ယေရုရှလင်မြို့နှင့် ရှောလမုန်၏ဗိမာန်တော်
ယင်းကို “အသရေတင့်တယ်ခြင်းနှင့် ပြည့်စုံရာ” ဟူ၍လည်းကောင်း၊ “မဟာမင်းမြတ်၏ မြို့တော်” ဟူ၍လည်းကောင်း ခေါ်ဝေါ်သမုတ်ခဲ့ကြသည်။ (ဆ ၄၈:၂; ၅၀:၂၊ သမ္မာ; မြည် ၂:၁၅) ယေရုရှလင်မြို့သည် ဘုရားသခင့် လူမျိုးတော်၏ မြို့တော်ဖြစ်ခဲ့သည်။ (ဆ ၇၆:၂) ဒါဝိဒ်သည် ယေရုရှလင်မြို့ကို ယေဗုသိလူမျိုးတို့ထံမှ သိမ်းပိုက်ပြီးနောက် မိမိ၏ မြို့တော်အဖြစ် သတ်မှတ်ခဲ့သောကြောင့် ယင်းကို “ဒါဝိဒ်မြို့” ဟူ၍လည်းကောင်း၊ “ဇိအုန်” ဟူ၍လည်းကောင်း ခေါ်ဝေါ်ခဲ့ကြသည်။—၂ရ ၅:၇။
ယေရုရှလင်မြို့သည် မဟာဗျူဟာအရ အလွန် အချက်အချာကျသောနေရာ မဟုတ်စေကာမူ ဘုရားသခင်က ထိုမြို့တွင် နာမတော်ကို တည်စေတော်မူသောကြောင့် ထင်ပေါ်ကျော်စောခဲ့ခြင်းဖြစ်သည်။ (တရ ၂၆:၂) ယင်းသည် လူမျိုးတော်၏ ဘာသာရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ ဗဟိုဌာနဖြစ်ခဲ့သည်။
ယေရုရှလင်မြို့သည် ယုဒတောင်တန်းများ၏ အလယ်ဗဟို ပင်လယ်မျက်နှာပြင်အထက် ပေပေါင်း ၂,၅၀၀ အမြင့်တွင် တည်ရှိသည်။ သမ္မာကျမ်းစာက ယေရုရှလင်မြို့၏ ‘မြင့်မားခြင်း‘ အကြောင်းနှင့် ဝတ်ပြုကိုးကွယ်သူများ ယင်းမြို့သို့ရောက်ရန် ‘တက်သွားကြ’ သည်ဟု ညွှန်းဆိုထားသည်။ (ဆ ၄၈:၂; ၁၂၂:၃၊ ၄) ရှေးယေရုရှလင်မြို့ကို တောင်ကြားချိုင့်ဝှမ်းများ ဝိုင်းပတ်လျက်ရှိသည်။ ၎င်းတို့မှာ အနောက်ဘက်နှင့် တောင်ဘက်တွင် ဟိန္နုံချိုင့်ဝှမ်းနှင့် အရှေ့ဘက်တွင် ကေဒြုန် တောင်ကျချောင်း ချိုင့်ဝှမ်းတို့ဖြစ်ကြသည်။ (၄ရ ၂၃:၁၀; ယေ ၃၁:၄၀) ကေဒြုန် ချိုင့်ဝှမ်းရှိ ဂိဟုန် စမ်းရေတွင်းaနှင့် တောင်ပိုင်းရှိ အင်ရောဂေလ စမ်းရေတွင်းတို့သည် သန့်ရှင်းသော သောက်သုံးရေ ထောက်ပံ့ပေးသည်။ ရန်သူများ တိုက်ခိုက်လာသည့် ကာလအတွင်း အထူးသဖြင့် အရေးပါလှသည်။—၂ရ ၁၇:၁၇။
