ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ကလ၂၁ အမှတ် ၂ စာ. ၁၃-၁၅
  • သာယာလှပတဲ့ ကမ္ဘာသစ် ဖြစ်လာတော့မယ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သာယာလှပတဲ့ ကမ္ဘာသစ် ဖြစ်လာတော့မယ်
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၂၁
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • တစ်ကမ္ဘာလုံးမှာ အစိုးရတစ်ခု
  • တစ်ကမ္ဘာလုံး စည်းလုံးညီညွတ်
  • ကောင်းမွန်မျှတတဲ့ သဘာဝ ပတ်ဝန်းကျင်
  • ဒေါင်ဒေါင်မြည် ကျန်းမာရေးနဲ့ စားစရာ အလျှံပယ်
  • ငြိမ်သက်မှု၊ လုံခြုံမှု
  • နေစရာ၊ အလုပ်အကိုင်
  • အကောင်းဆုံး ပညာရေး
  • ထာဝရအသက်
  • ကမ္ဘာမြေအတွက် ဘုရားသခင့်ရည် ရွယ်ချက်ကား အဘယ်နည်း
    ကျွန်ုပ်တို့ထံမှ ဘုရားသခင် အဘယ်အရာတောင်းဆိုတော်မူသနည်း
  • ထာဝစဉ်အသက်ရှင်ခြင်းသည် အိပ်မက်မျှသာမဟုတ်
    သင်သည်ကမ္ဘာ့ပရဒိသု အတွင်းထာဝရစဉ်အသက်ရှင်နိုင်သည်
  • ငြိမ်းချမ်းသော ကမ္ဘာသစ် တွင်အသက်တာ
    ငြိမ်းချမ်းသော ကမ္ဘာသစ် တွင်အသက်တာ
  • ဘဝတွင် မြင့်မြတ်ထည်ဝါသည့် ရည် ရွယ်ချက်တစ်ခုရှိ
    ဘဝ ရည်ရွယ်ချက်ကား အဘယ်နည်း ယင်းကိုသင်မည်သို့ရှာတွေ့နိုင်သနည်း
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၂၁
ကလ၂၁ အမှတ် ၂ စာ. ၁၃-၁၅
ပရဒိသုထဲက မောင်နှံတစ်စုံ မိတ်ဆွေတွေကို လက်ဝှေ့ယမ်းပြနေစဉ်။

ရောက်လာတော့မယ့် ကမ္ဘာသစ်အတွက် အခုကတည်းက ပြင်ဆင်နိုင်

သာယာလှပတဲ့ ကမ္ဘာသစ် ဖြစ်လာတော့မယ်

ဘုရားသခင်က ဖြောင့်မတ်တဲ့သူတွေ ထာဝစဉ် နေထိုင်ဖို့ ကမ္ဘာကို ဖန်ဆင်းခဲ့တယ်။ (ဆာလံ ၃၇:၂၉) ပထမဆုံး လူသားမောင်နှံ အာဒံနဲ့ ဧဝကို သာယာလှပတဲ့ ဧဒင်ဥယျာဉ်မှာ နေထိုင်စေတယ်။ သူတို့နဲ့ သူတို့ရဲ့ သားမြေးတွေက ကမ္ဘာမြေကြီးကို စောင့်ရှောက်ဖို့ တာဝန်ရထားတယ်။—ကမ္ဘာဦး ၁:၂၈။ ၂:၁၅။

လက်ရှိ ကမ္ဘာကတော့ ယေဟောဝါဘုရား ရည်ရွယ်ထားတာနဲ့ တခြားစီပဲ။ ဒါပေမဲ့ ဘုရားရဲ့ ရည်ရွယ်ချက် မပြောင်းလဲခဲ့ဘူး။ မူလ ရည်ရွယ်ချက်ကို ဘုရား ဘယ်လို ပြည့်စုံစေမလဲ။ ပြီးခဲ့တဲ့ ဆောင်းပါးတွေမှာ သိခဲ့ရတဲ့အတိုင်း ဘုရားက ဒီကမ္ဘာမြေကြီးကို ဖျက်ဆီးမှာ မဟုတ်ဘူး။ သစ္စာရှိ လူသားတွေကို ထာဝစဉ် နေထိုင်ခွင့် ပြုမယ်။ ဘုရားရဲ့ ကတိတွေ ပြည့်စုံလာတဲ့အခါ ကမ္ဘာ့အခြေအနေ ဘယ်လို ဖြစ်လာမလဲ။

