ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • T-30 စာ. ၁-၄
  • ဘယ်လို ပြောမလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘယ်လို ပြောမလဲ
  • သမ္မာကျမ်းစာကို သင် ဘယ်လိုရှုမြင်ပါသလဲ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကမ္ဘာ့အခြေအနေတွေက
    အနာဂတ်မှာ ဘာတွေဖြစ်လာမယ်လို့ သင်ထင်သလဲ
  • သေလွန်သူတွေ အသက်ပြန်ရှင်လာနိုင်မလား
    သေလွန်သူတွေ အသက်ပြန်ရှင်လာနိုင်မလား
  • ဘုရားသခင့်နိုင်ငံတော်ဆိုတာ ဘာလဲ
    ဘုရားသခင့်နိုင်ငံတော်ဆိုတာ ဘာလဲ
  • ဆင်းရဲဒုက္ခတွေ အဆုံးတိုင်မှာလား
    ဆင်းရဲဒုက္ခတွေ အဆုံးတိုင်မှာလား
နောက်ထပ် ကြည့်ပါ
သမ္မာကျမ်းစာကို သင် ဘယ်လိုရှုမြင်ပါသလဲ
T-30 စာ. ၁-၄

သမ္မာကျမ်းစာကို သင် ဘယ်လို ရှုမြင်ပါသလဲ

ဘယ်လို ပြောမလဲ

  • လူ့ဉာဏ်ပညာနဲ့ ရေးသားထားတဲ့ စာအုပ်။

  • ဒဏ္ဍာရီပုံပြင်စာအုပ်။

  • ဘုရားသခင့် တရားစကားတော်။

ကျမ်းစာအဆို

‘ကျမ်းစာစောင်အားလုံးဟာ ဘုရားသခင့် စွမ်းအားတော်ရဲ့ လမ်းညွှန်မှုနဲ့ ရေးထားတယ်။’—၂ တိမောသေ ၃:၁၆၊ ကမ္ဘာသစ်ဘာသာပြန်ကျမ်း။

သမ္မာကျမ်းစာကနေ ရရှိနိုင်မယ့် အကျိုးကျေးဇူးများ

ဘဝနဲ့ဆိုင်တဲ့ အရေးကြီးမေးခွန်းတွေအတွက် ကျေနပ်လောက်တဲ့အဖြေ။—ပညာအလိမ္မာ ၂:၁-၅။

နေ့စဉ်အသက်တာအတွက် ယုံကြည်စိတ်ချရတဲ့ လမ်းညွှန်ချက်—ဆာလံ ၁၁၉:၁၀၅။

အနာဂတ်အတွက် စစ်မှန်တဲ့မျှော်လင့်ချက်။—ရောမ ၁၅:၄။

အမျိုးသမီးတစ်ယောက်နဲ့ အမျိုးသားတစ်ယောက် အသီးသီး ကျမ်းစာ ဖတ်နေကြ။ မိသားစုတစ်စု အတူတူ အိမ်အပြင်ထွက်လည်ပြီး ပျော်မွေ့နေ

ကျမ်းစာအဆိုကို ယုံကြည်စိတ်ချနိုင်ပါသလား

စိတ်ချနိုင်တဲ့ အကြောင်းရင်း အနည်းဆုံး သုံးခု ရှိပါတယ်–

  • အံ့သြဖွယ်ကောင်းလောက်အောင် ရှေ့နောက်ညီညွတ်မှု။ သမ္မာကျမ်းစာကို နှစ်ပေါင်း ၁,၆၀၀ ကျော်ကာလအတွင်းမှာ လူအယောက် ၄၀ လောက်က ရေးသားခဲ့တယ်။ သူတို့ထဲက အများစုဟာ တစ်ယောက် နဲ့တစ်ယောက် မတွေ့ဖူးကြဘူး။ ဒါပေမဲ့ ဘုရားသခင်ရဲ့ နာမတော်နဲ့ အုပ်ချုပ်မှုဆိုတဲ့ အကြောင်းအရာ တစ်ခုတည်းကိုပဲ အဓိကရေးသားခြင်းအားဖြင့် ကျမ်းစာတစ်အုပ်လုံးဟာ ရှေ့နောက်ညီညွတ်ပါတယ်။

  • ရိုးသားတဲ့ ကျမ်းရေးသူတွေ။ သမိုင်းပညာရှင်တွေဟာ ကိုယ့်လူမျိုးရဲ့ အောင်မြင်မှုတွေကိုပဲ ရေးသားလေ့ရှိပါတယ်။ ဒါပေမဲ့ သမ္မာကျမ်းစာ ရေးသားသူတွေကတော့ ကိုယ်တိုင်နဲ့ ကိုယ့်လူမျိုးရဲ့ အားနည်းချက်တွေကို ပွင့်ပွင့်လင်းလင်း ရေးသားခဲ့ကြပါတယ်။—၂ ရာဇဝင်ချုပ် ၃၆:၁၅၊ ၁၆။ ဆာလံ ၅၁:၁-၄။

  • ယုံကြည်စိတ်ချရတဲ့ ကြိုဟောချက်တွေ။ရှေးခေတ်ဗာဗုလုန်မြို့ကြီး ပျက်စီးမယ့်အကြောင်း သမ္မာကျမ်းစာက နှစ်ပေါင်း ၂၀၀ ကြိုတင်ဟောခဲ့တယ်။ (ဟေရှာယ ၁၃:၁၇-၂၂) ဗာဗုလုန်မြို့ကြီး ဘယ်ပုံဘယ်နည်းနဲ့ ကျဆုံးသွားမယ်ဆိုတဲ့အပြင် အောင်နိုင်သူရဲ့ နာမည်ကိုတောင် ကြိုတင်ဖော်ပြခဲ့တယ်။—ဟေရှာယ ၄၅:၁-၃။

    ကျမ်းစာကြိုဟောချက် အတော်များများဟာ အသေးစိတ်ကအစ ပြည့်စုံခဲ့တယ်။ ဒီအချက်က သမ္မာကျမ်းစာကို ဘုရားသခင်ရဲ့ လမ်းညွှန်မှုနဲ့ ရေးသားထားတယ်ဆိုတာ ယုံကြည်စိတ်ချစေပါတယ်။—၂ ပေတရု ၁:၂၁။

စဉ်းစားကြည့်ပါ

အဖေ၊ အမေ၊ သားနဲ့ သမီး

သမ္မာကျမ်းစာက သင့်ဘဝအတွက် ဘယ်လို အကျိုးဖြစ်စေနိုင်သလဲ။

အဲဒီမေးခွန်းအတွက် ကျမ်းစာအဖြေကို ဟေရှာယ ၄၈:၁၇၊ ၁၈ နဲ့ ၂ တိမောသေ ၃:၁၆၊ ၁၇ တို့မှာ ဖတ်ကြည့်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