ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • la အပိုင်း ၄ စာ. ၁၅-၁၇
  • ပြိုင်စံရှားစာအုပ် အာဘော်ရှင်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ပြိုင်စံရှားစာအုပ် အာဘော်ရှင်
  • ကျေနပ်ပျော်ရွှင်ဖွယ် အသက်တာ ပိုင်ဆိုင်နိုင်ပုံ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဖန်ဆင်းရှင်သည်သင့်ဘဝကို ပို၍အဓိပ္ပာယ်ရှိစေနိုင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
  • ဖန်ဆင်းခြင်း
    ကျမ်းစာဖြင့် ကျိုးကြောင်းဆင်ခြင်ခြင်း
  • ကျွန်ုပ်တို့၏စကြဝဠာ မည်သို့ဖြစ်ပေါ်လာသနည်း—အငြင်းပွားမှု
    သင့်အား ဂရုစိုက်စောင့်ရှောက်သည့် ဖန်ဆင်းရှင်တစ်ပါး ရှိ၏လော
  • ကျွန်ုပ်တို့အားမည်သူပြောပြနိုင်သနည်း
    ဘဝ ရည်ရွယ်ချက်ကား အဘယ်နည်း ယင်းကိုသင်မည်သို့ရှာတွေ့နိုင်သနည်း
နောက်ထပ် ကြည့်ပါ
ကျေနပ်ပျော်ရွှင်ဖွယ် အသက်တာ ပိုင်ဆိုင်နိုင်ပုံ
la အပိုင်း ၄ စာ. ၁၅-၁၇

အပိုင်း ၄

ပြိုင်စံရှားစာအုပ် အာဘော်ရှင်

ဘုရားသခင်ကို ယုံကြည်တယ်လို့ဆိုတဲ့ အမေရိကန်နိုင်ငံသား ၉၆ ရာခိုင်နှုန်းခန့် ရှိပေမဲ့ ဥရောပနဲ့ အာရှတိုက်မှာ အဲဒီထက် အဆမတန် နည်းတယ်။ ဘုရားသခင်ကို မယုံကြည်သူအများစု နေထိုင်တဲ့ နိုင်ငံတွေမှာတောင် စကြဝဠာကြီးဟာ တစ်စုံတစ်ရာသော စွမ်းအားကြောင့် ဖြစ်ပေါ်လာတယ်လို့ တချို့ ယူဆကြတယ်။ ဂျပန်ငွေ ၁၀,၀၀၀ တန်ပေါ်မှာ တွေ့ရတဲ့ ဂျပန်ပညာရှင် ယူကီချီ ဖူကူဇာဝါက “လူတွေကို ဘဝ အနိမ့်အမြင့် ခွဲခြားပြီး ကောင်းကင်ဘုံက မဖန်ဆင်းထားဘူးဆိုတဲ့ အဆိုရှိတယ်” လို့ ပြောဖူးတယ်။ “ကောင်းကင်ဘုံ” ဆိုတာ လူသားတွေကို ဖြစ်ပေါ်စေတယ်လို့ ဖူကူဇာဝါ ယူဆတဲ့ သဘာဝတရားကို ရည်ညွှန်းတယ်။ နိုဘဲလ်ဆုရှင် ကင်နီချီ ဖူကူအီလိုပဲ လူများစွာလည်း အကောင်အထည်မဲ့ “ကောင်းကင်ဘုံ” အယူအဆကို လက်ခံကြတယ်။ ဖူကူအီက စကြဝဠာမှာ မဟာအရင်းမူလ ရှိကြောင်း၊ ဘာသာရေးအခေါ်အရ “ဘုရားသခင်” ရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပေမဲ့ “သဘာဝတရားရဲ့ တစ်မူထူးတဲ့ လက္ခဏာ” လို့ခေါ်ဆိုတယ်။

