ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • yc သင်ခန်းစာ ၉ စာ. ၂၀-၂၁
  • ယေဟောဝါဘုရားအကြောင်း ယေရမိ မပြောဘဲမနေခဲ့

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေဟောဝါဘုရားအကြောင်း ယေရမိ မပြောဘဲမနေခဲ့
  • ကလေးတွေကို သင်ပေးပါ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေဟောဝါက ယေရမိကို ဟောပြောဖို့ စေလွှတ်
    ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • “သင်၏နှုတ်၌ ငါ့စကားကို ငါသွင်းထားပြီ”
    ယေရမိကတစ်ဆင့်ပြောတဲ့ ဘုရားသခင့်စကား
  • “ငါသည် တိတ်ဆိတ်စွာမနေနိုင်”
    ယေရမိကတစ်ဆင့်ပြောတဲ့ ဘုရားသခင့်စကား
  • ‘ဒီစကားကို သူတို့ကို သင်ပြောရမယ်’
    ယေရမိကတစ်ဆင့်ပြောတဲ့ ဘုရားသခင့်စကား
နောက်ထပ် ကြည့်ပါ
ကလေးတွေကို သင်ပေးပါ
yc သင်ခန်းစာ ၉ စာ. ၂၀-၂၁

သင်ခန်းစာ ၉

ယေဟောဝါဘုရားအကြောင်း ယေရမိ မပြောဘဲမနေခဲ့

ဒေါသထွက်နေတဲ့ လူအုပ် ယေရမိကို ဝိုင်းထား

ယေရမိကို လူတွေ ဘာဖြစ်လို့ စိတ်ဆိုးကြတာလဲ

နက်တဲ့ ရွှံ့တွင်းထဲက ယေရမိကို ဆွဲတင်နေ

ယေရမိကို ယေဟောဝါဘုရား ကယ်တင်ခဲ့

ယေဟောဝါဘုရားအကြောင်း တို့တွေ ပြောတဲ့အခါ လူတွေ တစ်ခါတလေ ကဲ့ရဲ့ကြတယ်။ စိတ်ဆိုးကြတယ်။ အဲဒီအခါ ယေဟောဝါဘုရားအကြောင်း မပြောချင်တော့ဘူး။ သားတို့သမီးတို့ကော၊ အဲဒီလို ဖြစ်ဖူးသလား။— ယေဟောဝါဘုရားကို ချစ်ပေမဲ့ ကိုယ်တော့်အကြောင်း မပြောချင်တော့တဲ့အထိ ဖြစ်ခဲ့ဖူးတဲ့ လူငယ်လေးအကြောင်း ကျမ်းစာထဲမှာ ပါတယ်။ သူ့နာမည်က ယေရမိတဲ့။ သူ့အကြောင်း လေ့လာကြည့်ရအောင်။

ယေဟောဝါဘုရားက မကောင်းတာတွေ မလုပ်ကြနဲ့တော့လို့ လူတွေကို ပြောဖို့ လူငယ်ယေရမိကို တာဝန်ပေးလိုက်တယ်။ ဒါပေမဲ့ ယေရမိ သွားမပြောရဲဘူး။ ကြောက်နေတယ်။ ဒါနဲ့ သူက ‘ကျွန်တော် ဘာသွားပြောရမှာလဲ။ ကျွန်တော်က လူငယ်လေးပဲ ရှိသေးတာ’ လို့ ယေဟောဝါဘုရားကို ပြန်ပြောတယ်။ အဲဒီအခါ ယေဟောဝါဘုရားက ‘မကြောက်နဲ့။ မင်းကို ငါ ကူညီပေးမယ်’ လို့ ပြောလိုက်တယ်။

ဒါနဲ့ မကောင်းတာတွေ ဆက်လုပ်နေမယ်ဆိုရင် အပြစ်ပေးခံရမယ်လို့ ယေရမိ လိုက်သတိပေးပါလေရော။ ယေရမိပြောတာကို လူတွေ နားထောင်ကြသလား။— နားမထောင်ဘဲ တချို့က ဟားတိုက်ရယ်ကြတယ်။ တချို့က စိတ်ဆိုးကြတယ်။ တချို့ဆိုရင် ယေရမိကို သတ်တောင်သတ်ချင်ကြတယ်။ အဲဒီအခါ ယေရမိ ဘယ်လိုခံစားရမလဲ။— သူ ကြောက်တာပေါ့။ ဒါနဲ့ ‘ယေဟောဝါဘုရားအကြောင်း မပြောတော့ဘူး’ လို့ သူ စဉ်းစားခဲ့တယ်။ သူ တကယ် မပြောဘဲနေခဲ့သလား။— မနေခဲ့ပါဘူး။ ယေဟောဝါဘုရားကို ယေရမိ ချစ်လွန်းလို့ ကိုယ်တော့်အကြောင်း မပြောဘဲ မနေနိုင်ခဲ့ဘူးလေ။ ယေရမိ ဆက်ပြောခဲ့တဲ့အတွက် သူ့ကို ဘုရားကာကွယ်ပေးခဲ့တယ်။

တစ်ခါကဆိုရင် စိတ်ပုပ်တဲ့သူတွေက ရွှံ့တွေပြည့်နေတဲ့ တွင်းထဲ ယေရမိကို ပစ်ချလိုက်တယ်။ စားစရာလည်း မပေးဘူး။ ရေလည်း မတိုက်ဘူး။ အဲဒီတွင်းထဲမှာပဲ ယေရမိကို သေစေချင်တာ။ ဒါပေမဲ့ ယေဟောဝါဘုရားက သူ့ကို တွင်းထဲကနေ ကယ်လိုက်တယ်။

ယေရမိအဖြစ်ကနေ သားတို့သမီးတို့ ဘာသင်ယူနိုင်သလဲ။— ယေရမိ ကြောက်တဲ့အခါတွေလည်း ရှိတယ်။ ဒါပေမဲ့ ယေဟောဝါဘုရားအကြောင်း သူ မပြောဘဲ မနေခဲ့ဘူး။ ကလေးတို့လည်း ဘုရားသခင်အကြောင်း လူတွေကို ပြောပြတဲ့အခါ သူတို့က ဟားတိုက်ရယ်ကြမယ်။ စိတ်ဆိုးကြမယ်။ အဲဒီအခါ ရှက်လာမယ်၊ ကြောက်လာလိမ့်မယ်။ ဒါပေမဲ့ ယေဟောဝါဘုရားအကြောင်း မပြောဘဲ မနေနဲ့နော်။ ယေရမိကို ယေဟောဝါဘုရား ကူညီပေးခဲ့သလို ကလေးတို့ကိုလည်း အမြဲ ကူညီပေးသွားမှာပါ။

ကျမ်းစာကနေ ဖတ်ကြည့်ပါ

  • ယေရမိ ၁:၄-၈။ ၂၀:၇-၉။ ၂၆:၈-၁၉၊ ၂၄။ ၃၈:၆-၁၃

မေးခွန်းများ–

  • ယေဟောဝါဘုရားက ယေရမိကို ဘာတာဝန်ပေးသလဲ။

  • ယေရမိက ယေဟောဝါဘုရားအကြောင်း မပြောချင်တော့တဲ့အထိ ဖြစ်ခဲ့တယ်။ ဘာဖြစ်လို့လဲ။

  • ယေရမိကို ယေဟောဝါဘုရား ဘယ်လိုကူညီပေးခဲ့သလဲ။

  • ယေရမိဆီကနေ ကလေးတို့ ဘာသင်ယူနိုင်သလဲ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