ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ပက သင်ခန်းစာ ၁၄ စာ. ၁၂၈-စာ. ၁၃၀ ပိုဒ်. ၄
  • ပင်ကိုသဘာဝကျမှု

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ပင်ကိုသဘာဝကျမှု
  • သီအိုကရက်တစ်ကျောင်းပညာရေးမှ အကျိုးရယူ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သွက်လက်ပြေပြစ်၊ အသံထွက် မှန်မှန်ကန်ကန်နှင့် စကားလက်ဆုံပြောဆိုခြင်း
    သီအိုကရက်တစ်ကျောင်း လမ်းညွှန်စာအုပ်
  • စကားလက်ဆုံပြောဆိုပုံ
    သီအိုကရက်တစ်ကျောင်းပညာရေးမှ အကျိုးရယူ
  • သဘာဝကျကျ ပြောဆိုနည်း
    ဖတ်ရှုခြင်းနဲ့ သွန်သင်ခြင်းမှာ ကြိုးစားပါ
  • ကျောင်းအတွက် ကျောင်းသားတာဝန်များကို ပြင်ဆင်ခြင်း
    သီအိုကရက်တစ်ကျောင်းပညာရေးမှ အကျိုးရယူ
နောက်ထပ် ကြည့်ပါ
သီအိုကရက်တစ်ကျောင်းပညာရေးမှ အကျိုးရယူ
ပက သင်ခန်းစာ ၁၄ စာ. ၁၂၈-စာ. ၁၃၀ ပိုဒ်. ၄

သင်ခန်းစာ ၁၄

ပင်ကိုသဘာဝကျမှု

သင်ဘာပြုလုပ်ဖို့ လိုအပ်သနည်း။

သင့်ပင်ကိုအတိုင်းဖြစ်ပါ—အပြန်အလှန်ပြောဆိုမှုပုံစံဖြစ်ခြင်း၊ စိတ်ရင်းအတိုင်းနှင့် ဟန်မဆောင်ခြင်းဖြစ်သည်။

ယင်းသည် အဘယ်ကြောင့် အရေးကြီးသနည်း။

သင်သည် အများရှေ့ မည်သို့ဖြစ်နေမည်ကို စိုးရိမ်သောကြောင့် ပြောဆိုသည့်အခါ ထိတ်လန့်ကာ တောင့်တင်းနေမည် သို့မဟုတ် ထစ်ထစ်ငေါ့ငေါ့ဖြစ်နေမည်ဆိုလျှင် လူတို့သည် သင်ပြောသည့်အရာမှ တခြားသို့အာရုံပြောင်းသွားနိုင်သည်။

ပင်ကိုအတိုင်းပြောဆိုခြင်းသည် အခြားသူများ၏ယုံကြည်မှုကို ရစေသည်။ မျက်နှာဖုံးစွပ်ပြီး တစ်ခုခုပြောသည့်သူတစ်ဦးကို သင် ယုံကြည်စိတ်ချမည်လော။ မျက်နှာဖုံးစွပ်ထားသောမျက်နှာသည် ဟောပြောသူ၏ပကတိမျက်နှာထက် ပို၍သားသားနားနားရှိနေလျှင် ယင်းက ပို၍ထူးခြားသွားစေမည်လော။ မဖြစ်နိုင်ပေ။ ထို့ကြောင့် ရုပ်ပြောင်းမည့်အစား သင့်ပင်ကိုအတိုင်းဖြစ်စေပါ။

