ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • fg အခန်း ၅ မေးခွန်းများ ၁-၅
  • ကမ္ဘာကို ဘုရားသခင် ဖန်ဆင်းရတဲ့ ရည်ရွယ်ချက်က ဘာလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကမ္ဘာကို ဘုရားသခင် ဖန်ဆင်းရတဲ့ ရည်ရွယ်ချက်က ဘာလဲ
  • လူမျိုးအားလုံးအတွက် သတင်းကောင်း
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကမ္ဘာမြေနဲ့ပတ်သက်ပြီး ဘုရားသခင်ရဲ့ရည်ရွယ်ချက်က ဘာလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • ကမ္ဘာမြေအတွက် ဘုရားသခင့်ရည် ရွယ်ချက်ကား အဘယ်နည်း
    ကျွန်ုပ်တို့ထံမှ ဘုရားသခင် အဘယ်အရာတောင်းဆိုတော်မူသနည်း
  • သမ္မာကျမ်းစာပါ သာယာအေးချမ်းတဲ့ဥယျာဉ် ပရဒိသုက ဘယ်မှာရှိသလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
  • “ပရဒိသုမှာ ပြန်တွေ့မယ်”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၈
နောက်ထပ် ကြည့်ပါ
လူမျိုးအားလုံးအတွက် သတင်းကောင်း
fg အခန်း ၅ မေးခွန်းများ ၁-၅

အခန်း ၅

ကမ္ဘာကို ဘုရားသခင် ဖန်ဆင်းရတဲ့ ရည်ရွယ်ချက်က ဘာလဲ

၁။ ကမ္ဘာကို ဘုရားသခင် ဘာကြောင့် ဖန်ဆင်းခဲ့သလဲ။

သာယာလှပတဲ့ ဧဒင်ဥယျာဉ်မှာရှိနေတဲ့ အာဒံနဲ့ ဧဝ၊ နောက်ပိုင်း ဥယျာဉ်ကနေ နှင်ထုတ်ခံရ။

လူတွေ နေထိုင်ဖို့ ဒီကမ္ဘာကို ဘုရားသခင် ဖန်ဆင်းခဲ့တာပါ။ ပထမလူသားမောင်နှံ အာဒံနဲ့ ဧဝကို ကောင်းကင်မှာ နေထိုင်ဖို့ ဖန်ဆင်းခဲ့တာ မဟုတ်ပါဘူး။ ကောင်းကင်မှာ ကောင်းကင်တမန်တွေကို ဘုရားသခင် ဖန်ဆင်းထားပြီးသား ဖြစ်တယ်။ (ယောဘ ၃၈:၄၊ ၇) ဒါကြောင့် ဘုရားသခင်က ပထမလူယောက်ျားကို သာယာလှပတဲ့ ဧဒင်ဥယျာဉ်မှာ နေရာချပေးတယ်။ (ကမ္ဘာဦး ၂:၁၅-၁၇) အာဒံနဲ့ သားစဉ်မြေးဆက်တွေကို ဒီမြေကြီးပေါ်မှာ အဆုံးမဲ့အသက်တာနဲ့ အသက်ရှင် ပျော်မွေ့နိုင်ခွင့် ဘုရားသခင် ပေးခဲ့တယ်။​—ဆာလံ ၃၇:၂၉။ ၁၁၅:၁၆ ကိုဖတ်ပါ။

အစတုန်းကတော့ ဧဒင်ဥယျာဉ်တစ်ခုပဲ သာယာလှပခဲ့ပါတယ်။ ပထမလူသားမောင်နှံက သားသမီးတွေနဲ့ ဒီမြေကြီးကို ပြည့်စေရမှာ ဖြစ်တယ်။ နောက်ဆုံးမှာ၊ သူတို့ဟာ ကမ္ဘာကြီးတစ်ခုလုံးကို ကောင်းကောင်းနိုင်နင်းပြီး သာယာလှပတဲ့နေရာဖြစ်အောင် တိုးချဲ့ပြုလုပ်ရမှာဖြစ်တယ်။ (ကမ္ဘာဦး ၁:၂၈) ကမ္ဘာကြီးက ဘယ်တော့မှ ဖျက်ဆီးခံရမှာ မဟုတ်ဘဲ လူတွေရဲ့ နေအိမ် ထာဝစဉ်ဖြစ်သွားမှာပါ။​—ဆာလံ ၁၀၄:၅ ကိုဖတ်ပါ။

