ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • gf သင်ခန်းစာ ၁၄ စာ. ၂၂-၂၃
  • ဘုရားသခင့်မိတ်ဆွေများသည် မကောင်းမှုကို ရှောင်ကြဉ်ကြ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘုရားသခင့်မိတ်ဆွေများသည် မကောင်းမှုကို ရှောင်ကြဉ်ကြ
  • သင်သည် ဘုရားသခင့်မိတ်ဆွေဖြစ်နိုင်!
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘုရားသခင်ရွံမုန်းသော အကျင့်အကြံများ
    ကျွန်ုပ်တို့ထံမှ ဘုရားသခင် အဘယ်အရာတောင်းဆိုတော်မူသနည်း
  • ဘုရားသခင့်မျက်နှာသာ ရဖို့ ဘာလုပ်ရမလဲ
    ဘုရားသခင့်စကား နားထောင်ကာ ထာဝစဉ်အသက်ရှင်ပါ
  • အပိုင်း ၁၃
    ဘုရားသခင့်စကား နားထောင်ပါ
  • လူဆိုးတို့ကို နောက်တစ်ခါ ဘုရားသခင် ဖျက်ဆီးဦးမည်လော
    ကမ္ဘာသားဘဝ ထာဝရစံစားကြ!
နောက်ထပ် ကြည့်ပါ
သင်သည် ဘုရားသခင့်မိတ်ဆွေဖြစ်နိုင်!
gf သင်ခန်းစာ ၁၄ စာ. ၂၂-၂၃

အခန်း ၁၄

ဘုရားသခင့်မိတ်ဆွေများသည် မကောင်းမှုကိုရှောင်ကြဉ်ကြ

မကောင်းမှုပြုရန် စာတန် လူတို့ကိုဖြားယောင်းသွေးဆောင်သည်။ ဘုရားသခင့်မိတ်ဆွေဖြစ်လိုသူတစ်ဦးသည် ယေဟောဝါစက်ဆုပ်ရွံရှာရာများကို မုန်းတီးဖို့လိုသည်။ (ဆာလံ ၉၇:၁၀) ဘုရားသခင့်မိတ်ဆွေများ ရှောင်ကြဉ်ကြသောအရာအချို့ကား–

လိင်ဆိုင်ရာအပြစ်များ၊ သောက်ကြူးခြင်း၊ ကိုယ်ဝန်ဖျက်ချခြင်း၊ ခိုးခြင်း၊ လိမ်ညာခြင်း၊ အမျက်ဒေါသကို မထိန်းချုပ်ခြင်း၊ လောင်းကစားခြင်းကို  ယေဟောဝါ စက်ဆုပ်ရွံရှာ

လိင်ဆိုင်ရာအပြစ်များ။ “သူ့မယားကိုမပြစ်မှားရ။” (ထွက်မြောက်ရာ ၂၀:၁၄၊ ကဘ) လက်မထပ်မီ လိင်ဆက်ဆံခြင်းသည်လည်း မှား၏။—၁ ကောရိန္သု ၆:၁၈။

သောက်ကြူးခြင်း။ “သေရည်သေရက်နှင့်ယစ်မူးသောသူ . . . သည် ဘုရားသခင်၏နိုင်ငံတော်ကို အမွေမခံရကြ။”—၁ ကောရိန္သု ၆:၁၀။

လူသတ်မှု၊ ကိုယ်ဝန်ဖျက်ချခြင်း။ “လူ့အသက်ကိုမသတ်ရ။”—ထွက်မြောက်ရာ ၂၀:၁၃၊ ကဘ။

ခိုးယူခြင်း။ “သူ့ ဥစ္စာကိုမခိုးရ။”—ထွက်မြောက်ရာ ၂၀:၁၅၊ ကဘ။

လိမ်လည်ခြင်း။ ယေဟောဝါသည် “မုသာ၌ကျင်လည်သောလျှာ” ကိုမုန်းတော်မူ၏။—သုတ္တံ ၆:၁၇။

အကြမ်းဖက်ခြင်းနှင့် မထိန်းချုပ်နိုင်သောအမျက်ဒေါသ။ “လုယူဖျက်ဆီးလိုသောသူကို [ယေဟောဝါ] မုန်းတော်မူ၏။” (ဆာလံ ၁၁:၅) “ဇာတိပကတိအကျင့်တို့တွင် . . . အမျက်ထွက်ခြင်း [ပါဝင်၏။]”—ဂလာတိ ၅:၁၉၊ ၂၀။

လောင်းကစားခြင်း။ “လောဘလွန်ကျူး . . . သူတို့နှင့် မပေါင်းဖော်ရ။”—၁ ကောရိန္သု ၅:၁၁။

လူမျိုးနွယ်၊ လူမျိုးစုမုန်းတီးခြင်းများ။ “သင်တို့၏ရန်သူတို့ကိုချစ်ကြလော့။ . . . သင်တို့ကို နှောင့်ယှက်ညှဉ်းဆဲသောသူတို့အဖို့ ဘုရားသခင်ကို ဆုတောင်းကြလော့။”—မဿဲ ၅:၄၃၊ ၄၄။

ဘုရားသခင်မိန့်တော်မူရာများသည် ကျွန်ုပ်တို့ကောင်းကျိုးအတွက်ဖြစ်၏။ မကောင်းမှုများကို ရှောင်ကြဉ်ခြင်းသည် အစဉ်သဖြင့်မလွယ်ကူချေ။ ယေဟောဝါနှင့် ကိုယ်တော့်သက်သေများ၏အကူအညီဖြင့် ဘုရားသခင်မနှစ်သက်ရာများကို သင်ရှောင်ကြဉ်နိုင်သည်။—ဟေရှာယ ၄၈:၁၇; ဖိလိပ္ပိ ၄:၁၃; ဟေဗြဲ ၁၀:၂၄၊ ၂၅။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