တစ်ကမ္ဘာလုံးမှာ အစိုးရတစ်ခု

မကြာခင် ဘုရားသခင့် ကောင်းကင် အစိုးရသစ်က ကမ္ဘာကို အုပ်ချုပ်တဲ့အခါ လူသားတွေ စည်းစည်းလုံးလုံး အတူနေထိုင်ပြီး ပျော်ရွှင်ကျေနပ်စရာကောင်းတဲ့ အလုပ်တွေ ရှိလာပါလိမ့်မယ်။ ဘုရားသခင်က ကမ္ဘာမြေကြီးကို အုပ်ချုပ်ဖို့ ယေရှုခရစ်ကို ခန့်အပ်ထားပြီ။ ယေရှုဟာ လက်ရှိ အုပ်စိုးရှင်တွေနဲ့ မတူဘဲ လူတွေအတွက် အကောင်းဆုံးကိုပဲ အမြဲ လုပ်ဆောင်ပေးမယ်။ ယေရှုရဲ့ အုပ်ချုပ်မှုက မေတ္တာအပေါ် အခြေခံတယ်။ ယေရှုဟာ သနားကြင်နာ၊ ကရုဏာရှိပြီး တရားမျှတတဲ့ ဘုရင် ဖြစ်ပါလိမ့်မယ်။—ဟေရှာယ ၁၁:၄။

တစ်ကမ္ဘာလုံး စည်းလုံးညီညွတ်

ပရဒိသုထဲက မိတ်ဆွေတချို့ အတူ စားသောက်နေကြစဉ်။

ကမ္ဘာသစ်မှာ နေထိုင်မယ့်လူတွေဟာ နိုင်ငံနဲ့ လူမျိုးကြောင့် ကွဲပြားမှာ မဟုတ်ဘူး။ လူသားတစ်ရပ်လုံးဟာ စည်းလုံးတဲ့ လူမျိုးတစ်မျိုး ဖြစ်လာမယ်။ (ဗျာဒိတ် ၇:၉၊ ၁၀) ကမ္ဘာပေါ်မှာ အသက်ရှင်သူတွေဟာ ဘုရားသခင်နဲ့ လူလူချင်းကို ချစ်ကြမယ်။ ငြိမ်သက်အေးချမ်းစွာ အတူလုပ်ဆောင်ပြီး ကမ္ဘာမြေကြီးကို ဘုရားရဲ့ မူလ ရည်ရွယ်ချက်အတိုင်း ပြုစုစောင့်ရှောက်ပါလိမ့်မယ်။—ဆာလံ ၁၁၅:၁၆။

ကောင်းမွန်မျှတတဲ့ သဘာဝ ပတ်ဝန်းကျင်

ကမ္ဘာမြေကြီးကို ဘုရားသခင့် နိုင်ငံတော် အုပ်ချုပ်တဲ့အခါ ဖန်ဆင်းရှင်က ရာသီဥတုတွေ ကောင်းမွန်မျှတမှုရှိအောင် အပြည့်အဝ ထိန်းချုပ်ပါလိမ့်မယ်။ (ဆာလံ ၂၄:၁၊ ၂) ယေရှု ကမ္ဘာပေါ်မှာ ရှိတုန်းက ယေဟောဝါ ပေးတဲ့ တန်ခိုးနဲ့ အင်အားပြင်းတဲ့ မုန်တိုင်းကို ငြိမ်သက်အောင် လုပ်ခဲ့တယ်။ (မာကု ၄:၃၉၊ ၄၁) ခရစ်တော်ရဲ့ အုပ်ချုပ်မှုအောက်မှာ ဘယ်သူမှ သဘာဝ ဘေးအန္တရာယ်ကို ကြောက်စရာ မလိုတော့ဘူး။ ဘုရားသခင့် နိုင်ငံတော် အုပ်ချုပ်တဲ့အခါ လူသားတွေဟာ တိရစ္ဆာန်တွေနဲ့ သင့်မြတ်လာမယ်။ သဘာဝ ပတ်ဝန်းကျင်ကိုလည်း မဖျက်ဆီးတော့ဘူး။—ဟောရှေ ၂:၁၈။