ကမ္ဘာကို ဘုရားသခင် ဘာကြောင့် ဖန်ဆင်းခဲ့သလဲ ဗီဒီယိုကိုကြည့်ပါ။

၂။ အခုချိန်မှာ ကမ္ဘာကြီးက ပရဒိသုဥယျာဉ် ဘာကြောင့် မဖြစ်သလဲ။

အာဒံနဲ့ ဧဝတို့ ဘုရားသခင်ကို မနာခံတဲ့အတွက် ပရဒိသုဥယျာဉ်ကြီးကနေ နှင်ထုတ်ခံလိုက်ရပါတယ်။ ဒီလိုနဲ့ ပရဒိသုဥယျာဉ် ပျောက်ဆုံးသွားခဲ့ရတယ်။ နဂိုအတိုင်း ပြန်ဖြစ်အောင် ဘယ်လူသားမှ လုပ်ပေးနိုင်စွမ်း မရှိပါဘူး။ အဲဒီအချိန်ကစပြီး မြေကြီးပေါ်မှာ လူဆိုးတွေ တဖြည်းဖြည်း တိုးများလာတယ်။​—ကမ္ဘာဦး ၃:၂၃၊ ၂၄ ကိုဖတ်ပါ။

ကမ္ဘာပရဒိသုမှာ လူတွေ အိမ်ဆောက်နေကြစဉ်

ယေဟောဝါဘုရားက လူတွေအတွက် မူလရည်ရွယ်ချက်ကို စွန့်လွှတ်လိုက်ပြီလား။ မစွန့်လွှတ်ပါဘူး။ ဘုရားသခင်ဟာ အတိုင်းအဆမဲ့ တန်ခိုးရှင်ဖြစ်တဲ့အတွက် မလုပ်နိုင်တာ ဘာမှမရှိပါဘူး။ (ဟေရှာယ ၄၅:၁၈) ဘုရားရဲ့ မူလရည်ရွယ်ချက်အတိုင်း ပြန်ဖြစ်လာပါလိမ့်မယ်။​—ဆာလံ ၃၇:၁၁၊ ၃၄ ကိုဖတ်ပါ။

၃။ ပရဒိသုဥယျာဉ် ဘယ်လို ပြန်ဖြစ်လာမလဲ။

ကမ္ဘာကြီးက ဘုရားသခင့် ခန့်အပ်ခံဘုရင်ဖြစ်တဲ့ ယေရှုရဲ့အုပ်ချုပ်ချိန်အတွင်းမှာ ပြောင်းလဲသွားပါလိမ့်မယ်။ အာမဂေဒုန်လို့ခေါ်တဲ့ စစ်ပွဲမှာ ယေရှုက ကောင်းကင်တမန်တွေကို ဦးဆောင်ပြီး ဘုရားသခင့်ရန်သူအားလုံးကို ဖျက်ဆီးပစ်မှာဖြစ်တယ်။ အဲဒီနောက် စာတန်ကို အနှစ် ၁,၀၀၀ ချုပ်နှောင်ထားပါလိမ့်မယ်။ ဘုရားသခင်ကို ဝတ်ပြုတဲ့သူတွေဟာ ယေရှုရဲ့ ဦးဆောင်မှုနဲ့ ကာကွယ်မှုကြောင့် ဖျက်ဆီးခြင်းဘေးကနေ ကပ်ကျော်လွတ်မြောက်ပြီး ဒီကမ္ဘာမြေပေါ် ထာဝစဉ် အသက်ရှင်သွားကြပါလိမ့်မယ်။​—ဗျာဒိတ် ၂၀:၁-၃။ ၂၁:၃၊ ၄ ကိုဖတ်ပါ။

