ဣသရေလနိုင်ငံနှင့် ယင်း၏ပတ်ဝန်းကျင်
ယေဟောဝါက အာဗြဟံအား ‘မေသောပေါတာမိတိုင်းရှိ ဥရမြို့မှထွက်၍ ငါပြလတ္တံ့သောပြည်သို့ သွားလော့’ ဟုမိန့်တော်မူ၏။ ထိုပြည်မှာ အခြားလူမျိုးများ နေထိုင်လျက်ရှိသောပြည်၊ အခြားလူမျိုးများ ဝိုင်းရံလျက်ရှိသောပြည်ဖြစ်သည်။—က ၁၂:၁-၃; ၁၅:၁၇-၂၁။
ဘုရားသခင့် လူမျိုးတော် အီဂျစ်ပြည်မှ ထွက်ခွာခဲ့စဉ်က သူတို့သည် “မောဘ သူရဲတို့” ကဲ့သို့သော ရန်သူများ၏ ခုခံတိုက်ခိုက်ခြင်း ရင်ဆိုင်ရမည်ကို သိရှိကြသည်။ (ထွ ၁၅:၁၄၊ ၁၅) ဣသရေလလူမျိုး ကတိထားရာပြည်တော်သို့ ချီတက်ရာလမ်းကြောင်းတစ်လျှောက် အာမလက်လူမျိုး၊ မောဘလူမျိုး၊ အမ္မုန်လူမျိုးနှင့် အာမောရိလူမျိုးများ နေထိုင်လျက်ရှိကြသည်။ (တလ ၂၁:၁၁-၁၃; တရ ၂:၁၇-၃၃; ၂၃:၃၊ ၄) ဣသရေလလူမျိုးသည် ဘုရားသခင် ကတိထားရာပြည်တော်တွင် အခြားသောရန်သူ လူမျိုးများနှင့်လည်း ရင်ဆိုင်တွေ့ကြုံရဦးမည်ဖြစ်သည်။
ဣသရေလလူမျိုးသည် ဖျက်ဆီးခြင်းခံထိုက်သည့် “များပြား၍ အားကြီးသော” လူခုနစ်မျိုးဖြစ်သည့် ဟိတ္တိ၊ ဂိရဂါရှိ၊ အာမောရိ၊ ခါနာနိ၊ ဖေရဇိ၊ ဟိဝိနှင့် ယေဗုသိတို့ကို “သုတ်သင်ပယ်ရှင်း” ရမည်ဖြစ်ကြောင်း ဘုရားသခင်က မိန့်တော်မူ၏။ ထိုလူမျိုးများသည် ကိုယ်ကျင့်တရားဘက်တွင် အောက်တန်းကျသည့်အပြင် ဘာသာရေးဘက်တွင်လည်း ယိုယွင်းပျက်စီးလျက်ရှိကြသည်။ သူတို့ကိုးကွယ်သည့် နတ်ဘုရားများတွင် ဗာလ (ပုရိလိင်္ဂပုံစံ ကျောက်တိုင်များအတွက် ထင်ရှားသည်)၊ မောလုတ် (သားသမီးများကို မီးရှို့ပူဇော်ရာ နတ်ဘုရား) နှင့် မျိုးအောင်ခြင်း နတ်သမီး အာရှတရက် (အက်စတားတီ) တို့ပါဝင်ကြသည်။—တရ ၇:၁-၄; ၁၂:၃၁; ထွ ၂၃:၂၃; ဝ ၁၈:၂၁-၂၅; ၂၀:၂-၅; သူ ၂:၁၁-၁၄; ဆ ၁၀၆:၃၇၊ ၃၈။
တစ်ခါတစ်ရံ ဣသရေလလူမျိုးအား ဘုရားသခင် ပေးတော်မူသည့် နယ်မြေဒေသတစ်ခုလုံး မြောက်ဘက် ဇိဒုန်မြို့မှ “အီဂျစ် တောင်ကျချောင်း ချိုင့်ဝှမ်း” အထိကို “ခါနာန်ပြည်” ဟုခေါ်သည်။ (တလ ၁၃:၂၊ ၂၁; ၃၄:၂-၁၂; က ၁၀:၁၉) အခြားအချိန်များ၌ သမ္မာကျမ်းစာက ထိုပြည်ရှိ လူမျိုးများ၊ မြို့ပြနိုင်ငံများနှင့် ပြည်သားအမျိုးမျိုးတို့၏ အမည်များကို ဖော်ပြသည်။ အချို့တို့သည် တိကျသော