သဘာဝကျမှုကို ဂရုမမူခြင်းနှင့် မရောထွေးသင့်ပေ။ သဒ္ဒါမမှန်၊ အသံထွက်မှားပြီး မပီမသပြောဆိုမှုတို့သည် မသင့်လျော်ချေ။ ဗန်းစကားကိုလည်း ရှောင်ကြဉ်သင့်ပေသည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ပြောဆိုပြုမူပုံတို့တွင် တော်မှန်သောဂုဏ်အသရေကို အမြဲထင်ရှားစေလိုကြသည်။ ထိုသို့သောသဘာဝကျမှုကို ထင်ရှားပြသောသူတစ်ဦးသည် စည်းစနစ်ကျလွန်းခြင်းမရှိသကဲ့သို့ အခြားသူများ မည်သို့ထင်မြင်မည်ကို အလွန်အမင်း စိုးရိမ်ခြင်းမျိုးလည်းမရှိချေ။

လယ်ကွင်းဓမ္မအမှုတွင်။ အိမ်တစ်အိမ် သို့မဟုတ် လူအများရှေ့တွင် တစ်ယောက်ယောက်ကို သက်သေခံရန် သင်ချဉ်းကပ်သည့်အခါ ကြောက်လန့်ပါသလော။ ကျွန်ုပ်တို့အများစု ကြောက်တတ်ကြသည်၊ သို့သော် အချို့သောသူတို့အတွက် ဤခံစားမှုသည် အခြားသူများထက် ပို၍စွဲနေတတ်သည်။ စိတ်တင်းကျပ်မှုသည် အသံကို သဘာဝမကျ သို့မဟုတ် ကတုန်ကယင်ဖြစ်စေနိုင်သည်။ လက်များ သို့မဟုတ် ခေါင်း၏ ကိုးရိုးကားရားနိုင်သောလှုပ်ရှားမှုများတွင် ကြောက်လန့်မှုက ပေါ်လွင်ပေမည်။

ကြေညာသူတစ်ဦးသည် အကြောင်းအမျိုးမျိုးကြောင့် ဤပြဿနာမျိုးကြုံရတတ်ပေသည်။ မိမိအား မည်သို့ထင်မြင်ကြမည်ကို စဉ်းစားနေခြင်း သို့မဟုတ် မိမိ၏တင်ဆက်မှုသည် အောင်မြင်နိုင်ပါ့မလားဟု တွေးတောနေခြင်းကြောင့်ဖြစ်ဖွယ်ရှိသည်။ ယင်းတို့တစ်ခုမှ အဆန်းမဟုတ်သော်လည်း ထိုကဲ့သို့သောအရာများကို အလွန်အမင်းအာရုံစိုက်သည့်အခါ ပြဿနာများ ပေါ်ပေါက်လာသည်။ ဓမ္မအမှုတွင် မပါဝင်မီ ကြောက်စိတ်ဝင်လာပါက အဘယ်အရာက ကူညီပေးနိုင်သနည်း။ သေသေချာချာ ပြင်ဆင်ထားပြီး ယေဟောဝါထံ စိတ်ထက်သန်စွာဆုတောင်းပါ။ (တ. ၄:၂၉) ပရဒိသုတွင် စုံလင်သောကျန်းမာရေးနှင့် ထာဝရအသက်ကို စံစားရန် လူတို့ကို ဖိတ်ခေါ်ရာတွင် ယေဟောဝါ၏ကြီးမားသောကရုဏာတော်အကြောင်း ဆင်ခြင်တွေးတောပါ။ သင်ကြိုးစားကူညီပေးနေသူတို့နှင့် သတင်းကောင်းကြားနာရန် သူတို့လိုအပ်ပုံတို့ကို တွေးတောပါ။

