ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • fg အခန်း ၁၀ မေးခွန်းများ ၁-၄
  • စစ်မှန်တဲ့ဝတ်ပြုရေးကို ဘယ်လို ခွဲခြားသိမြင်နိုင်မလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စစ်မှန်တဲ့ဝတ်ပြုရေးကို ဘယ်လို ခွဲခြားသိမြင်နိုင်မလဲ
  • လူမျိုးအားလုံးအတွက် သတင်းကောင်း
  • ဆင်တူတဲ့ အကြောင်းအရာ
  • စစ်မှန်တဲ့ဝတ်ပြုရေးကို ဘယ်လိုခွဲခြားသိမြင်နိုင်မလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • ဘုရားသခင်နှစ်သက်လက်ခံတဲ့ ဝတ်ပြုရေး
    သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ
  • စစ်မှန်သောကိုးကွယ်မှုအကြောင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
  • စစ်မှန်သောဘာသာကို သင်မည်သို့တွေ့ ရှိနိုင်မည်နည်း
    ကျွန်ုပ်တို့ထံမှ ဘုရားသခင် အဘယ်အရာတောင်းဆိုတော်မူသနည်း
နောက်ထပ် ကြည့်ပါ
လူမျိုးအားလုံးအတွက် သတင်းကောင်း
fg အခန်း ၁၀ မေးခွန်းများ ၁-၄

အခန်း ၁၀

စစ်မှန်တဲ့ဝတ်ပြုရေးကို ဘယ်လို ခွဲခြားသိမြင်နိုင်မလဲ

၁။ စစ်မှန်တဲ့ဝတ်ပြုရေးက တစ်ခုတည်းပဲ ရှိသလား။

ယေရှုသွန်သင်ပေးနေပုံ

“ပရောဖက် အတုအယောင်တွေကို သတိထားပါ။” —မဿဲ ၇:၁၅။

စစ်မှန်တဲ့ဝတ်ပြုရေးက တစ်ခုတည်းပဲရှိတယ်လို့ နောက်လိုက်တွေကို ယေရှု ပြောခဲ့တယ်။ အဲဒီဝတ်ပြုရေးက ထာဝရအသက်လမ်းကို ဦးတည်တဲ့ လမ်းတစ်လမ်းနဲ့ တူတယ်။ အဲဒီလမ်းကို “ရှာတွေ့သူတွေ နည်းတယ်” လို့ ယေရှု ပြောခဲ့တယ်။ (မဿဲ ၇:၁၄) ကျမ်းစာအပေါ် အခြေခံတဲ့ ဝတ်ပြုရေးကိုပဲ ဘုရားသခင် လက်ခံပါတယ်။ အဲဒီဝတ်ပြုရေးမှာ ပါဝင်တဲ့သူအားလုံး ယုံကြည်ခြင်းတစ်မျိုးတည်းနဲ့ စည်းလုံးနေကြပါတယ်။​—ယောဟန် ၄:၂၃၊ ၂၄။ ၁၄:၆။ ဧဖက် ၄:၄၊ ၅ တို့ကိုဖတ်ပါ။

စစ်မှန်တဲ့ဝတ်ပြုရေးက တစ်ခုတည်းပဲ ရှိသလား ဗီဒီယိုကိုကြည့်ပါ။

၂။ ခရစ်ယာန်အတုအယောင်တွေအကြောင်း ယေရှု ဘာပြောခဲ့သလဲ။

ဘာသာရေးခေါင်းဆောင်တစ်ဦး ချာ့ခ်ျမှာ ဟောပြောနေ။ နောက်ပိုင်း စစ်မြေပြင်သွားမယ့် စစ်သားတွေကို ကောင်းချီးပေးနေ။

“ဘုရားသခင်ကို သိတယ်လို့ လူကြားကောင်းအောင် ပြောပေမဲ့ သူတို့ရဲ့ လုပ်ရပ်ကတော့ ဘုရားသခင်ကို ငြင်းပယ်တယ်။” —တိတု ၁:၁၆။

