ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • rq သင်ခန်းစာ ၁၀ စာ. ၂၀-၂၁
  • ဘုရားသခင်ရွံမုန်းသော အကျင့်အကြံများ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘုရားသခင်ရွံမုန်းသော အကျင့်အကြံများ
  • ကျွန်ုပ်တို့ထံမှ ဘုရားသခင် အဘယ်အရာတောင်းဆိုတော်မူသနည်း
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘုရားသခင့်မိတ်ဆွေများသည် မကောင်းမှုကို ရှောင်ကြဉ်ကြ
    သင်သည် ဘုရားသခင့်မိတ်ဆွေဖြစ်နိုင်!
  • လောင်းကစားခြင်း
    နိုးလော့!—၂၀၁၅
  • လောင်းကစားလုပ်တာ အပြစ်လား
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • သင်ပါဝင်ပတ်သက်နေသော အရေးကိစ္စ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့ထံမှ ဘုရားသခင် အဘယ်အရာတောင်းဆိုတော်မူသနည်း
rq သင်ခန်းစာ ၁၀ စာ. ၂၀-၂၁

သင်ခန်းစာ ၁၀

ဘုရားသခင်ရွံမုန်းသော အကျင့်အကြံများ

ဘုရားသခင်က မကောင်းမှုဟု မိန့်မှာထားသည့်အရာများကို သင်မည်သို့ယူမှတ်သင့်သနည်း။ (၁)

အဘယ်ကဲ့သို့သော လိင်ဆိုင်ရာအမူအကျင့်များသည် မှားယွင်းသနည်း။ (၂)

လိမ်လည်ခြင်း၊ (၃) လောင်းကစားခြင်း၊ (၃) ခိုးခြင်း၊ (၃) အကြမ်းဖက်မှု၊ (၄) နတ်ဝိဇ္ဇာအတတ်၊ (၅) အရက်အလွန်အကျွံသောက်ခြင်းတို့ကို ခရစ်ယာန်တစ်ဦး မည်သို့ရှုမြင်သင့်သနည်း။ (၆)

မကောင်းသည့် အကျင့်အကြံများမှ လူတစ်ဦး မည်သို့လွတ်မြောက်နိုင်မည်နည်း။ (၇)

၁။ ဘုရားသခင့်ကျေးကျွန်များသည် ကောင်းသောအရာကို မြတ်နိုးကြ၏။ သို့သော် မကောင်းသောအရာကိုလည်း ရွံမုန်းတတ်ရမည်။ (ဆာလံ ၉၇:၁၀) ယင်းက ဘုရားသခင်ရွံမုန်းသောအကျင့်အကြံအချို့ကို ရှောင်ကြဉ်ရမည်ဟု ဆိုလိုခြင်းဖြစ်၏။ ထိုအကျင့်အကြံအချို့ကား အဘယ်နည်း။

၂။ မတရားမေထုန်– လက်မထပ်မီသံဝါသပြုခြင်း၊ သူ့သားအိမ်ရာပြစ်မှားခြင်း၊ တိရစ္ဆာန်နှင့် ကာမစပ်ယှက်ခြင်း၊ သွေးသားနီးစပ်သူနှင့် ကာမဆက်ဆံခြင်းနှင့် လိင်တူမေထုန်ပြုခြင်းတို့အားလုံးသည် ဘုရားသခင်ကို ကြီးလေးစွာပြစ်မှားခြင်းဖြစ်၏။ (ဝတ်ပြုရာ ၁၈:၆; ရောမ ၁:၂၆၊ ၂၇; ၁ ကောရိန္သု ၆:၉၊ ၁၀) မောင်နှံစုံတစ်စုံသည် လက်မထပ်သေးဘဲ အတူနေထိုင်နေကြမည်ဆိုလျှင် သူတို့သည် ခွဲခွာသင့်၏ သို့မဟုတ် တရားဝင်လက်ထပ်သင့်၏။—⁠ဟေဗြဲ ၁၃:၄။

၃။ လိမ်လည်ခြင်း၊ လောင်းကစားခြင်း၊ ခိုးခြင်း– ယေဟောဝါဘုရားသခင်သည် မုသားမသုံးနိုင်ပေ။ (တိတု ၁:၂) ကိုယ်တော်၏မျက်နှာသာရလိုသော ပုဂ္ဂိုလ်များသည် လိမ်လည်ပြောဆိုခြင်းကို ကြဉ်ရှောင်ရမည်။ (သု. ၆:၁၆-၁၉; ကောလောသဲ ၃:၉၊ ၁၀) လောင်းကစားမှုပုံစံအားလုံးတို့သည် လောဘကြီးခြင်းနှင့် ညစ်စွန်းလျက်ရှိ၏။ ထို့ကြောင့် ခရစ်ယာန်များသည် . . . မည်သည့်လောင်းကစားပွဲမျိုး၌မျှ မပါဝင်ကြချေ။ (ဧဖက် ၅:၃-၅) ထို့ ပြင် ခရစ်ယာန်များသည် ခိုးမှုကိုလည်း မကျူးလွန်ကြပါ။ သူတို့သည် ခိုးရာပါပစ္စည်းများကို သိသိနှင့်ဝယ်ယူမည်မဟုတ်သကဲ့သို့ အခွင့်မရှိဘဲ ပစ္စည်းပစ္စယများကို ယူကြမည်မဟုတ်ပါ။—⁠ထွက်မြောက်ရာ ၂၀:၁၅; ဧဖက် ၄:၂၈။

