ဒါဝိဒ်နှင့် ရှောလမုန်လက်ထက် ဣသရေလနိုင်ငံ
ဘုရားသခင်သည် အာဗြံ၏ အမျိုးအနွယ်အား “အီဂျစ်ပြည်ရှိ မြစ်မှစ၍ ဥဖရတ် မြစ်ကြီးတိုင်အောင်” ကျယ်ဝန်းသောပြည်ကို ပေးမည်ဟု ကတိထားတော်မူ၏။ (က ၁၅:၁၈၊ သမ; ထွ ၂၃:၃၁; တရ ၁:၇၊ ၈; ၁၁:၂၄) ခါနာန်ပြည်ထဲသို့ ယောရှု ဝင်ရောက်ပြီးနောက် ကတိထားရာပြည်တော်သည် အဆိုပါ နယ်နိမိတ်များအထိ ရောက်ရှိရန် ရာစုနှစ်လေးခုခန့် အချိန်ကြာညောင်းခဲ့သည်။
ရှင်ဘုရင် ဒါဝိဒ်သည် ရှုရိပြည်မြောက်ပိုင်းရှိ ဥဖရတ်မြစ်တိုင်အောင် ထိစပ်လျက်ရှိသည့် ဇောဘပြည်မှ အာရံနိုင်ငံကို အောင်နိုင်သိမ်းပိုက်ခဲ့သည်။a တောင်ဘက်ပိုင်းတွင် ဖိလိတ္တိလူတို့ကို အနိုင်ရလိုက်ခြင်းဖြင့် ဒါဝိဒ်အတွက် အီဂျစ်နယ်စပ်တိုင်အောင် နယ်ပယ်ချဲ့ထွင်ရန် လမ်းပွင့်သွားခဲ့သည်။—၂ရ ၈:၃; ၅ရ ၁၈:၁-၃; ၂၀:၄-၈; ၆ရ ၉:၂၆။
ထိုနောက် ရှောလမုန်မင်းသည် “မြစ်ကြီး [ဥဖရတ်] မှစ၍ ဖိလိတ္တိပြည်၊ အီဂျစ်ပြည် နယ်စပ်တိုင်အောင်” အုပ်စိုးခဲ့သည်။ ယင်းအုပ်စိုးမှုက မေရှိယ၏ ငြိမ်းချမ်းသော အုပ်စိုးမှုကို ကြို၍ အရိပ်နိမိတ်ပြခဲ့သည်။ (၃ရ ၄:၂၁-၂၅၊ သမ; ၈:၆၅; ၅ရ ၁၃:၅; ဆ ၇၂:၈; ဇာ ၉:၁၀) သို့သော်လည်း ဣသရေလလူမျိုး နေထိုင်သည့် နယ်မြေအပိုင်းအခြားကို “ဒန်မြို့မှစ၍ ဗေရရှေဗမြို့တိုင်အောင်” ဟူ၍ ယေဘုယျအားဖြင့် ပြောဆိုလေ့ရှိကြသည်။—၂ရ ၃:၁၀; ၆ရ ၃၀:၅။
ရှောလမုန်မင်းသည် ဘုရားသခင့်စကားကို နားမထောင်ဘဲ မြင်းနှင့် ရထားများကို စုဆောင်းခဲ့သည်။ (တရ ၁၇:၁၆; ၆ရ ၉:၂၅) သူသည် ယင်းတို့ကို လမ်းများနှင့် လမ်းမကြီးများ ကွန်ရက်တစ်လျှောက် ရွေ့လျားသွားလာစေခဲ့ပေမည်။ (ယရ ၂:၂၂; ၃ရ ၁၁:၂၉; ရှာ ၇:၃; မ ၈:၂၈) ဤလမ်းမကြီးများ အနည်းအကျဉ်းလောက်၏ အသေးစိတ် အချက်အလက်များကိုသာ ကျွန်ုပ်တို့ သိရှိရသည်၊ ဥပမာ ‘ဗေသလမြို့မှ ရှေခင်မြို့၊ ထိုမှတစ်ဆင့် လေဗောနမြို့ တောင်ဘက်သို့ သွားသောလမ်းမကြီး’ အကြောင်းဖြစ်သည်။—သူ ၅:၆; ၂၁:၁၉။