တည်နေရာများရှိကြသည်၊ ဥပမာအားဖြင့် ဖိလိတ္တိလူမျိုးသည် ကမ်းရိုးတန်းတစ်လျှောက်၌၊ ယေဗုသိလူမျိုးသည် ယေရုရှလင်မြို့အနီး တောင်တန်းများ၌ နေထိုင်ကြသည်။ (တလ ၁၃:၂၉; ယရ ၁၃:၃) အခြားလူမျိုးတို့သည် ကာလရွေ့လျောသည်နှင့်အမျှ တည်နေရာများ၊ သို့မဟုတ် နယ်မြေဒေသများ ပြောင်းလဲခဲ့ကြသည်။—က ၃၄:၁၊ ၂; ၄၉:၃၀; ယရ ၁:၄; ၁၁:၃; သူ ၁:၁၆၊ ၂၃-၂၆။
ထွက်မြောက်ရာအချိန်၌ အာမောရိလူမျိုးသည် အဓိကထင်ရှားသော လူမျိုးနွယ်စုကြီး ဖြစ်ဟန်တူသည်။a (တရ ၁:၁၉-၂၁; ယရ ၂၄:၁၅) ယေရိခေါမြို့၏ တစ်ဖက်ကမ်း နယ်မြေဒေသသည် “မောဘလွင်ပြင်” ဟုပင် အမည်တွင်လျက်ရှိသော်လည်း အာမောရိလူမျိုးသည် မောဘပြည်ကို တောင်ပိုင်း အာနုန် တောင်ကျချောင်း ချိုင့်ဝှမ်းတိုင်အောင် သိမ်းပိုက်ထားသည်။ အာမောရိ ရှင်ဘုရင်များသည် ဗာရှန်ပြည်နှင့် ဂိလဒ်ပြည်တို့ကိုပါ အုပ်ချုပ်လျက်ရှိကြသည်။—တလ ၂၁:၂၁-၂၃၊ ၃၃-၃၅; ၂၂:၁; ၃၃:၄၆-၅၁။
ဣသရေလလူမျိုးသည် ဘုရားသခင်၏ ကျောထောက်နောက်ခံ ရရှိထားလင့်ကစား ပြစ်တင်ရှုတ်ချထားသော ထိုလူမျိုးများကို သုတ်သင်ပယ်ရှင်းခြင်း မပြုခဲ့သဖြင့် ၎င်းတို့သည် ဣသရေလလူမျိုးကို ကြိမ်ဖန်များစွာ ကျော့ကွင်း၌ ကျော့မိစေခဲ့ကြသည်။ (တလ ၃၃:၅၅; ယရ ၂၃:၁၃; သူ ၂:၃; ၃:၅၊ ၆; ၄ရ ၂၁:၁၁) မှန်ပါသည်၊ “အခြားသောဘုရား၊ သင်တို့ပတ်လည်၌နေသော လူမျိုးတို့၏ ဘုရားများနောက်သို့ မလိုက်ရကြ” ဟူသော သတိပေးချက် ရှိပါလျက်ကယ် ဣသရေလလူမျိုးသည် သားကောင်များ ဖြစ်ခဲ့ကြသည်။—တရ ၆:၁၄၊ သမ္မာ; ၁၃:၇။
[အောက်ခြေမှတ်ချက်]
a “ခါနာန်လူမျိုး” ဝေါဟာရနည်းတူ “အာမောရိလူမျိုး” ဝေါဟာရကို ထိုပြည်တွင်နေထိုင်ကြသော ပြည်သူများအားလုံးကို ခြုံငုံခေါ်ဝေါ်သုံးစွဲနိုင်သကဲ့သို့ သီးခြားလူမျိုးနွယ်စုအဖြစ်လည်း ရည်ညွှန်းသုံးစွဲနိုင်သည်။—က ၁၅:၁၆; ၄၈:၂၂။
[စာမျက်နှာ ၁၁ ပါ မြေပုံ]
(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)
ကတိထားရာပြည်တော်မှ ဖယ်ရှားပစ်ရမည့် လူမျိုးများ
ဖိလိတ္တိပြည် (ဃ၈)
ဂ၈ အာရှကေလုန်
ဂ၉ ဂါဇ
ဃ၈ အာဇုတ်
ဃ၈ ဂါသ
ဃ၉ ဂေရာ
ခါနာန်ပြည် (ဃ၈)
ခ၁၀ အာမလက်လူမျိုး
ဂ၁၂ ဟာဇရဒ္ဒါ (အာဒါ?)