ယူကီချီ ဖူကူဇာဝါ၊ ကင်နီချီ ဖူကူအီ

ဝဲ။ ယူကီချီ ဖူကူဇာဝါ၊ ယာ။ ကင်နီချီ ဖူကူအီ

၂ ထာဝရတည်ရှိတဲ့ တစ်စုံတစ်ခု ဒါမှမဟုတ် တစ်စုံတစ်ဦးက စကြဝဠာရှိ အရာခပ်သိမ်းကို လည်ပတ်လှုပ်ရှားစေတယ်လို့ အဲဒီပညာရှင်တွေ ယုံကြည်ကြတယ်။ ဘာကြောင့်လဲ။ ဒီအချက်ကို သုံးသပ်ကြည့်ပါ– နေဟာ အလွန်ကြီးမားတဲ့ ကြယ်တစ်လုံး ဖြစ်ပြီး ကမ္ဘာအလုံးပေါင်း တစ်သန်း ဝင်ဆံ့နိုင်ပေမဲ့ နဂါးငွေ့တန်းဂလက်ဆီမှာ အစက်ကလေးတစ်စက်မျှသာ ဖြစ်တယ်။ နဂါးငွေ့တန်းကလည်း စကြဝဠာမှာ ဘီလီယံထောင်ချီရှိတဲ့ ဂလက်ဆီတွေထဲက တစ်ခုသာ ဖြစ်တယ်။ အဲဒီဂလက်ဆီတွေဟာ တစ်ခုနဲ့ တစ်ခု ဝေးရာကို အလွန်မြန်ဆန်တဲ့နှုန်းနဲ့ ရွေ့လျားနေပုံရတယ်လို့ သိပ္ပံဆိုင်ရာ တွေ့ရှိချက်တွေက ဖော်ပြတယ်။ စကြဝဠာကြီး လည်ပတ်လှုပ်ရှားဖို့ အလွန်ကြီးမားတဲ့ စွမ်းအင် ရှိရမယ်။ အဲဒီစွမ်းအင်ရင်းမြစ်က ဘယ်သူလဲ။ ဘယ်အရာလဲ။ “ကောင်းကင်ကို မော့ကြည့်လိုက်ပါဦး။ အဲဒါတွေကို ဘယ်သူ ဖန်ဆင်းသလဲ။ အဲဒီအလုံးအရင်းကို ရေတွက်ပြီး ခေါ်ထုတ်တဲ့ အရှင်ပဲ။ အဲဒီအရှင်က အဲဒါတွေအားလုံးကို နာမည်တပ်ပြီး ခေါ်တယ်။ ကြီးမားလှတဲ့ စွမ်းအင်နဲ့ အံ့မခန်းဖွယ် တန်ခိုးကြောင့် တစ်လုံးတလေ လျော့သွားတယ်ဆိုတာ မရှိဘူး” လို့ ကျမ်းစာမှာ ဆိုထားတယ်။ (ဟေရှာယ ၄၀:၂၅၊ ၂၆) ဒီကျမ်းချက်က စကြဝဠာကို လည်ပတ်လှုပ်ရှားစေတဲ့ “ကြီးမားလှတဲ့ စွမ်းအင်” ပိုင်ရှင်ရှိကြောင်း ဖော်ပြတယ်။

ဆွမ်ဘရီရို ဂလက်ဆီ

ဆွမ်ဘရီရို ဂလက်ဆီ

၃ ကမ္ဘာ့သက်ရှိအကြောင်းကိုလည်း သုံးသပ်ကြည့်ပါ။ ဆင့်ကဲဝါဒီတွေ ပြောသလို အသက် အလိုအလျောက် ဖြစ်လာနိုင်ပါသလား။ ဇီဝဓာတုဗေဒပညာရှင် မိုက်ကယ် ဘီဟီ ဒီလိုပြောတယ်– “သိပ္ပံပညာကြောင့် သက်ရှိရဲ့ ဓာတုလုပ်ဆောင်ပုံအကြောင်း ပိုသိနားလည်လာတယ်။ ဒါပေမဲ့ မော်လီကျူးအဆင့်မှာ ဇီဝဗေဒစနစ် ဒီဇိုင်းဆန်းပြားမှု၊ ရှုပ်ထွေးမှုတွေကြောင့် အဲဒါတွေရဲ့ မူလအစကို သိပ္ပံပညာက မရှင်းပြနိုင်ဘူး။ . . . သိပ္ပံပညာရှင်အများစုက ရှင်းပြချက်တွေ ရှိတယ် ဒါမှမဟုတ် အနှေးနဲ့ အမြန် ရှင်းပြနိုင်မယ်လို့ အခိုင်အမာ ဆိုကြပေမဲ့ သူတို့အဆိုကို ထောက်ခံတဲ့ အချက်တွေကို ဘယ်သိပ္ပံစာပေမှာမှ မတွေ့နိုင်ဘူး။ သက်ရှိလုပ်ဆောင်ပုံနဲ့ပတ်သက်ပြီး ဒါဝင်ရဲ့ ရှင်းပြချက်တွေဟာ အမြဲနားလည်ရခက်နေမယ်လို့ ယူဆဖို့ အကြောင်းရင်းများစွာ ရှိတယ်။ အဲဒီအကြောင်းရင်းတွေက [ဇီဝမော်လီကျူး] စနစ် တည်ဆောက်ပုံပေါ် အခြေခံလို့ပါပဲ။”