စာမျက်နှာ ၂၁ မှ ပုံစံကားချပ်တွင် ဒါဝိဒ်မြို့ကို အနီရောင် ခြယ်ထားသည်။ ဒါဝိဒ်နှင့် ရှောလမုန်တို့ စိုးစံရာကာလအတွင်း မြို့တော်သည် မြောက်ဘက်ရှိ ဩဖေလအရပ် (အစိမ်းရောင်) နှင့် မောရိတောင် (အပြာရောင်) တို့ပါဝင်အောင် ချဲ့ထွင်ခဲ့သည်။ (၂ရ ၅:၇-၉; ၂၄:၁၆-၂၅) ရှောလမုန်သည် သာ၍မြင့်မားသော ထိုမောရိတောင်စွယ်ပေါ်တွင် ယေဟောဝါအဖို့ ခမ်းနားထည်ဝါသည့် ဗိမာန်တော်ကို တည်ဆောက်ခဲ့သည်။ ကိုးကွယ်သူ လူအုပ်များ နှစ်စဉ် ဘာသာရေးပွဲတော်အတွက် ‘ယေဟောဝါ၏တောင်တော်’ သို့ တသီတတန်းကြီး တက်သွားနေကြသည်ကို မြင်ယောင်ကြည့်လိုက်ပါ။ (ဇာ ၈:၃) စာမျက်နှာ ၁၇ တွင် ဖော်ပြထားသည့် လမ်းကွန်ရက်က ထိုသို့သော ခရီးစဉ်အတွက် လွယ်ကူချောမောစေသည်။
ရွှေနှင့် အဖိုးတန် ကျောက်မျက်များဖြင့် တန်ဆာဆင်ထားသည့် ရှောလမုန်၏ ဗိမာန်တော်သည် ဆောက်လုပ်ခဲ့သမျှ တန်ဖိုးအကြီးဆုံး အဆောက်အဦများအနက် တစ်ခုအပါအဝင်ဖြစ်သည်။ သိသာထင်ရှားသည်မှာ ဗိမာန်တော်၏ ဗိသုကာပုံစံကို ယေဟောဝါ ပေးတော်မူခဲ့ခြင်းဖြစ်သည်။ ဤပန်းချီကား၌ တွေ့မြင်ရသည့်အတိုင်း ဗိမာန်တော်၏ တစ်ဖက်တစ်ချက်တွင် ကြီးမားသော ဗိမာန်တော်ဝင်းများနှင့် စီမံခန့်ခွဲရေး အဆောက်အအုံများ ရံလျက်ရှိကြသည်။ အသေးစိတ် အချက်အလက်များကို အချိန်ယူ၍ လေ့လာအပ်ပေသည်။—၃ရ ၅:၁–၇:၅၁; ၅ရ ၂၈:၁၁-၁၉; ဗြဲ ၉:၂၃၊ ၂၄။
[အောက်ခြေမှတ်]
a ဘုရင် ဟေဇကိသည် ဤစမ်းရေတွင်းကိုပိတ်၍ မြို့အနောက်ဘက်ခြမ်းတွင်ရှိသည့် ရေအိုင်တစ်ခုအရောက် ဥမင်တစ်ခု ဖောက်လုပ်ခဲ့သည်။—၆ရ ၃၂:၄၊ ၃၀။
[စာမျက်နှာ ၂၁ ပါ လေးထောင့်ကွက်]
အချိန်တန်သော် ယေရုရှလင်မြို့သည် အနောက်ဘက်နှင့် မြောက်ဘက်သို့ တိုးချဲ့ခဲ့သည်။ ရှောလမုန်နောက်ပိုင်း ယုဒရှင်ဘုရင်များက မြို့ရိုးများနှင့် မြို့တံခါးများကို ထည့်သွင်းတည်ဆောက်ခဲ့ကြသည်။ လုပ်ဆောင်ဆဲ ရှေးဟောင်းသုတေသနပြုချက်က မြို့ရိုးများ၏ အချို့သောအပိုင်းများ၏ တည်နေရာနှင့် အတိုင်းအတာ အတိအကျကို ဖော်ထုတ်ပေးနိုင်ဖွယ်ရှိသည်။ ယေရုရှလင်မြို့သည် ဘီ.စီ.အီး. ၆၀၇ ခုနှစ်တွင် ဖျက်ဆီးခံရပြီး အနှစ် ၇၀ တိုင်တိုင် လူသူကင်းမဲ့ခဲ့သည်။ ယုဒလူမျိုး ပြည်တော်ပြန်လာပြီးနောက် အနှစ် ၈၀ ခန့်ကြာသော် နေဟမိသည် ယေရုရှလင်မြို့ရိုး အကြီးအကျယ် ပြန်လည်တည်ဆောက်ခြင်းကို စတင်လုပ်ဆောင်ခဲ့သည်။