လူတို့တွင် လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ရှိသောကြောင့် သတင်းတရားကို သူတို့လက်ခံနိုင်သည် သို့မဟုတ် ငြင်းပယ်နိုင်ကြသည်ကိုလည်း သတိရပါ။ ရှေးဣသရေလနိုင်ငံတွင် ယေရှုသက်သေခံခဲ့စဉ်က အလားတူပင်။ သင့်တာဝန်မှာ ဟောပြောရန်သာဖြစ်သည်။ (မ. ၂၄:၁၄) လူတို့က သင့်ကိုဟောပြောခွင့်မပေးလျှင်ပင် သင်ကိုယ်နှိုက်ရောက်ရှိနေခြင်းက သက်သေခံချက်ပေးမည်။ ကိုယ်တော့်အလိုတော် အောင်မြင်ပြီးမြောက်စေရန် သင့်ကိုယ်ကို ယေဟောဝါအား အသုံးပြုခွင့်ပေးသည့်အတွက် သင်အောင်မြင်ခဲ့ပြီးဖြစ်မည်။ ထိုအခြေအနေများတွင် သင်ဟောပြောဖို့အခွင့်အရေးရသည့်အခါ သင့်ဟောပြောချက်ကို အဘယ်အရာက ထူးခြားထင်ရှားစေမည်နည်း။ သင့်တွေးတောမှုများကို အခြားသူများ၏လိုအပ်ရာများပေါ် အာရုံစိုက်ဖို့သင်ယူမည်ဆိုလျှင် သင့်ဟောပြောပုံသည် ဆွဲဆောင်မှုရှိပြီး သဘာဝကျပေလိမ့်မည်။

သက်သေခံသည့်အခါ နေ့စဉ်ပြောသကဲ့သို့ ပြုမူပြောဆိုပါလျှင် ယင်းက နားထောင်သူများကို သက်သောင့်သက်သာဖြစ်စေပါလိမ့်မည်။ သူတို့အား သင်ဝေမျှပေးလိုသော ကျမ်းဆိုင်ရာအကြောင်းများကို သူတို့ ပို၍ပင် လက်သင့်ခံကြပေမည်။ သူတို့အား သမားရိုးကျဟောပြောချက်ပေးမည့်အစား သူတို့နှင့်စကားလက်ဆုံပြောပါ။ ရင်းနှီးပါ။ သူတို့အား စိတ်ဝင်စားမှုပြကာ သူတို့၏မှတ်ချက်များကို ကြိုဆိုပါ။ မှန်ပေသည်၊ ဘာသာစကား သို့မဟုတ် ဒေသခံဓလေ့ထုံးစံက သူစိမ်းများနှင့်စကားပြောဆိုသည့်အခါ လေးစားမှုပြရန် အချို့သောကျင့်ဝတ်များကို တောင်းဆိုသည့်ဒေသတွင် ယင်းတို့ကို သင်လိုက်နာစောင့်ထိန်းလိုပေမည်။ သို့သော် သက်သောင့်သက်သာရှိသောအပြုံးဖြင့် အမြဲအသင့်ပြင်ထားနိုင်ပေသည်။

စင်မြင့်ပေါ်တွင်။ အုပ်စုရှေ့သင်ဟောပြောသည့်အခါ သဘာဝကျကျ စကားလက်ဆုံပြောသည့်ပုံစံဖြင့် ဟောပြောချက်ပေးခြင်းက အကောင်းဆုံးဖြစ်လေ့ရှိသည်။ ပရိသတ်သာ၍ကြီးမားလျှင် အသံလုံးသာ၍ကြီးကြီးနှင့်ဟောဖို့ လိုအပ်သည်မှာ မှန်ပါသည်။ သင့်ဟောပြောချက်ကို အလွတ်ရဖို့ကြိုးစားလျှင် သို့မဟုတ် သင့်မှတ်ချက်များ အသေးစိတ်ကျလွန်းလျှင် သင်သည် စကားလုံးစီပုံကို အတိအကျဖြစ်ရန်အတွက် အလွန်အမင်း စိုးရိမ်ပူပန်နေရဖွယ်ရှိမည်။ လျောက်ပတ်သော စကားလုံးစီပုံသည် အရေးကြီးသော်လည်း ယင်းကို အာရုံစူးစိုက်လွန်းပါက ဟောပြောချက်သည် တောင့်တောင့်ကြီးဖြစ်ကာ အလိုက်သင့်မဖြစ်ချေ။ သဘာဝကျမှု ပျောက်ဆုံးသွားသည်။ သင့်အကြောင်းအချက်များကို ကြိုတင်၍ သေသေချာချာ စဉ်းစားထားသင့်သော်လည်း အတိအကျစီထားသော စကားလုံးများကိုမဟုတ်ဘဲ အကြောင်းအချက်များကိုသာ ပိုအာရုံစိုက်ပါ။

