‘တရားသူကြီးတို့ကို ယေဟောဝါ ပေါ်ထွန်းစေသောအခါ’
မြေပုံ၌ တာဗော်တောင် (စ ၄) ကို အလွယ်တကူ တွေ့ရှိနိုင်သည်—ဂါလိလဲအိုင် အနောက်တောင်ဘက် ယေဇရေလ ချိုင့်ဝှမ်းတွင် တည်ရှိသည်။ ဤတောင်ပေါ်တွင် အင်အား ၁၀,၀၀၀ ရှိသည့်စစ်တပ်တစ်တပ် စုဝေးနေသည်ကို မြင်ယောင်ကြည့်လိုက်ပါ။ ယေဟောဝါသည် တရားသူကြီး ဗာရက်နှင့် ပရောဖက်မ ဒေဗောရတို့ကို အသုံးပြုလျက် ဣသရေလလူမျိုးကို အနှစ် ၂၀ ပတ်လုံး ဖိနှိပ်ချုပ်ချယ်လာခဲ့သည့် ခါနာန်ဘုရင် ယာဘိန်မင်းအား တွန်းလှန်တိုက်ခိုက်ရန် ဣသရေလလူမျိုးကို လှုံ့ဆော်စည်းရုံးစေသည်။ ဗိုလ်ချုပ်မင်း သိသရ၏ လက်အောက်တွင် ယာဘိန်မင်း၏ ဓားကောက်များ တပ်ဆင်ထားသည့် စစ်ရထား ၉၀၀ သည် ဟာရောရှက်မြို့မှနေ၍ မေဂိဒ္ဒေါမြို့နှင့် တာဗော်တောင်စပ်ကြား ရေခန်းခြောက်နေသည့် ကိရှုန်ချောင်းကြမ်းပြင်သို့ ချီတက်လာကြသည်။
တရားသူကြီးဗာရက်သည် သိသရ၏ ဗိုလ်ပါများနှင့် ရင်ဆိုင်တိုက်ခိုက်ရန် ဣသရေလလူတို့ကို ထိုချိုင့်ဝှမ်းသို့ ဦးဆောင်သွားသည်။ ယေဟောဝါသည် သိသရ၏ စစ်ရထားများကို နွံနစ်စေရန် ရုတ်တရက် ရေလွှမ်းမိုးခြင်း ဖြစ်ပေါ်စေ၍ ခါနာန်လူမျိုးများအား ထိတ်ထိတ်ပျာပျာ ဖြစ်စေခြင်းဖြင့် အောင်ပွဲဆင်စေတော်မူသည်။ (တရ ၄:၁–၅:၃၁) ဤသည်ကား တရားသူကြီးများ အုပ်စိုးသည့်ကာလအတွင်း ဣသရေလလူမျိုးအား ဘုရားသခင် ပေးတော်မူခဲ့သည့် အောင်ပွဲများစွာအနက်မှ တစ်ခုမျှသာဖြစ်သည်။
ခါနာန်ပြည်ကို အောင်နိုင်ပြီးနောက်ပိုင်း ပြည်တော်ကို ဣသရေလ မျိုးနွယ်စုများအား ခွဲဝေပေးသည်။ လေဝိအနွယ် မဟုတ်သော အခြားအနွယ်များ မည်သည့်နေရာများတွင် အခြေချနေထိုင်သည်ကို မှတ်သားပါ။ သေးငယ်သည့် ရှိမောင်အနွယ်သည် ယုဒအနွယ်၏ ပိုင်နက်နယ်ပယ်အတွင်းရှိ မြို့များကို ရရှိကြသည်။ ယောရှု ကွယ်လွန်ပြီးနောက်ပိုင်းတွင် ဣသရေလလူမျိုးသည် ဝိညာဉ်ရေးနှင့် ကိုယ်ကျင့်တရားဘက်တွင် ဆုတ်ယုတ်ကျဆင်းလာခဲ့သည်။ ဣသရေလလူမျိုးသည် ရန်သူများ ဖိစီးနှိပ်စက်မှုကြောင့် “အလွန်ဆင်းရဲခြင်းသို့ ရောက်ကြ၏။” ယေဟောဝါသည် မေတ္တာကရုဏာတရား ကြီးမားစွာဖြင့် ရာစုနှစ်သုံးခုအတွင်း ဣသရေလလူမျိုးကို ကယ်နုတ်သည့် ‘တရားသူကြီးတို့’—ယုံကြည်ခြင်းနှင့် ရဲရင့်ခြင်းသတ္တိရှိသော အမျိုးသား ၁၂ ဦး—‘ကိုပေါ်ထွန်းစေတော်မူ၏။’—သူ ၂:၁၅၊ ၁၆၊ ၉။
တရားသူကြီးဂိဒေါင်သည် လက်နက်အနည်းအကျဉ်း ကိုင်ဆောင်သော်လည်း သွက်လက်ဖျတ်လတ်သော စစ်သည် ၃၀၀ ကိုသာအသုံးပြု၍ မိဒျန် ရဲမက်ဗိုလ်ပါ ၁၃၅,၀၀၀ ကို အပြီးအပိုင် ချေမှုန်းခဲ့သည်။ စစ်မြေပြင်မှာ ဂိလဗောတောင်နှင့် မောရေကုန်းမြင့် စပ်ကြားတွင်တည်ရှိသည်။ ပဏာမအောင်ပွဲ ဆင်ပြီးနောက် ဂိဒေါင်သည် ရန်သူများကို အရှေ့ပိုင်း သဲကန္တာရထဲအထိ လိုက်လံတိုက်ခိုက်ချေမှုန်းခဲ့သည်။—သူ ၆:၁–၈:၃၂။
မနာရှေမျိုးနွယ်စုမှ ဂိလဒ်အနွယ် ယေဖသသည် ယော်ဒန်အရှေ့ပိုင်းမှ ဣသရေလမြို့များကို အမ္မုန်လူမျိုး ဖိနှိပ်ချုပ်ချယ်သူတို့၏လက်မှ လွတ်မြောက်စေခဲ့သည်။ ယေဖသအနေဖြင့် အောင်ပွဲခံနိုင်ရေးအတွက် ရာမုတ်–ဂိလဒ်မြို့နှင့် အာရော်မြို့တို့ကို ဆက်သွယ်ထားသည့် မင်းလမ်းမကြီးဖြင့် ခရီးနှင်ခဲ့ဖွယ်ရှိသည်။—သူ ၁၁:၁–၁၂:၇။
ဖိလိတ္တိလူမျိုးတို့ကို ဆန့်ကျင်အန်တုရာ၌ ရှံဆုန်၏ စွန့်စားခန်းများသည် ဂါဇမြို့နှင့် အာရှကေလုန်မြို့ အနီးတစ်ဝိုက် ပင်လယ်ကမ်းခြေဒေသတွင် အဓိကဖြစ်ပွားခဲ့သည်။ ဂါဇမြို့သည် စိုက်ပျိုးရေးလုပ်ငန်းအတွက် ရေကောင်းစွာရရှိသော ထင်ရှားကျော်ကြားသည့်ဒေသတွင် တည်ရှိသည်။ ရှံဆုန်သည် မြေခွေးအကောင် ၃၀၀ ဖြင့် ဖိလိတ္တိလူမျိုးတို့၏ ဂျုံစပါးခင်းများ၊ စပျစ်ခြံများနှင့် သံလွင်ခြံများကို မီးစွဲလောင်စေခဲ့သည်။—သူ ၁၅:၄၊ ၅။