လူတွေကို အမှားတွေ သွန်သင်မယ့်သူတချို့ ခရစ်ယာန်ဘာသာထဲကနေ ပေါ်လာမယ်လို့ ယေရှု သတိပေးခဲ့တယ်။ သူတို့ရဲ့ပုံစံကို ကြည့်လိုက်ရင် စစ်မှန်တဲ့ခရစ်ယာန်တွေလိုပါပဲ။ သူတို့ရဲ့ အခြေအနေမှန်ကို ဘယ်လိုနည်းနဲ့ ခွဲခြားသိမြင်နိုင်မလဲ။ ဘုရားသခင်လက်ခံတဲ့ စစ်မှန်တဲ့ဝတ်ပြုရေးတစ်ခုတည်းကပဲ ခရစ်ယာန်စစ် တွေကို ထွက်ပေါ်လာစေပါတယ်။ သူတို့ရဲ့အရည်အသွေးတွေနဲ့ လုပ်ရပ်တွေကိုကြည့်ပြီး သူတို့ဟာ ခရစ်ယာန်စစ်တွေ ဟုတ်မဟုတ်ဆိုတာ ခွဲခြားသိမြင်နိုင်တယ်။​—မဿဲ ၇:၁၃-၂၃ ကိုဖတ်ပါ။

၃။ စစ်မှန်တဲ့ဝတ်ပြုရေးမှာ ပါဝင်တဲ့သူတွေကို ဘယ်လိုခွဲခြားနိုင်မလဲ။

အသွင်အပြင်ငါးမျိုးနဲ့ ခွဲခြားသိမြင်နိုင်ပါတယ်–

  • စစ်မှန်တဲ့ ဝတ်ပြုသူတွေဟာ ကျမ်းစာကို ဘုရားသခင့်စကားတော်အဖြစ် လေးမြတ်ကြတယ်။ ကျမ်းစာမူတွေနဲ့အညီ နေထိုင်ဖို့ သူတို့ ကြိုးစားကြတယ်။ ဒါကြောင့် စစ်မှန်တဲ့ဝတ်ပြုရေးဟာ လူ့အတွေးအခေါ်တွေအပေါ် အခြေခံတဲ့ ဝတ်ပြုရေးတွေနဲ့ ကွဲပြားခြားနားတာဖြစ်တယ်။ (မဿဲ ၁၅:၇-၉) စစ်မှန်တဲ့ဝတ်ပြုသူတွေဟာ အပြောတစ်မျိုး၊ အလုပ်တစ်မျိုး မလုပ်ကြဘူး။​—ယောဟန် ၁၇:၁၇။ ၂ တိမောသေ ၃:၁၆၊ ၁၇ တို့ကိုဖတ်ပါ။

  • ခရစ်ယာန်တစ်ဦး လုထုဟောပြောချက်ပေးနေ။ နောက်ပိုင်း ဘုရားသခင့်နိုင်တော်အကြောင်းဟောပြောနေ၊ ကယ်ဆယ်ရေးလုပ်ငန်းမှာ ကူညီနေ၊ အသက်ကြီးသူများကို ကူညီပေးတဲ့နေရာမှာ ပါဝင်။

    ဘုရားသခင့်နာမည် ယေဟောဝါကို ဂုဏ်တင်ကြတယ်။ ယေရှုဟာ လူတွေကို ဘုရားသခင်ရဲ့နာမည် ကြားသိစေခြင်းအားဖြင့် ဂုဏ်တင်ခဲ့တယ်။ ဘုရားသခင်အကြောင်း လူတွေ သိလာအောင် ကူညီပေးခဲ့ပြီး ဘုရားသခင့်နာမည် သန့်ရှင်းမြင့်မြတ်စေဖို့ ဆုတောင်းကြပါလို့လည်း သွန်သင်ပေးခဲ့တယ်။ (မဿဲ ၆:၉) သင့် ဒေသမှာ ဘယ်ဝတ်ပြုရေးအဖွဲ့က ဘုရားသခင့်နာမည်သိအောင် ကူညီပေးနေပါသလဲ။​—ယောဟန် ၁၇:၂၆။ ရောမ ၁၀:၁၃၊ ၁၄ တို့ကိုဖတ်ပါ။

