ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • fg အခန်း ၁၂ မေးခွန်းများ ၁-၅
  • ဘုရားသခင်နဲ့ ရင်းနှီးအောင် ဘယ်လို လုပ်နိုင်မလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘုရားသခင်နဲ့ ရင်းနှီးအောင် ဘယ်လို လုပ်နိုင်မလဲ
  • လူမျိုးအားလုံးအတွက် သတင်းကောင်း
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘုရားသခင်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေး ဘယ်လိုရရှိနိုင်မလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • ဘုရားသခင့်အပါးတော်သို့ ချဉ်းကပ်နည်း
    ထာဝရအသက်ရစေသော အသိပညာအသိပညာ
  • ဆုတောင်းခြင်းဖြင့် ဘုရားသခင်နဲ့ ရင်းနှီးအောင်လုပ်ပါ
    သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ
  • ဆုတောင်းခြင်းဖြင့် ဘုရားသခင်ထံသို့ ချဉ်းကပ်ခြင်း
    ကျွန်ုပ်တို့ထံမှ ဘုရားသခင် အဘယ်အရာတောင်းဆိုတော်မူသနည်း
နောက်ထပ် ကြည့်ပါ
လူမျိုးအားလုံးအတွက် သတင်းကောင်း
fg အခန်း ၁၂ မေးခွန်းများ ၁-၅

အခန်း ၁၂

ဘုရားသခင်နဲ့ ရင်းနှီးအောင် ဘယ်လို လုပ်နိုင်မလဲ

၁။ ဆုတောင်းချက်အားလုံးကို ဘုရားသခင် နားထောင်ပါသလား။

ဘုရားသခင်ဆီကို အမျိုးသားတစ်ယောက်ဆုတောင်းနေပုံ

ဘုရားသခင်ဟာ မိမိနဲ့ရင်းနှီးမှုရရှိအောင် ဆုတောင်းပါလို့ လူမျိုးအပေါင်းက လူတွေကို ဖိတ်ခေါ်နေပါတယ်။ (ဆာလံ ၆၅:၂) ဒါပေမဲ့ ဆုတောင်းချက်အားလုံးကိုတော့ နားမထောင်ပေးဘူး။ ဥပမာ၊ ဇနီးသည်ကို မတရားပြုမူတဲ့ ခင်ပွန်းသည်ရဲ့ ဆုတောင်းချက်ကို နားထောင်မှာ မဟုတ်ဘူး။ (၁ ပေတရု ၃:၇) မကောင်းမှုတွေကို ထပ်ခါတလဲလဲ ပြုလုပ်တဲ့ အစ္စရေးလူတွေရဲ့ ဆုတောင်းချက်တွေကို ဘုရားသခင် နားမထောင်ခဲ့ဘူး။ ကြီးလေးတဲ့အပြစ် ပြုမိပေမဲ့ နောင်တယူတဲ့သူရဲ့ ဆုတောင်းချက်ကိုတော့ နားထောင်ပေးမှာဖြစ်တယ်။ ဆုတောင်းခြင်းဟာ အခွင့်ထူးဖြစ်ပါတယ်။​—ဟေရှာယ ၁:၁၅။ ၅၅:၇ ကိုဖတ်ပါ။

ဆုတောင်းချက်အားလုံးကို ဘုရားသခင် နားထောင်ပါသလား ဗီဒီယိုကိုကြည့်ပါ။

၂။ ဘယ်လို ဆုတောင်းသင့်သလဲ။

စစ်မှန်တဲ့ဘုရား ယေဟောဝါဆီကိုပဲ ဆုတောင်းကြရမယ်။ (မဿဲ ၄:၁၀။ ၆:၉) ကျွန်တော်တို့ဟာ မစုံလင်ကြတဲ့အပြင် ကျွန်တော်တို့အပြစ်အတွက် ယေရှု အသေခံပေးသွားတာကြောင့် ယေရှုရဲ့နာမည်နဲ့ ဆုတောင်းသင့်တယ်။ (ယောဟန် ၁၄:၆) အလွတ်ကျက်ထားတဲ့၊ ရေးမှတ်ထားတဲ့ ဆုတောင်းစာတွေကို ထပ်ခါတလဲလဲ ရွတ်ဆိုဆုတောင်းတာကိုတော့ ဘုရားသခင် မနှစ်သက်ဘူး။ ကိုယ်ပိုင်စကားနဲ့ လှိုက်လှိုက်လှဲလှဲ ရင်ဖွင့်ဆုတောင်းတာကိုပဲ နှစ်သက်ပါတယ်။​—မဿဲ ၆:၇။ ဖိလိပ္ပိ ၄:၆၊ ၇ တို့ကိုဖတ်ပါ။

ဘုရားသခင်ဟာ အသံတိတ်ဆုတောင်းတာကိုတောင် ကြားနိုင်ပါတယ်။ (၁ ရှမွေလ ၁:၁၂၊ ၁၃) ဘုရားသခင်ဆီ အချိန်အခါမရွေး ဆုတောင်းနိုင်တယ်။ ဥပမာ၊ အိပ်ရာထချိန်၊ အိပ်ရာဝင်ချိန်၊ ထမင်းစားချိန်နဲ့ ပြဿနာတွေ ကြုံတွေ့နေရတဲ့ အချိန်တွေမှာဖြစ်တယ်။​—ဆာလံ ၅၅:၂၂။ မဿဲ ၁၅:၃၆ တို့ကိုဖတ်ပါ။