သမ္မာကျမ်းစာမှတ်တမ်းမှ အထောက်အထားအရလည်းကောင်း သက်ဆိုင်ရာ တရားသူကြီးများ၏ မျိုးနွယ်စု၏ အရိပ်အမြွက် ဖော်ပြချက်အရလည်းကောင်း ထိုတရားသူကြီးများသည် ကတိထားရာ ပြည်တော်တစ်ခွင်တွင် တက်ကြွဖျတ်လတ်သူများ ဖြစ်ကြသည်။ အရေးတော်ပုံ ဖြစ်ပွားသည့်နေရာတိုင်းတွင် နောင်တရသော မိမိ၏လူမျိုးတော်အား အကျပ်အတည်းကာလများတစ်လျှောက် ယေဟောဝါ ကောင်းစွာ စောင့်ရှောက်တော်မူခဲ့၏။
[စာမျက်နှာ ၁၅ ပါ မြေပုံ]
(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)
မျိုးနွယ်စုများ နှင့် တရားသူကြီးများ
တရားသူကြီးများ
၁။ ဩသံယေလ
၂။ ဧဟုဒ
၃။ ရှံဂါ
၄။ ဗာရက်
၅။ ဂိဒေါင်
၆။ တောလ
၇။ ယာဣရ
၈။ ယေဖသ
၉။ ဣဗဇန်
၁၀။ ဧလုန်
၁၁။ အာဗဒုန်
၁၂။ ရှံဆုန်
မျိုးနွယ်စုအလိုက် ဝေစုများ (စာစောင်တွင်ကြည့်ပါ)
အခြားမျိုးနွယ်စု နယ်မြေအတွင်း မနာရှေအနွယ် ပိုင်သည့်မြို့များ
င၄ ဒေါရ
င၅ မေဂိဒ္ဒေါ
င၅ တာနတ်
င၄ အင်ဒေါရ
င၅ ဗက်ရှန်
င၅ ဣဗလံ (ဂါသရိမ္မုန်)
အခြားမျိုးနွယ်စု နယ်မြေအတွင်း ရှိမောင်အနွယ် ပိုင်သည့်မြို့များ
ဂ၉ ရှရုဟင် (ရှာရိမ်) (ရှိလဟိမ်)
ဂ၁၀ ဗက်-လေဗောက် (ဗက်-ဗိရိ)
ဃ၈ ဧသာ (တောခင်)
ဃ၉ ဇိကလတ်
ဃ၉ အဣန
ဃ၉ ဟာဇာ-သုသ
ဃ၉ အာရှန်
ဃ၉ ဗေရ-ရှေဘ
ဃ၁၀ ဟာဇာ-ရွှာလ
င၉ ဧတံ
င၉ ဗက်-မာကဗုတ်
င၉ ဗေသွေလ? (ခေသိလ?)
င၉ ရှေဘ? (ယေရွှ)
င၁၀ ဗာလတ်-ဗေရ (ဗာလ)
င၁၀ အာရှန်
ခိုလှုံရာ လေဝိမြို့များ
စ၃ ကေဒေရှ
စ၆ ရှေခင်
ဇ၄ ဂေါလန်
ဇ၅ ရာမုတ်-ဂိလဒ်
ဇ၈ ဗေဇာ
လမ်းမကြီးများ
ခ၁၀ ဗိုင်အာ မာရစ္စ
ဆ၁၀ မင်းလမ်း
ဣသရေလ မျိုးနွယ်စုများ
ဒန် (ဃ၇)
ဃ၇ ယုပ္ပေ
င၈ ဇောရာ
ယုဒ (ဃ၉)
ဂ၈ အာရှကေလုန်
ဂ၉ ဂါဇ
ဂ၉ ရှရုဟင် (ရှာရိမ်) (ရှိလဟိမ်)
ဂ၁၀ ဗက်-လေဗောက် (ဗက်-ဗိရိ)
ဂ၁၂ အဇမုန်
ဂ၁၂ ကေဒေရှ
ဃ၇ ယာဗနေလ
ဃ၈ ဧသာ (တောခင်)
ဃ၉ ဇိကလတ်
ဃ၉ အဣန
ဃ၉ ဟာဇာ-သုသ
ဃ၉ အာရှန်
ဃ၉ ဗေရ-ရှေဘ
ဃ၁၀ ဟာဇာ-ရွှာလ
င၈ လေဟိ
င၈ ဗက်လင်
င၈ ဟေဗြုန်
င၉ ဧတံ
င၉ ဗက်-မာကဗုတ်
င၉ ဗေသွေလ? (ခေသိလ?)