ရှေးဣသရေလနိုင်ငံမှ လမ်းများနှင့် လမ်းမကြီးများ စာအုပ်တွင် ဤသို့မှတ်ချက်ပြုထားသည်– “ရှေးဣသရေလနိုင်ငံမှ လမ်းကွန်ရက်အကြောင်း စူးစမ်းလေ့လာရာတွင် အထူးသိသာထင်ရှားသော အခက်အခဲမှာ ထိုခေတ်က လမ်းများသည် ကျောက်ပြားအုတ်ချပ်များ ခင်းထားခြင်းမရှိသောကြောင့် ဓမ္မဟောင်းကျမ်း ခေတ်ကာလမှ တောလမ်းများ၏ ထင်ရှားသည့် သဘာဝ မြေမျက်နှာပြင်ဆိုင်ရာ သဲလွန်စများ မရှိခြင်းပင်ဖြစ်သည်။” သို့ဖြစ်စေကာမူ မြေမျက်နှာသွင်ပြင်နှင့် တူးဖော်ထားသည့် မြို့များ၏ အပြိုအပျက်များက လမ်းမအများအပြား၏ လမ်းကြောင်းများကို ညွှန်ပြလျက်ရှိသည်။
လမ်းမများသည် တပ်အရွှေ့အပြောင်း စစ်ချီစစ်တက်အတွက် အထူးအရေးပါလှသည်။ (၁ရ ၁၃:၁၇၊ ၁၈; ၄ရ ၃:၅-၈) ဖိလိတ္တိလူမျိုးတို့သည် ဣသရေလလူမျိုးကို တိုက်ခိုက်ရန်အတွက် ဧကြုန်မြို့နှင့် ဂါသမြို့တို့မှ “စောခေါမြို့နှင့် အဇေကာမြို့စပ်ကြား” ဒေသသို့ ချီတက်လာကြသည်။ ရှောလု၏စစ်တပ်သည် “ဧလာချိုင့်ဝှမ်း မြေနိမ့်လွင်ပြင်တွင်” ဖိလိတ္တိလူမျိုးတို့နှင့် ရင်ဆိုင်ကြသည်။ ဂေါလျတ်ကို ဒါဝိဒ် သတ်ဖြတ်ပြီးနောက် ဖိလိတ္တိလူတို့သည် ဂါသမြို့နှင့် ဧကြုန်မြို့သို့ ပြန်လည်ဆုတ်ပြေးကြပြီး ဒါဝိဒ်သည်လည်း ယေရုရှလင်မြို့သို့ ပြန်သွားလေ၏။—၁ရ ၁၇:၁-၅၄။
လာခိရှမြို့ (ဃ၁၀)၊ အဇေကာမြို့ (ဃ၉) နှင့် ဗက်ရှေမက်မြို့ (ဃ၉) တို့သည် ရှဖေလာခရိုင်မှ ယုဒတောင်ကုန်းများသို့သွားရာ သဘာဝ လမ်းကြောင်းတစ်လျှောက်တွင် တည်ရှိကြသည်။ သို့ဖြစ်သောကြောင့် အဆိုပါမြို့များသည် ဗိုင်အာ မာရစ္စလမ်းဖြင့် ဣသရေလနိုင်ငံ၏ အချက်အချာဒေသသို့ ချီတက်လာသည့် ရန်သူများအား ဟန့်တားပိတ်ဆို့ရာတွင် အရေးပါသောမြို့များ ဖြစ်ကြသည်။—၁ရ ၆:၉၊ ၁၂; ၄ရ ၁၈:၁၃-၁၇။
[အောက်ခြေမှတ်ချက်]
a ရုဗင်အနွယ်၏ နယ်မြေသည် ရှုရိ (ဆီးရီးယား) သဲကန္တာရအထိ ကျယ်ဝန်းသည်။ ယင်းသဲကန္တာရ၏ အရှေ့ဘက် အစွန်အဖျားမှာ ဥဖရတ်မြစ်ဖြစ်သည်။—၅ရ ၅:၉၊ ၁၀။
[စာမျက်နှာ ၁၆ ပါ လေးထောင့်ကွက်]
ဤကာလအတွင်း ရေးသားခဲ့သည့် သမ္မာကျမ်း စာစောင်များ–
၁နှင့် ၂ ဓမ္မရာဇဝင်ကျမ်း
ဆာလံကျမ်း (တစ်စိတ်တစ်ပိုင်း)
သုတ္တံကျမ်း (တစ်စိတ်တစ်ပိုင်း)
ရှောလမုန်သီချင်း
ဒေသနာကျမ်း
[စာမျက်နှာ ၁၇ ပါ မြေပုံ]