၄။ ဆင်းရဲဒုက္ခတွေ ဘယ်တော့ ပျောက်ကွယ်သွားမလဲ။

ဆင်းရဲဒုက္ခတွေကို ဘုရားသခင် ဘယ်တော့ ဖယ်ရှားပစ်မှာလဲ။ အဆုံးရောက်လာတော့မယ့်အချိန်ကို ဖော်ပြတဲ့ “နိမိတ်” ကို ယေရှု ပေးခဲ့ပါတယ်။ ကမ္ဘာ့အခြေအနေတွေ ဒီအတိုင်းသာ ဆက်ရှိသွားမယ်ဆိုရင် လူသားမျိုးနွယ် ပျောက်ကွယ်သွားနိုင်စရာရှိတယ်။ ဒီအခြေအနေတွေက ကျွန်တော်တို့ဟာ “လောကစနစ် နိဂုံးပိုင်း” မှာ အသက်ရှင်နေကြရမှန်း ဖော်ပြတယ်။​—မဿဲ ၂၄:၃၊ ၇-၁၄၊ ၂၁၊ ၂၂ ကိုဖတ်ပါ။

ယေရှုဟာ ကောင်းကင်ပေါ်ကနေ မြေကြီးကိုအုပ်ချုပ်မယ့် အနှစ် ၁,၀၀၀ အတွင်း ဆင်းရဲဒုက္ခတွေကို ဖယ်ရှားပစ်ပါလိမ့်မယ်။ (ဟေရှာယ ၉:၆၊ ၇။ ၁၁:၉) ဘုရင်အနေနဲ့ရော ပုရောဟိတ်မင်းကြီးအနေနဲ့ပါ ဘုရားသခင်ကို ချစ်မြတ်နိုးသူတွေရဲ့ အပြစ်ကို ဖယ်ရှားပေးပါမယ်။ ဒီလိုနဲ့ ဘုရားသခင်ဟာ ယေရှုအားဖြင့် ဖျားနာမှု၊ အိုမင်းရင့်ရော်မှုနဲ့ သေခြင်းတို့ကို ဖယ်ရှားပစ်မှာဖြစ်တယ်။​—ဟေရှာယ ၂၅:၈။ ၃၃:၂၄ ကိုဖတ်ပါ။

၅။ ပရဒိသုမြေကြီးပေါ်မှာ ဘယ်သူတွေ နေထိုင်ကြမလဲ။

ဝတ်ပြုရာခန်းမမှာ လေ့လာနေကျသူများ

ဘုရားသခင်ကို ချစ်တဲ့သူတွေ၊ ဘုရားရဲ့ နှစ်သက်လက်ခံမှုကို ဘယ်လိုရရှိနိုင်တယ်ဆိုတာ သင်ယူချင်တဲ့ သူတွေကို ဝတ်ပြုရာခန်းမမှာ တွေ့ရပါမယ်

ဘုရားသခင့်စကားကို နားထောင်တဲ့သူတွေ နေထိုင်ကြမှာ ဖြစ်ပါတယ်။ (၁ ယောဟန် ၂:၁၇) စိတ်နှိမ့်ချတဲ့သူတွေကို ရှာဖွေပြီး ဘုရားသခင် လက်ခံတဲ့သူ ဖြစ်လာအောင် သွန်သင်ပေးဖို့ နောက်လိုက်တွေကို ယေရှု စေလွှတ်ခဲ့တယ်။ ဒီနေ့ သန်းနဲ့ချီတဲ့လူတွေ အနာဂတ်ကမ္ဘာသစ်မှာ နေထိုင်နိုင်ဖို့ ဘုရားသခင် ပြင်ဆင်ပေးနေပါတယ်။ (ဇေဖနိ ၂:၃) လင်ယောက်ျားနဲ့ ဖခင်ကောင်းတွေ ဖြစ်လာနိုင်ပုံ၊ ဇနီးသည်နဲ့ မိခင်ကောင်းတွေ ဖြစ်လာနိုင်ပုံကို ယေဟောဝါသက်သေတွေရဲ့ ဝတ်ပြုရာခန်းမ တွေမှာ လူတွေ သင်ယူနေကြတယ်။ သားသမီးနဲ့ မိဘတွေ အတူတကွ ဝတ်ပြုပြီး ကျမ်းစာအသိပညာကနေ အကျိုးရရှိနိုင်ပုံကို သင်ယူနေကြပါတယ်။​—မိက္ခာ ၄:၁-၄ ကိုဖတ်ပါ။

ပိုသိချင်တယ်ဆိုရင် သမ္မာကျမ်းစာ သွန်သင်ရာများ စာအုပ်၊ အခန်း ၃ မှာဖတ်ကြည့်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