င၉ ရှေဘ? (ယေရွှ)
င၁၀ ဗာလတ်-ဗေရ (ဗာလ)
င၁၀ အာဇင်
အာရှာ (င၃)
င၂ တုရု
င၄ ဟာရောရှက်
င၄ ဒေါရ
စ၁ ဇိဒုန်
မနာရှေ (င၅)
င၆ ရှမိရ (ရှမာရိ)
င၆ ပိရသုန်
စ၆ ရှေခင်
ဆ၅ အာဗေလ-မဟောလ
ဧဖရိမ် (င၇)
င၇ တိမနတ်-ဿေရ
စ၆ တာပွာ
စ၆ ရှိလော
စ၇ ဗေသလ (လုဇ)
နဿလိ (င၃)
စ၂ ဗေသနတ်
စ၃ ကေဒရှ
ဆ၃ ဟာဇော်
ဇာဗုလုန် (င၄)
င၄ ဗက်လင်
ဣသခါ (င၅)
င၅ မေဂိဒ္ဒေါ
င၅ ကေဒေရှ (ကိရှုန်)
င၅ တာနတ်
စ၄ အင်ဒေါရ
စ၅ ဗက်-ရှိတ္တ
စ၅ ဗက်ရှန်
စ၅ ဣဗလံ (ဂါသရိမ္မုန်)
ဗင်ယာမိန် (စ၇)
စ၇ ဂိလဂါလ
စ၈ ယေရုရှလင်
ဒန် (ဆ၂)
ဆ၂ ဒန် (လဲရှ)
မနာရှေ (ဇ၃)
ဇ၄ ဂေါလန်
ဂဒ် (ဇ၆)
ဆ၆ သုကုတ်
ဆ၆ ပေနွေလ
ဆ၆ မိဇပါ
ဆ၇ ယုဗ္ဗေဟ
ဇ၅ ရာမုတ်-ဂိလဒ်
ဇ၇ ရဗ္ဗာ
ဇ၇ အာဗေလ-ခေရမိမ်
ရုဗင် (စ၈)
ဆ၇ ဟေရှဘုန်
ဆ၉ အာရော်
ဇ၇ မိန္နိတ်
ဇ၈ ဗေဇာ
[အခြားနေရာများ]
ဈ၁ ဒမာသက်
[တောင်များ]
စ၄ တာဗော်တောင်
စ၄ မောရ
စ၅ ဂိလဗောတောင်
စ၆ ဗေလတောင်
စ၆ ဂေရဇိမ်တောင်
[ရေအစုအဝေး]
ဂ၅ မြေထဲပင်လယ် (ပင်လယ်ကြီး)
စ၉ ရေငန်အိုင်
ဆ၄ ဂါလိလဲအိုင်
[မြစ်များ နှင့် ချောင်းများ]
ခ၁၁ အီဂျစ်ချောင်း ချိုင့်ဝှမ်း
စ၆ ယော်ဒန် မြစ်
ဆ၆ ယဗ္ဗုတ်ချောင်း ချိုင့်ဝှမ်း
ဆ၉ အာနုန်ချောင်း ချိုင့်ဝှမ်း
ဆ၁၁ ဇေရက်ချောင်း ချိုင့်ဝှမ်း
[စာမျက်နှာ ၁၄ ပါ ရုပ်ပုံ]
ဣသခါ နယ်မြေအတွင်းရှိ တာဗော်တောင်သည် ယေဇရေလ ချိုင့်ဝှမ်းတွင် ထီးထီးမားမားကြီး မြင့်တက်လျက်ရှိသည်
[စာမျက်နှာ ၁၄ ပါ ရုပ်ပုံ]
လွှမ်းမိုးသော ကိရှုန်မြစ်ရေသည် သိသရ၏ စစ်ရထားများကို နွံနစ်စေခဲ့သည်