ပရိုတင်း အစိတ်အပိုင်းများ

ခွေလိပ်နေတဲ့ သာမန်ပရိုတင်း တစ်ခုတောင် အလွန့်အလွန် ရှုပ်ထွေးတယ်၊ လူ့ခန္ဓာကိုယ်မှာ အဲဒီလိုပရိုတင်း ထောင်သောင်းချီ ရှိတယ်။ ပရိုတင်း ခွေလိပ်ပုံကို နားလည်ဖို့ သိပ္ပံပညာရှင်တွေ ကြိုးစားနေကြတယ်။ ဒါပေမဲ့ အဲဒါတွေကို ဘယ်သူ ပုံစံပြုထားသလဲ

၄ လူ့အသက်ဟာ ဉာဏ်ကြီးရှင်တစ်ပါးရဲ့ လုပ်ဆောင်မှု မပါဘဲ အလိုအလျောက် ဖြစ်တည်နေတယ်ဆိုတဲ့ သီအိုရီကို သဘောတူပါသလား။ “စကြဝဠာမှာ အရှုပ်ထွေးဆုံးအရာ” လို့ တချို့ သတ်မှတ်တဲ့ လူ့ဦးနှောက်ကို သုံးသပ်ပြီးနောက် ဘာကောက်ချက် ချနိုင်မလဲ၊ ကြည့်ရအောင်။ ဒေါက်တာ ရစ်ချတ် ရက်စ်တက်က “အလွန်အဆင့်မြင့်တဲ့ ကွန်ပျူတာကွန်ရက်တွေရဲ့ လုပ်ဆောင်မှုဟာ . . . ယင်ကောင် အသိဉာဏ်ရဲ့ တစ်သောင်းပုံတစ်ပုံခန့်သာ ရှိတယ်” လို့ ဆိုတယ်။ လူ့ဦးနှောက်ဟာ ယင်ကောင်ဦးနှောက်ထက် အဆပေါင်းများစွာ သာလွန်တယ်။ ဘာသာစကားတွေ သင်ယူနိုင်စွမ်း ရှိတယ်။ မိမိဘာသာ ပြုပြင်နိုင်တယ်။ အစီအစဉ်တွေ ပြန်လည်ရေးဆွဲနိုင်တယ်။ စွမ်းရည် မြှင့်တင်ပေးနိုင်တယ်။ “ယင်ကောင်တစ်ကောင် အသိဉာဏ်ရဲ့ . . . တစ်သောင်းပုံတစ်ပုံခန့်သာ ရှိ” တဲ့ အဆင့်မြင့် စူပါကွန်ပျူတာတစ်လုံးကို တီထွင်သူ ဉာဏ်ကြီးရှင်တစ်ဦး ရှိကြောင်း သင် သဘောတူပါလိမ့်မယ်။ လူ့ဦးနှောက်နဲ့ပတ်သက်ပြီးတော့ကော။a