၄။ အမျက်ဒေါသ၊ အကြမ်းဖက်မှု– ဒေါသကိုမထိန်းချုပ်နိုင်ခြင်းက အကြမ်းဖက်မှုကို ပြုစေနိုင်၏။ (ကမ္ဘာဦး ၄:၅-၈) အကြမ်းဖက်သောပုဂ္ဂိုလ်တစ်ဦးသည် ဘုရားသခင်၏အဆွေ မဖြစ်နိုင်။ (ဆာလံ ၁၁:၅; သု. ၂၂:၂၄၊ ၂၅) ကျွန်ုပ်တို့ကို အခြားသူများ ပြုကောင်းပြုမည့် မကောင်းမှုကို လက်စားချေခြင်း သို့မဟုတ် အဆိုးနှင့်တုံ့ ပြန်ခြင်းသည် မှား၏။—⁠သု. ၂၄:၂၉; ရောမ ၁၂:၁၇-၂၁။

၅။ မှော်အတတ်ဆိုင်ရာ ဂါထာများနှင့် နတ်ဝိဇ္ဇာအတတ်– အချို့သောသူတို့သည် ဖျားနာမှုများကိုကုသပေးရန် ဝိညာဉ်တန်ခိုးများကို တောင်းခံကြ၏။ အခြားသူများမှာမူ သူတို့၏ရန်သူများကို ဖျားနာစေရန် သို့မဟုတ် သူတို့ကို သေစေရန် ဂါထာမန်းမှုတ်ခြင်းကို ပြုတတ်ကြ၏။ ဤလုပ်ရပ်အားလုံးတို့၏နောက်ကွယ်ရှိ အင်အားစုမှာ စာတန်ပင်ဖြစ်သည်။ ထို့ကြောင့် ခရစ်ယာန်များ ယင်းတို့တစ်စုံတစ်ခုနှင့်မျှ မပတ်သက်ရပေ။ (တရားဟောရာ ၁၈:၉-၁၃) ကျွန်ုပ်တို့ကို အခြားသူများပြုကောင်းပြုမည့် ဂါထာမန်းမှုတ်ခြင်းများမှ အကောင်းဆုံးအကာအကွယ်မှာ ယေဟောဝါနှင့် တရင်းတနှီးရှိခြင်းပင်ဖြစ်သည်။—⁠သု. ၁၈:၁၀။

၆။ အရက်အလွန်အကျွံသောက်ခြင်း– ဝိုင်၊ ဘီယာ သို့မဟုတ် အခြားအဖျော်ယမကာ အနည်းငယ်ကိုသောက်သုံးခြင်းသည် မမှား။ (ဆာလံ ၁၀၄:၁၅; ၁ တိမောသေ ၅:၂၃) သို့သော် အရက်အလွန်အကျွံသောက်သုံးခြင်းသည် ဘုရားသခင်၏မျက်မှောက်တော်၌ မှား၏။ (၁ ကောရိန္သု ၅:၁၁-၁၃; ၁ တိမောသေ ၃:၈) အရက်အလွန်အကျွံသောက်သုံးခြင်းသည် သင့်ကျန်းမာရေးကို ထိခိုက်စေနိုင်ပြီး သင့်မိသားစုကို ပြိုကွဲစေနိုင်၏။ အခြားသောသွေးဆောင်မှုများကိုလည်း အလျင်အမြန်အလျှော့ပေးလိုက်လျောစေနိုင်၏။—⁠သု. ၂၃:၂၀၊ ၂၁၊ ၂၉-၃၅။

၇။ မကောင်းမှုဟု ဘုရားသခင်မိန့်မှာတော်မူသောအရာများကို ကျင့်ကြံသူများသည် “ဘုရားသခင်၏နိုင်ငံတော်ကို အမွေမခံရကြ။” (ဂလာတိ ၅:၁၉-၂၁) ဘုရားသခင်ကို သင်တကယ်ချစ်မြတ်နိုး၍ ကိုယ်တော့်အလိုတော်နှင့်တွေ့လိုပါက ဤအကျင့်အကြံများမှ သင်လွတ်မြောက်နိုင်၏။ (၁ ယောဟန် ၅:၃) မကောင်းမှုဟု ဘုရားသခင်မိန့်မှာထားသောအရာတို့ကို မုန်းတီးတတ်ရန် သင်ယူပါ။ (ရောမ ၁၂:၉) ဘုရားရေးရာအလေ့အထရှိသူများနှင့် ပေါင်းသင်းပါ။ (သု. ၁၃:၂၀) ရင့်ကျက်သောခရစ်ယာန်အပေါင်းအသင်းများသည် အကူအညီဖြစ်ပေလိမ့်မည်။ (ယာကုပ် ၅:၁၄) ယင်းတို့အားလုံးထက် ဆုတောင်းခြင်းဖြင့် ဘုရားသခင်၏အကူအညီကို အားထားပါလေ။—⁠ဖိလိပ္ပိ ၄:၆၊ ၇၊ ၁၃။

[စာမျက်နှာ ၂၀၊ ၂၁ ပါ ရုပ်ပုံ]

ဘုရားသခင်သည် အရက်အလွန်အကျွံသောက်ခြင်း၊ ခိုးခြင်း၊ လောင်းကစားခြင်းနှင့် အကြမ်းဖက်သည့်အမူအကျင့်များကို ရွံမုန်းတော်မူ၏

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