  • ဘုရားသခင့်နိုင်ငံတော်အကြောင်း ဟောပြောကြတယ်။ ဘုရားသခင့်နိုင်ငံတော်သတင်းကောင်း ဟောပြောဖို့ ယေရှုကို ဘုရားသခင် စေလွှတ်လိုက်တယ်။ ဘုရားသခင့်နိုင်ငံတော်က လူသားတွေရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်ပဲ။ ယေရှုဟာ အဲဒီနိုင်ငံတော်အကြောင်းကို သေဆုံးခါနီးအချိန်အထိ ပြောသွားတယ်။ (လုကာ ၄:၄၃။ ၈:၁။ ၂၃:၄၂၊ ၄၃) ဘုရားသခင့်နိုင်ငံတော်အကြောင်းကို နောက်လိုက်တွေ ဟောပြောကြလိမ့်မယ် ဆိုပြီးတော့လည်း ပြောခဲ့တယ်။ သင့်ကို တစ်ယောက်ယောက်က ဘုရားသခင့်နိုင်ငံတော်အကြောင်း ပြောပြရင် သူဟာ ဘယ်ဝတ်ပြုရေးအဖွဲ့က ဖြစ်နိုင်ပါသလဲ။​—မဿဲ ၂၄:၁၄ ကိုဖတ်ပါ။

  • ဆိုးညစ်တဲ့လောကနဲ့ မပတ်သက်ကြဘူး။ သူတို့ဟာ နိုင်ငံရေး ဒါမှမဟုတ် လူမှုရေး ပဋိပက္ခတွေမှာ မပါဝင်ကြဘူး။ (ယောဟန် ၁၇:၁၆။ ၁၈:၃၆) ဒီလောကရဲ့ အန္တရာယ်ရှိတဲ့ အမူအကျင့်တွေ၊ သဘောထားတွေကိုလည်း အတုမယူကြဘူး။​—ယာကုပ် ၄:၄ ကိုဖတ်ပါ။

  • အချင်းချင်း မေတ္တာနဲ့ ပြောဆိုဆက်ဆံကြတယ်။ လူမျိုးနွယ်စုအသီးသီးက လူတွေကို လေးစားဖို့ ကျမ်းစာကနေ သင်ယူကြတယ်။ မှားယွင်းတဲ့ဝတ်ပြုရေးတွေက စစ်ပွဲတွေကို ထောက်ခံအားပေးတတ်ကြပေမဲ့ ခရစ်ယာန်စစ်တွေကတော့ အဲဒီလိုမလုပ်ကြဘူး။ (မိက္ခာ ၄:၁-၃) ခရစ်ယာန်စစ်တွေဟာ တခြားသူတွေကို ကူညီထောက်မဖို့ ကိုယ့်ရဲ့အချိန်နဲ့ ခွန်အားကို ကိုယ်ကျိုးမငဲ့ဘဲ အသုံးပြုကြတယ်။​—ယောဟန် ၁၃:၃၄၊ ၃၅။ ၁ ယောဟန် ၄:၂၀ တို့ကိုဖတ်ပါ။

၄။ စစ်မှန်တဲ့ဝတ်ပြုရေးကို သင် ခွဲခြားနိုင်ပါသလား။

သမ္မာကျမ်းစာအပေါ် အခြေခံပြီး သွန်သင်၊ ဘုရားသခင့်နာမည်ကို ဂုဏ်တင်ပြီး လူသားတွေရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်အဖြစ် ဘုရားသခင့်နိုင်ငံတော်အကြောင်း ဟောပြောနေတဲ့အဖွဲ့က ဘယ်အဖွဲ့ဖြစ်မလဲ။ ဒါ့အပြင် မေတ္တာကို လက်တွေ့ကျင့်ပြီး စစ်ပွဲတွေမှာ မပါဝင်တဲ့အဖွဲ့ကကော ဘယ်အဖွဲ့ဖြစ်မလဲ။​—၁ ယောဟန် ၃:၁၀-၁၂ ကိုဖတ်ပါ။

ပိုသိချင်တယ်ဆိုရင် သမ္မာကျမ်းစာ သွန်သင်ရာများ စာအုပ်၊ အခန်း ၁၅ မှာ ဖတ်ကြည့်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