အစည်းအဝေး၌ လူတွေ့မေးမြန်းခံရသည့်အခါတွင်လည်း အလားတူပင်။ ကောင်းစွာပြင်ဆင်ပါ၊ သို့သော် သင့်အဖြေများကို ဖတ်ပြ သို့မဟုတ် အလွတ်ဆိုပြခြင်းမျိုး မပြုပါနှင့်။ သင့်မှတ်ချက်များသည် နှစ်သက်ဖွယ် အလိုအလျောက်ထွက်ပေါ်လာရာဖြစ်စေရန် ယင်းတို့ကို သဘာဝကျသော အသံအပြောင်းအလဲဖြင့် ပြောပြပါ။

နှစ်သက်ဖွယ်စကားပြောဆိုမှု အရည်အသွေးများပင် လွန်လွန်ကဲကဲဖြစ်သွားပါက ပရိသတ်မှ သဘာဝမကျမှုဟု အထင်ရောက်သွားစေနိုင်သည်။ ဥပမာအနေနှင့် သင်သည် ပီပီသသဟောပြောသင့်ကာ အသံထွက်ကို မှန်မှန်ကန်ကန် အသုံးပြုသင့်သော်လည်း သင့်ပြောဆိုပုံသည် အလိုက်သင့်မရှိ သို့မဟုတ် အသံတုပြောသည့်ပုံထွက်သည့်အထိ မဖြစ်သင့်ချေ။ လေးနက်မှုဖြစ်စေသော သို့မဟုတ် ပုံပန်းသဏ္ဌာန်ပြ ကိုယ်ဟန်အမူအရာများကို ကောင်းစွာ လုပ်ဆောင်သည့်အခါ ဟောပြောချက်ကို သက်ဝင်လှုပ်ရှားလာစေနိုင်သော်လည်း တောင့်တင်းသော သို့မဟုတ် ဟိတ်ဟန်များသော ကိုယ်ဟန်အမူအရာများသည် သင်ဟောပြောနေသည့်အကြောင်းအရာကို တန်ဖိုးလျော့သွားစေမည်။ လုံလောက်သော အသံပမာဏကို အသုံးပြုပါ၊ သို့ရာတွင် မကျယ်လွန်းအောင်ကြိုးစားပါ။ သင့်ဟောပြောချက်တွင် တစ်ချက်တစ်ချက် စိတ်အားထက်သန်မှုပြခြင်းသည် ကောင်းသော်လည်း စကားကြီးစကားကျယ်ပြောခြင်းကို ရှောင်ကြဉ်သင့်ပေသည်။ အသံပြောင်းလဲခြင်း၊ စိတ်ထက်သန်ခြင်းနှင့် ခံစားချက်တို့ကို သင့်ကိုယ်နှိုက်ကိုအာရုံမစိုက်စေသည့် သို့မဟုတ် ပရိသတ်အား သက်သောင့်သက်သာမဖြစ်စေသည့်ပုံစံဖြင့် အသုံးပြုသင့်ပေသည်။