၅ လူသားတွေရဲ့ ခန္ဓာတည်ဆောက်ပုံကို ကောင်းစွာ နားမလည်သေးတဲ့ လွန်ခဲ့တဲ့ အနှစ် ၃,၀၀၀ ခန့်က ကျမ်းရေးသူတစ်ဦး လူ့ခန္ဓာကိုယ် တည်ဆောက်ပုံအကြောင်း ဒီလိုပြောခဲ့တယ်– “ကျွန်တော့်ကို အံ့မခန်းဖွယ် ဖန်ဆင်းထားတဲ့အတွက် ကိုယ်တော့်ကို ချီးမွမ်းပါတယ်။ ကိုယ်တော့် လုပ်ဆောင်မှုတွေဟာ အံ့ဩစရာပဲဆိုတာ ကျွန်တော် ကောင်းကောင်းသိတယ်။” ဒီအင်အေ မော်လီကျူးတွေအကြောင်း လုံးဝ မသိပေမဲ့ “ကျွန်တော် သန္ဓေသားလောင်းအရွယ်မှာတောင် ကိုယ်တော် မြင်တယ်။ အင်္ဂါအစိတ်အပိုင်းလေးတွေ တစ်ခုမှ မရှိခင်ကတည်းက ဘယ်အပိုင်းလေးက ဘယ်နေ့မှာ ပုံပေါ်လာမယ်ဆိုတာကို ကိုယ်တော့်စာစောင်ထဲမှာ တစ်ခုမကျန် ရေးမှတ်ထားတယ်” လို့ ရေးသားခဲ့တယ်။ (ဆာလံ ၁၃၉:၁၄၊ ၁၆) ဘယ်သူ့ကို ရည်ညွှန်းနေတာလဲ။ ဘယ်သူက စကြဝဠာရှိ အရာခပ်သိမ်းကို “ကြီးမားလှတဲ့စွမ်းအင်” သုံးပြီး ဖြစ်ပေါ်စေခဲ့သလဲ။

ကွန်ပျူတာကွန်ရက်နဲ့ ယင်ကောင်

ဘယ်အရာက ပိုလုပ်ဆောင်နိုင်စွမ်း ရှိသလဲ။ အလွန်အဆင့်မြင့်တဲ့ ကွန်ပျူတာကွန်ရက်များလား ဒါမှမဟုတ် ယင်ကောင် တစ်ကောင်လား

၆ “အစအဦးမှာ ဘုရားသခင်က ကောင်းကင်နဲ့ မြေကြီးကို ဖန်ဆင်းတယ်” လို့ သမ္မာကျမ်းစာ ပထမဆုံးအခန်းငယ်မှာ ဆိုထားတယ်။ (ကမ္ဘာဦး ၁:၁) ဘုရားက သမ္မာကျမ်းစာ အာဘော်ရှင်၊ ကျမ်းစာပါအကြောင်းအရာကို လမ်းညွှန်တဲ့အရှင် ဖြစ်တယ်။ ဘုရားသခင်က မိမိကိုယ်မိမိ လူတွေနဲ့ ရင်းနှီးကျွမ်းဝင်နိုင်တဲ့ ပုဂ္ဂိုလ်တစ်ပါးအဖြစ် ဖော်ပြထားတယ်။

a ယေဟောဝါသက်သေများ ထုတ်ဝေတဲ့ သင့်အား ဂရုစိုက် စောင့်ရှောက်သည့် ဖန်ဆင်းရှင်တစ်ပါး ရှိ၏လော စာအုပ်၊ အခန်း ၂ ကနေ ၄ မှာပါတဲ့ အသေးစိတ် အချက်အလက်တွေကို ဖတ်ရှုနိုင်ပါတယ်။

ဘယ်လို ထင်ပါသလဲ

  1. ၁၊ ၂။ စကြဝဠာရဲ့ အစနဲ့ပတ်သက်ပြီး ဘယ်လို ယူဆပါသလဲ။

  2. ၃။ အသက်ဟာ အလိုအလျောက် ဆင့်ကဲဖြစ်လာတယ်ဆိုတာနဲ့ပတ်သက်ပြီး ဘယ်လို ယုံကြည်ပါသလဲ။

  3. ၄။ လူ့ဦးနှောက်ရဲ့ စွမ်းရည်က ဦးနှောက်ရဲ့အစနဲ့ ပတ်သက်ပြီး ဘယ်အရာ သိရှိစေသလဲ။

  4. ၅၊ ၆။ အသက်မူလအစနဲ့ပတ်သက်ပြီး ဘာကောက်ချက် ချမလဲ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