ဂ၁၂ ကာဒေရှ (ကာဒေရှ-ဗာနာ)
ဃ၈ လာခိရှ
ဃ၉ ဗေရ-ရှေဘ
ဃ၁၀ အာမောရိလူမျိုး
ဃ၁၁ နေဂပ်
င၄ ဒေါရ
င၅ မေဂိဒ္ဒေါ
င၅ တာနက်
င၆ အာဖက်
င၆ ဟိဝိလူမျိုး
င၇ ယေဗုသိလူမျိုး
င၈ ဗက်-ရှေမက်
င၈ ဟေဗြုန် (ကိရယသာဘ)
င၉ ဟိတ္တိလူမျိုး
င၉ ဒေဗိရ
င၁၀ အာရဒ် (ခါနာန်လူမျိုး)
င၁၀ ကေနိလူမျိုး
င၁၁ အာကရဗ္ဗိမ်
စ၄ ဂိရဂါရှိလူမျိုး
စ၆ ရှေခင်
စ၇ ပေရဇိလူမျိုး
စ၇ ဂိလဂါလ
စ၇ ယေရိခေါ
စ၈ ယေရုရှလင်
ဆ၂ ဟိဝိလူမျိုး
ဆ၂ ဒန် (လဲရှ)
ဆ၃ ဟာဇော်
ဖိနိတ်ပြည် (စ၂)
င၂ တုရု
စ၁ ဇိဒုန်
ဧဒုံပြည် (စ၁၂)
စ၁၁ စိရပြည်
ဆ၁၁ ဗောဇရ
အာမောရိလူမျိုး (ရှိဟုန်မင်း) (ဆ၈)
ဆ၆ ဂိလဒ်ပြည်
ဆ၇ ရှိတ္တိမ်
ဆ၇ ဟေရှဘုန်
ဆ၉ အာရော်
ရှုရိပြည် (ဇ၁)
ဆ၁ ဗာလ-ဂဒ်
ဆ၂ ဟိဝိလူမျိုး
ဈ၁ ဒမာသက်
မောဘပြည် (ဇ၁၀)
အာမောရိလူမျိုး (ဩဃမင်း) (ဈ၅)
ဆ၆ ဂိလဒ်ပြည်
ဇ၃ ဗာရှန်ပြည်
ဇ၄ အာရှတရုတ်
ဇ၄ ဧဒြိ
အမ္မုန်ပြည် (ဈ၇)
ဇ၇ ရဗ္ဗာ
[သဲကန္တာရများ]
ဇ၁၂ အာရေဗျ သဲကန္တာရ
[တောင်များ]
င၄ ကရမေလတောင်
င၁၁ ဟောရတောင်
ဆ၁ ဟေရမုန်တောင်
ဆ၈ နေဗောတောင်
[ရေအစုအဝေး]
ဂ၆ မြေထဲပင်လယ် (ပင်လယ်ကြီး)
စ၉ ရေငန်အိုင်
ဆ၄ ဂါလိလဲအိုင်
[မြစ်များ နှင့် ချောင်းများ]
ခ၁၁ အီဂျစ်ချောင်းချိုင့်ဝှမ်း
စ၆ ယော်ဒန်မြစ်
ဆ၆ ယဗ္ဗုတ်ချောင်းချိုင့်ဝှမ်း
ဆ၉ အာနုန်ချောင်းချိုင့်ဝှမ်း
ဆ၁၁ ဇေရက်ချောင်းချိုင့်ဝှမ်း
[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]
ယာ– အာမောရိ ရှင်ဘုရင် ဩဃမင်းသည် နွားလားဥသဘနှင့် သိုးများကြောင့် ထင်ရှားကျော်ကြားသော ဗာရှန်ပြည်ကို အုပ်စိုးခဲ့သည်
အောက်– မောဘပြည်၊ ရေငန်အိုင်ကိုကျော်၍ ယုဒတောကန္တာရကို လှမ်းမြင်ရပုံ
[စာမျက်နှာ ၁၁ ပါ ရုပ်ပုံ]
ဗာလ၊ မောလုတ်နှင့် (ဖော်ပြပါ) မျိုးအောင် နတ်သမီး အာရှတရက် ကဲ့သို့သော မှောက်မှားသည့် နတ်ဘုရားများကို ကိုးကွယ်ကြသည့် လူမျိုးများကို ဖယ်ရှားပစ်ရန် ဣသရေလလူမျိုးအား ယေဟောဝါ ညွှန်ကြားတော်မူ၏