အချို့သောသူတို့သည် ပင်ကိုသဘာဝအရ ဟောပြောချက်မပေးသည့်အခါတွင်ပင် စေ့စပ်သေချာစွာ ဖော်ပြတတ်ကြပေသည်။ အခြားသူတို့မှာ မိမိတို့၏ပြောဆိုပုံတွင် နေ့စဉ်သုံးစကား ပိုသုံးတတ်ကြသည်။ အရေးကြီးသောအရာမှာ နေ့စဉ်နှင့်အမျှ လျောက်ပတ်စွာ ပြောဆိုဖို့နှင့် ကိုယ့်ကိုယ်ကို ခရစ်ယာန်ဂုဏ်သိက္ခာရှိရှိဖြင့် ကျင့်ကြံပြုမူရန်ဖြစ်သည်။ သို့နှင့် စင်မြင့်ပေါ်တွင် သင်သည် ဆွဲဆောင်မှုရှိသော ပင်ကိုသဘာဝဖြင့် ပို၍လွယ်လွယ်ကူကူ ဟောပြောပြုမူပေမည်။

လူထုရှေ့စာဖတ်ချိန်ဝယ်။ လူထုရှေ့စာဖတ်ရာတွင် သဘာဝကျမှုသည် ကြိုးစားအားထုတ်ဖို့လိုသည်။ ယင်းကို အောင်မြင်ရန် သင်ဖတ်ရှုမည့်အကြောင်းအရာရှိ အဓိကယူဆချက်များကို ခွဲခြားသိမြင်ရန်ဖော်ထုတ်ပြီး ယင်းတို့အား မည်သို့အဆင့်ဆင့်တည်ဆောက်ထားပုံကို ဆန်းစစ်ပါ။ ယင်းတို့အား စိတ်ထဲတွင် ရှင်းရှင်းလင်းလင်းရှိစေပါ; သို့မဟုတ်လျှင် စကားလုံးများကို ဖတ်ပြနေရုံသာဖြစ်မည်။ မရင်းနှီးသောစကားလုံးများ၏ အသံထွက် မှန်မမှန်စစ်ဆေးပါ။ အသံအတိုးအကျယ်မှန်ကန်ရန်နှင့် ဆိုလိုရင်းအချက်များကို ရှင်းလင်းစွာဖော်ပြပေးသည့်နည်းဖြင့် စကားလုံးများကို တွဲဖတ်မိစေရန် အသံကျယ်ကျယ်ဖတ်ကျင့်ပါ။ ချောချောမောမောဖတ်နိုင်သည်အထိ ထပ်ခါတလဲလဲပြုလုပ်ပါ။ အကြောင်းအရာကို အသံကျယ်ကျယ်ဖတ်ရှုသောအခါ သင့်ဖတ်ရှုခြင်းသည် ထက်သန်စွာ စကားလက်ဆုံပြောနေပုံထွက်သည်အထိ ယင်းကို ကောင်းစွာသိထားရန်ပြုလုပ်ပါ။ ယင်းသည် သဘာဝကျမှုပင်။

ကျွန်ုပ်တို့၏ လူထုရှေ့ဖတ်ရှုခြင်းအများစုမှာ ကျွန်ုပ်တို့၏ကျမ်းစာအခြေပြုစာပေများမှဖြစ်သည်မှာ မှန်ပါသည်။ သီအိုကရက်တစ်ဓမ္မအမှုကျောင်းတွင် ဖတ်ရှုခြင်းတာဝန်များအပြင်၊ လယ်ကွင်းဓမ္မအမှုနှင့် စင်မြင့်ပေါ်မှ ဟောပြောချက်များပေးသည့်အခါ၌လည်း ကျမ်းချက်များကို ဖတ်ရှုကြသည်။ ညီအစ်ကိုများသည် ကင်းမျှော်စင်သင်တန်းနှင့် အသင်းတော်စာအုပ်ကြီးသင်တန်းတို့၌ သုံးသပ်နေသည့်အကြောင်းအရာကို ဖတ်ရှုရန် တာဝန်ပေးခံရကြသည်။ အရည်အချင်းပြည့်မီသည့် အချို့သောညီအစ်ကိုများသည် စည်းဝေးကြီး၌ ပရိသတ်ရှေ့တွင် စာမူဟောပြောချက်များ ဖတ်ရှုရန်တာဝန်များ ရရှိကြသည်။ သင်သည် ကျမ်းစာကိုဖြစ်စေ၊ အခြားအကြောင်းအရာများကိုဖြစ်စေ မျက်တောင်အပိတ်အဖွင့်များဖြင့် ရုပ်လုံးပေါ်စေရန် ဖော်ပြထားသော အပိုင်းများကို အသက်ဝင်စေသည့်နည်းဖြင့် ဖတ်ပါ။ ဇာတ်ကောင်များစွာကို ကိုးကားဖော်ပြထားပါက တစ်ဦးချင်းစီအတွက် သင့်အသံတစ်မျိုးစီပြောင်းပေးပါ။ သတိပြုရန်မှာ– ဇာတ်မဆန်လွန်းစေပါနှင့်၊ သို့သော် ဖတ်ရှုခြင်းကို သဘာဝကျကျနှင့် အသက်ဝင်စေပါ။