ဒေါင်ဒေါင်မြည် ကျန်းမာရေးနဲ့ စားစရာ အလျှံပယ်

လူတိုင်း ကျန်းမာရေး ဒေါင်ဒေါင်မြည် ဖြစ်လာမယ်။ ဘယ်သူမှ ဖျားနာ၊ အိုမင်းပြီး သေရတော့မှာ မဟုတ်ဘူး။ (ဟေရှာယ ၃၅:၅၊ ၆) ပထမလူသား မောင်နှံ နေခဲ့တဲ့ ဧဒင်ဥယျာဉ်လိုပဲ လူတိုင်းက လှပသန့်ရှင်းတဲ့ သဘာဝ ပတ်ဝန်းကျင်မှာ နေထိုင်ရမယ်။ ကမ္ဘာသစ်မှာ ဧဒင်ဥယျာဉ်လိုပဲ စားစရာ အလျှံပယ် ရှိမယ်။ (ကမ္ဘာဦး ၂:၉) ရှေးခေတ် ဘုရားလူမျိုး အစ္စရေးတွေလိုပဲ ကမ္ဘာသစ်မှာ ရှိတဲ့ လူတိုင်းဟာ “အစားအစာကို အဝစား” ရပါလိမ့်မယ်။—ဝတ်ပြုရာ ၂၆:၄၊ ၅။

သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက် အမျိုးမျိုးနဲ့ ပေါင်မုန့်။

ငြိမ်သက်မှု၊ လုံခြုံမှု

ဘုရားရဲ့ ကမ္ဘာချီ အစိုးရ လက်အောက်မှာ လူတွေဟာ အေးချမ်းငြိမ်သက်ပြီး အချင်းချင်း ကြင်ကြင်နာနာ၊ မျှမျှတတ ဆက်ဆံကြပါလိမ့်မယ်။ စစ်ပွဲတွေ မရှိတော့ဘူး။ အာဏာ အလွဲသုံးတာ မရှိတော့ဘူး။ စားဝတ်နေရေးအတွက် ရုန်းကန်စရာ မလိုတော့ဘူး။ ကျမ်းစာမှာ ဒီလို ကတိပေးထားတယ်– “လူတိုင်းက ကိုယ့်စပျစ်ပင်၊ ကိုယ့်သဖန်းပင်အောက်မှာ ထိုင်ကြလိမ့်မယ်။ ခြောက်လှန့်တဲ့သူ တစ်ယောက်မှ ရှိမှာ မဟုတ်ဘူး။”—မိက္ခာ ၄:၃၊ ၄။

နေစရာ၊ အလုပ်အကိုင်

မိသားစုတိုင်းဟာ ပြောင်းရွှေ့ရမှာကို ပူပန်စရာ မလိုဘဲ နေအိမ် ကိုယ်စီ ရှိလာမယ်။ လုပ်သမျှ အကျိုးခံစားရမယ်။ ကျမ်းစာမှာ ပြောတဲ့အတိုင်း ကမ္ဘာသစ်မှာ နေထိုင်သူတွေ “အပင်ပန်းခံခဲ့သမျှ အချည်းနှီး ဖြစ်မှာ မဟုတ်ဘူး။”—ဟေရှာယ ၆၅:၂၁-၂၃။

