်။ (ယောဘ ၃၈:၄-၇) ကောင်းကင်တမန် သန်းပေါင်းများစွာရှိ၏။ (ဒံယေလ ၇:၁၀) ဘုရားသခင်၏ ဤကောင်းကင်ဆိုင်ရာမိတ်ဆွေများသည် ယေဟောဝါနှင့်ပတ်သက်သောအမှန်တရားကို လူတို့အားသင်ယူစေလိုကြသည်။—ဗျာဒိတ် ၁၄:၆၊ ၇။

အမျိုးသမီးတစ်ယောက်ကို ယေဟောဝါသက်သေများ ဟောပြောနေ

မြေကြီးပေါ်၌လည်း ဘုရားသခင့်မိတ်ဆွေများရှိကြသည်; သူတို့ကို မိမိ၏သက်သေများဟု ကိုယ်တော်ခေါ်ဆို၏။ တရားရုံးရှိသက်သေတစ်ဦးသည် တစ်စုံတစ်ဦး သို့မဟုတ် တစ်စုံတစ်ရာနှင့်ပတ်သက်၍ သူသိရှိထားရာကိုထွက်ဆိုသည်။ ယေဟောဝါသက်သေများသည် ယေဟောဝါနှင့် ကိုယ်တော်၏ရည်ရွယ်ချက်နှင့်စပ်လျဉ်း၍ သူတို့သိရှိထားရာကို သူတစ်ပါးအားပြောပြကြသည်။ (ဟေရှာယ ၄၃:၁၀) သက်သေခံများသည် ကောင်းကင်တမန်များကဲ့သို့ပင် ယေဟောဝါနှင့်ပတ်သက်သောအမှန်တရားကို လေ့လာသင်ယူရာတွင် သင့်အားကူညီပေးလိုကြသည်။ သူတို့က သင့်ကိုလည်း ဘုရားသခင့်မိတ်ဆွေဖြစ်စေလိုကြ၏။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