သဘာဝကျကျဖတ်ရှုခြင်းသည် စကားလက်ဆုံပြောသည့်ပုံ ထွက်သည်။ အသံတုပုံစံမထွက်ဘဲ ယုံကြည်မှုအပြည့်ရှိသည်။

ယင်းကိုလုပ်ဆောင်နိုင်ပုံ

  • နေ့စဉ်စကားပြောဆိုပုံအတိုင်းပြောပါ။ သင့်ကိုယ်ကိုမဟုတ်ဘဲ ယေဟောဝါအပေါ်နှင့် ကိုယ်တော့်အကြောင်းကိုသင်ယူရန် လူတို့လိုအပ်ပုံပေါ် စဉ်းစားအာရုံစိုက်ပါ။

  • ဟောပြောချက်ပြင်ဆင်သည့်အခါ တိတိကျကျ စကားသုံးနှုန်းပုံကိုမဟုတ်ဘဲ အယူအဆများကို အဓိကအာရုံစိုက်ပါ။

  • ဟောပြောချက်ပေးသည့်အခါနှင့် နေ့စဉ်စကားလက်ဆုံပြောဆိုရာတွင် နမော်နမဲ့ပြောဆိုသည့်အကျင့်များအပြင် မိမိဘက်ကိုအာရုံစိုက်စေသည့်နည်းတို့ဖြင့် စကားပြောအရည်အသွေးများအား အသုံးပြုတတ်ခြင်းတို့ကိုပါ ရှောင်ကြဉ်ပါ။

  • လူထုရှေ့စာဖတ်ခြင်းကို ကောင်းမွန်စွာ ပြင်ဆင်ပါ။ ခံစားချက်၊ အဓိပ္ပာယ်ကို ကောင်းစွာသိရှိမှုတို့ဖြင့် ဖတ်ရှုပါ။

လေ့ကျင့်ခန်းများ– (၁) မာလခိ ၁:၂-၁၄ ကို အသံတိတ်ဖတ်ပြီး စကားပြောဆိုနေသူများကို မှတ်သားပါ။ ထို့နောက် ယင်းကို လျောက်ပတ်သရုပ်ပေါ်စွာဖြင့် အသံကျယ်ကျယ်ဖတ်ပါ။ (၂) သီးခြားသမယသုံးခု၌ လယ်ကွင်းဓမ္မအမှုတွင်မပါဝင်မီ ဤသင်ခန်းစာ၏ဦးဆုံးစာပိုဒ်နှစ်ပိုဒ်အပြင် စာမျက်နှာ ၁၂၈ တွင်ရှိ “လယ်ကွင်းဓမ္မအမှုတွင်” ဟူသောခေါင်းစဉ်ငယ်အောက်ရှိ အကြောင်းအရာကိုပါ ဖတ်ရှုပါ။ သွန်သင်ချက်အတိုင်း ကျင့်သုံးသွားရန် ကြိုးစားပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