[စာမျက်နှာ ၂၁ ပါ ဇယား/ ရုပ်ပုံ]
(ကာချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)
ယေရုရှလင်မြို့/ရှောလမုန်၏ဗိမာန်တော်
ရှောလမုန်လက်ထက် ဗိမာန်တော် နယ်မြေ
၁။ အထူးသန့်ရှင်းရာ ဌာနတော်
၂။ သန့်ရှင်းရာ ဌာနတော်
၃။ စမုတ်ဆောင်
၄။ ဗောဇ
၅။ ယာခိန်
၆။ ကြေးယဇ်ပလ္လင်
၇။ ကြေးရေကန်
၈။ ကြေးအောက်ခံလှည်း
၉။ ဘေးပတ်လည်အခန်းများ
၁၀။ ထမင်းစားခန်းများ
၁၁။ အတွင်းရင်ပြင်
ဗိမာန်တော်နယ်မြေ
မောရိတောင်
ထမင်းစားခန်းများ
ကြေးအောက်ခံလှည်း
ဘေးပတ်လည်အခန်းများ
အထူးသန့်ရှင်းရာ ဗောဇ
ဌာနတော် သန့်ရှင်းရာ ဌာနတော် စမုတ်ဆောင် ကြေး အတွင်း
ယာခိန် ယဇ်ပလ္လင် ရင်ပြင်
ကြေးအောက်ခံလှည်း ကြေး
ရေကန်
ဩဖေလ
ပြည်သူ့ ရင်ပြင်?
ရေတံခါး
ဒါဝိဒ်မြို့
ဇိအုန်တောင်
ဒါဝိဒ် နန်းတော်
စမ်းရေတွင်းတံခါး
မနာရှေ မြို့ရိုး?
ဟာနနေလ ပြအိုး
မေအာ ပြအိုး
သိုးတံခါး
ကင်းတံခါး
စစ်ဆေးရေး တံခါး
မြင်း တံခါး
ကေဒြုန် ချိုင့်ဝှမ်း
အောက်ပိုင်းမြို့ရိုး?
ဂိဟုန်စမ်းရေတွင်း
နှောင်းခေတ် ရေသွယ်ဥမင်
တိုရိုပိုယွန် ချိုင့်ဝှမ်း
ပြာပုံတံခါး (အိုးခြမ်း) (နောက်ချေး)
အင်ရောဂေလ စမ်းရေတွင်း
ချိုင့်တံခါး
ဟိန္နုံချိုင့်ဝှမ်း
ထောင့် တံခါး
မီးဖိုပြအိုး
မြို့ရိုးကျယ်
ဧဖရိမ်တံခါး
ပြည်သူ့ရင်ပြင်
မြို့ဟောင်းတံခါး
မြောက်ဘက်မြို့ရိုးဟောင်း
ဒုတိယ အရပ်
ငါးတံခါး
[ရုပ်ပုံ]
ဩဖေလ
ဖာရောမင်း သမီးတော် စံနန်းတော်
ရှောလမုန် နန်းတော်
လေဗနုန်တောနန်းတော်
တိုင်စု စမုတ်ဆောင်
တရားပလ္လင်တည်ရာ စမုတ်ဆောင်တော်
မောရိတောင်
ရင်ပြင်ကြီး
ဗိမာန်တော်
[စာမျက်နှာ ၂၀ ပါ ရုပ်ပုံ]
အနီးမြင်ကွင်း (ရှေ့ပိုင်း) နယ်မြေသည် “ဒါဝိဒ်မြို့” တည်ရှိခဲ့သည့် နေရာဖြစ်သည်။ ဗိမာန်တော်သည် ညီညာပြန့်ပြူးသောနေရာ (နောက်ခံမြင်ကွင်း) တွင် တည်ရှိခဲ့သည်
[စာမျက်နှာ ၂၀ ပါ ရုပ်ပုံ]
ကွန်ပျူတာ သရုပ်ဖော် ရှေးခေတ် “ဒါဝိဒ်မြို့” နှင့် ရှောလမုန်၏ ဗိမာန်တော်ပုံ