၃။ ခရစ်ယာန်စစ်တွေ ဘာကြောင့် စုဆုံစည်းဝေးကြတာလဲ။

ခရစ်ယာန်အစည်းအဝေးမှာ လူတွေ ကျမ်းစာ ဖတ်နေကြစဉ်

ဘုရားသခင်နဲ့ ရင်းနှီးအောင်လုပ်ဖို့ဆိုတာ မလွယ်ပါဘူး။ အကြောင်းကတော့ ဘုရားသခင်ကို မယုံကြည်တဲ့သူတွေ၊ ကမ္ဘာကို ငြိမ်းချမ်းသာယာအောင် ပြုလုပ်ပေးမယ်ဆိုတဲ့ ဘုရားသခင့်ကတိတွေကို သရော်တဲ့သူတွေကြားမှာ နေထိုင်နေရလို့ပါ။ (၂ တိမောသေ ၃:၁၊ ၄။ ၂ ပေတရု ၃:၃၊ ၁၃) ဒါကြောင့် ယုံကြည်သူ အချင်းချင်း စုဆုံစည်းဝေးပြီး အပြန်အလှန် ခွန်အားရယူဖို့ လိုအပ်ပါတယ်။​—ဟီဘရူး ၁၀:၂၄၊ ၂၅ ကိုဖတ်ပါ။

ဘုရားသခင်ကို ချစ်တဲ့သူတွေနဲ့ မိတ်ဆွေဖွဲ့မယ်ဆိုရင် ကိုယ်တော်နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရရှိနိုင်ပါတယ်။ ယေဟောဝါသက်သေတွေရဲ့ ဝတ်ပြုစည်းဝေးပွဲတွေမှာ အချင်းချင်းရဲ့ ယုံကြည်ခြင်းကို တွေ့မြင်ခြင်းကနေ အကျိုးရယူနိုင်တဲ့ အခွင့်အရေးတွေရှိပါတယ်။​—ရောမ ၁:၁၁၊ ၁၂ ကိုဖတ်ပါ။

၄။ ဘုရားသခင်နဲ့ ရင်းနှီးအောင် ဘယ်လိုလုပ်နိုင်မလဲ။

သမ္မာကျမ်းစာကို အလုပ်နားချိန်မှာ ဖတ်နေတဲ့ အမျိုးသားတစ်ယောက်

ကျမ်းစာကနေ သင်ယူသိရှိခဲ့ရာတွေကို တွေးတောဆင်ခြင်ခြင်းအားဖြင့် ဘုရားသခင်နဲ့ ရင်းနှီးနိုင်ပါတယ်။ ဘုရားသခင်ရဲ့ လုပ်ဆောင်မှုတွေ၊ အကြံပြုချက်တွေနဲ့ ကတိတွေကို လေးလေးနက်နက် စဉ်းစားဆင်ခြင်ပါ။ ဆုတောင်းပြီး တွေးတောဆင်ခြင်မယ်ဆိုရင် ဘုရားသခင့်မေတ္တာနဲ့ ဉာဏ်ပညာကို တန်ဖိုးထားတတ်လာမှာဖြစ်တယ်။​—ယောရှု ၁:၈။ ဆာလံ ၁:၁-၃ တို့ကိုဖတ်ပါ။

ဘုရားသခင်ကို ယုံကြည်ကိုးစားမှသာ ဘုရားနဲ့ရင်းနှီးလာနိုင်မယ်။ ဒါပေမဲ့ ယုံကြည်ခြင်းက မြေသြဇာထည့်ပေးဖို့လိုတဲ့ အပင်တစ်ပင်နဲ့တူပါတယ်။ ယုံကြည်ထားရာတွေကို ပြန်ကျိုးကြောင်းဆင်ခြင်ခြင်းအားဖြင့် ကိုယ့်ယုံကြည်ခြင်း ခိုင်ခံ့မြဲမြံအောင် အဆက်မပြတ် ပြုလုပ်ပေးနေဖို့ လိုတယ်။​—မဿဲ ၄:၄။ ဟီဘရူး ၁၁:၁၊ ၆ တို့ကိုဖတ်ပါ။

၅။ ဘုရားသခင်နဲ့ရင်းနှီးခြင်းက သင့်ကို ဘယ်လိုအကျိုးပြုမလဲ။

ယေဟောဝါဘုရားဟာ မိမိကိုချစ်တဲ့သူတွေကို ဂရုစိုက်တယ်။ သူတို့ရဲ့ယုံကြည်ခြင်းနဲ့ ထာဝရအသက်မျှော်လင့်ချက်ကို ပျက်ပြားစေနိုင်မယ့် အရာမှန်သမျှကနေ ကာကွယ်ပေးတယ်။ (ဆာလံ ၉၁:၁၊ ၂၊ ၇-၁၀) ကျွန်တော်တို့ရဲ့ကျန်းမာရေးကို ထိခိုက်ပြီး ပျော်ရွှင်မှုကို ပျောက်ဆုံးစေမယ့် ဘဝလမ်းစဉ်ကို မလိုက်လျှောက်ဖို့ ဘုရားသခင် သတိပေးတယ်။ အကောင်းဆုံးဘဝလမ်းစဉ်ကိုလည်း သွန်သင်ပေးတယ်။​—ဆာလံ ၇၃:၂၇၊ ၂၈။ ယာကုပ် ၄:၄၊ ၈ တို့ကိုဖတ်ပါ။

မိတ်ဆွေသူငယ်ချင်းတွေနဲ့အတူတူ ပျော်ပျော်ပါးပါးအပန်းဖြေ

ပိုသိချင်တယ်ဆိုရင် သမ္မာကျမ်းစာ သွန်သင်ရာများ စာအုပ်၊ အခန်း ၁၇ မှာ ဖတ်ကြည့်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