(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)
ပြည်ထောင်စု သက်ဦးဆံပိုင်ခေတ်အတွင်းမှ ပိုင်နက်နယ်ပယ်နှင့် လမ်းမများ
နယ်နိမိတ်များ (ရှောလမုန်ခေတ်)
တိဖသ
ဟာမတ်
တာဒမော်
ဗေရောသဲ (ခုန်)
ဇိဒန်
ဒမာသက်
တုရု
ဒန်
ယေရုရှလင်
ဂါဇ
အာရော်
ဗေရ-ရှေဘ
တာမာ
ဧဇယုန်-ဂါဗာ
ဧလတ် (ဧလုတ်)
[မြစ်များ နှင့် ချောင်းများ]
ဥဖရတ်မြစ်
အီဂျစ်ချောင်းချိုင့်ဝှမ်း
ဒါဝိဒ်နှင့် ရှောလမုန် (လမ်းမများ)
ခ၁၀ ဂါဇ
ဂ၈ ယုပ္ပေ
ဂ၉ အာဇုတ်
ဂ၁၀ အာရှကေလုန်
ဂ၁၁ ဇိကလတ်
ဂ၁၂ ပါရန် တောကန္တာရ
ဃ၅ ဒေါရ
ဃ၆ ဟေဖာ
ဃ၈ အာဖတ်
ဃ၈ ရာမ
ဃ၉ ရှာလဗိမ်
ဃ၉ ဂေဇာ
ဃ၉ မာကတ်
ဃ၉ ဧကြုန်
ဃ၉ ဗက်-ရှေမက်
ဃ၉ ဂါသ
ဃ၉ အဇေကာ
ဃ၁၀ စောခေါ
ဃ၁၀ အဒုလံ
ဃ၁၀ ကိလ
ဃ၁၀ လာခိရှ
ဃ၁၁ ယတ္တိရ
ဃ၁၂ ဗေရ-ရှေဘ
င၂ တုရု
င၄ ကာဗုလ
င၅ ယောကန (ယောကမ?)
င၅ မေဂိဒ္ဒေါ
င၆ တာနက်
င၆ အာရုဗုတ်
င၇ ပိရသုန်
င၈ လေဗောန
င၈ ဇေရဒ
င၈ ဗေသလ
င၉ အောက် ဗေသောရုန်
င၉ အထက် ဗေသောရုန်
င၉ ဂေဗ
င၉ ဂိဗောင်
င၉ ဂိဗာ
င၉ ကိရယတ်-ယာရိမ်
င၉ နောဗ
င၉ ဗာလ-ပေရဇိမ်
င၉ ယေရုရှလင်
င၉ ဗက်လင်
င၁၀ တေကော
င၁၀ ဟေဗြုန်
င၁၁ ဇိဖ
င၁၁ ဟောရရှ
င၁၁ ကရမေလ
င၁၁ မောန
င၁၁ ဧရှတေမော
စ၅ အင်ဒေါရ
စ၅ ရှုနင်
စ၅ ယေဇရေလ
စ၆ ဗက်ရှန်
စ၇ တိရဇာ
စ၇ ရှေခင်
စ၈ ဇာရတန်
စ၈ ရှိလော
စ၈ ဩဖရ?
စ၉ ယေရိခေါ
စ၁၁ အင်္ဂေဒိ
ဆ၂ အာဗေလ-ဗက်-မာခါ
ဆ၂ ဒန်
ဆ၃ ဟာဇော်
ဆ၃ မာခါနယ်
ဆ၅ လော-ဒေဗာ (ဒေဗိရ)
ဆ၅ ရောဒေလိမ်
ဆ၆ အာဗေလ-မဟောလ
ဆ၇ သုကုတ်
ဆ၇ မဟာနိမ်
ဇ၁ ရှုရိပြည်
ဇ၄ ဂေရှုရနယ်
ဇ၆ ရာမုတ်-ဂိလဒ်
ဇ၈ ရဗ္ဗာ
ဇ၉ မေဒဗ
ဇ၁၁ အာရော်
ဇ၁၂ မောဘပြည်
ဈ၄ ဟေလံ
ဈ၉ အမ္မုန်
[လမ်းမကြီးများ]
ဂ၁၀ ဗိုင်အာ မာရစ္စ
ဇ၆ မင်းလမ်း
[တောင်များ]
စ၅ ဂိလဗောတောင်
[ရေအစုအဝေး]
ဂ၈ မြေထဲပင်လယ် (ပင်လယ်ကြီး)
စ၁၀ ရေငန်အိုင် (ပင်လေသေ)
ဆ၄ ဂါလိလဲအိုင်
[စမ်းရေ (သို့မဟုတ်) ရေတွင်း]
င၉ အင်ရောဂေလ စမ်းရေ
[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]
ယာ– ဧလာ ချိုင့်ဝှမ်း၊ အရှေ့ဘက် ယုဒ တောင်ကုန်းများဆီသို့ လှမ်းမျှော်လျက်
အောက်– ကတိထားရာပြည်တော်အတွင်း ခရီးသွားလာနိုင်သည့် လမ်းကွန်ရက်