အကောင်းဆုံး ပညာရေး

ကျမ်းစာမှာ ဒီလို ကတိပေးထားတယ်– “ကမ္ဘာမြေဟာ ယေဟောဝါကို သိကျွမ်းခြင်းနဲ့ ပြည့်နေ” မယ်။ (ဟေရှာယ ၁၁:၉) ဘုရားသခင့် နိုင်ငံတော်အောက်မှာ နေထိုင်သူတွေဟာ ဖန်ဆင်းရှင် ဘုရားသခင်အကြောင်း၊ လှပတဲ့ ဖန်ဆင်းရာတွေအကြောင်း လေ့လာဆည်းပူးလို့ ကုန်မှာ မဟုတ်ဘူး။ ကိုယ့်ရဲ့ အသိပညာနဲ့ လက်နက်တွေ၊ လူသားချင်းကို ထိခိုက်နာကျင်စေတဲ့ အရာတွေ လုပ်မှာ မဟုတ်ဘူး။ (ဟေရှာယ ၂:၄) အချင်းချင်း စည်းလုံးငြိမ်သက်စွာ နေထိုင်ဖို့၊ ကမ္ဘာမြေကြီးကို ပြုစုစောင့်ရှောက်ဖို့ပဲ သင်ယူကြပါလိမ့်မယ်။—ဆာလံ ၃၇:၁၁။

ထာဝရအသက်

ကမ္ဘာမြေကြီးကို ဘုရားသခင် သေချာ ဂရုစိုက် ပြုပြင်ထားလို့ နေ့ရက်တိုင်း ပျော်ရွှင်စရာ ဖြစ်ပါလိမ့်မယ်။ ဘုရားသခင်က လူတွေ ကမ္ဘာပေါ် ထာဝစဉ် အသက်ရှင်ဖို့ ရည်ရွယ်ထားတယ်။ (ဆာလံ ၃၇:၂၉။ ဟေရှာယ ၄၅:၁၈) မူလ ရည်ရွယ်ချက်ကို ပြည့်စုံစေဖို့ “သေမင်းကိုလည်း ထာဝစဉ် ဖယ်ရှားမယ်။” (ဟေရှာယ ၂၅:၈) “သေခြင်း ရှိတော့မှာ မဟုတ်ဘူး။ ငိုကြွေးမြည်တမ်းခြင်း၊ အော်ဟစ်ခြင်း၊ နာကျင်ခြင်းလည်း ရှိတော့မှာ မဟုတ်ဘူး” လို့ ကျမ်းစာမှာ ကတိပေးထားတယ်။ (ဗျာဒိတ် ၂၁:၄) ဆိုးညစ်တဲ့ လောက ဖျက်ဆီးခံရချိန်မှာ ကယ်တင်ခံရသူတွေရော၊ ကမ္ဘာသစ်မှာ အသက်ပြန်ရှင်လာမယ့်သူတွေပါ ထာဝစဉ် အသက်ရှင်ခွင့် ဘုရား ပေးပါလိမ့်မယ်။—ယောဟန် ၅:၂၈၊ ၂၉။ တမန်တော် ၂၄:၁၅။

ရှင်ပြန်ထမြောက်လာတဲ့ မိတ်ဆွေတွေ၊ မိသားစုဝင်တွေကို လူတွေ ဖက်နေကြစဉ်။

အခုအချိန်မှာတောင် သန်းနဲ့ချီတဲ့သူတွေဟာ ရောက်လာတော့မယ့် ကမ္ဘာသစ်မှာ အသက်ရှင်နေထိုင်ဖို့ ပြင်ဆင်နေကြပြီ။ သူတို့တွေဟာ ပြည့်ဝစုံလင်သူတွေ မဟုတ်ပေမဲ့ ကမ္ဘာသစ်မှာ ဘုရားသခင် နေထိုင်စေချင်တဲ့ လူစားမျိုး ဖြစ်ဖို့ ကြိုးစားနေကြပြီ။ ဘယ်လိုနည်းနဲ့လဲ။ ယေဟောဝါဘုရားနဲ့ ယေရှုခရစ်အကြောင်း လေ့လာခြင်းအားဖြင့်ပါပဲ။—ယောဟန် ၁၇:၃။

ဒီလောက ဖျက်ဆီးခံရတဲ့အခါ လွတ်မြောက်ဖို့၊ ပိုကောင်းတဲ့ ကမ္ဘာမှာ အသက်ရှင်နေထိုင်ဖို့ ဘာလုပ်ရမယ်ဆိုတာ ထပ်လေ့လာကြည့်ပါ။ ပျော်စရာဘဝ ထာဝရ စံစားကြ စာအုပ် သုံးပြီး ယေဟောဝါသက်သေ တစ်ယောက်နဲ့ အခမဲ့ ကျမ်းစာ လေ့လာနိုင်ပါတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