ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • lfb သင်ခန်းစာ ၅၇ စာ. ၁၃၈-စာ. ၁၃၉ ပိုဒ်. ၁
  • ယေဟောဝါက ယေရမိကို ဟောပြောဖို့ စေလွှတ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေဟောဝါက ယေရမိကို ဟောပြောဖို့ စေလွှတ်
  • ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေဟောဝါဘုရားအကြောင်း ယေရမိ မပြောဘဲမနေခဲ့
    ကလေးတွေကို သင်ပေးပါ
  • “ငါသည် တိတ်ဆိတ်စွာမနေနိုင်”
    ယေရမိကတစ်ဆင့်ပြောတဲ့ ဘုရားသခင့်စကား
  • ဘယ်လိုမိတ်ဆွေတွေကို သင် ရွေးချယ်မလဲ
    ယေရမိကတစ်ဆင့်ပြောတဲ့ ဘုရားသခင့်စကား
  • “သင်၏နှုတ်၌ ငါ့စကားကို ငါသွင်းထားပြီ”
    ယေရမိကတစ်ဆင့်ပြောတဲ့ ဘုရားသခင့်စကား
နောက်ထပ် ကြည့်ပါ
ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
lfb သင်ခန်းစာ ၅၇ စာ. ၁၃၈-စာ. ၁၃၉ ပိုဒ်. ၁
အကြီးအကဲတွေ ရှေ့မှာ မြေရေတခေါင်းကို ယေရမိ ခွဲနေ

သင်ခန်းစာ ၅၇

ယေဟောဝါက ယေရမိကို ဟောပြောဖို့ စေလွှတ်

ယေဟောဝါက ယေရမိကို ယုဒလူတွေရဲ့ ပရောဖက်ဖြစ်ဖို့ ရွေးချယ်ခဲ့တယ်။ လူတွေကို ဟောပြောဖို့၊ မကောင်းတာတွေကို မလုပ်ကြဖို့ သတိပေးခိုင်းတယ်။ ဒါနဲ့ ယေရမိက ‘ယေဟောဝါ၊ ကျွန်တော်ဟာ လူငယ်လေးပါ။ ပြောတတ်ဆိုတတ်သူ မဟုတ်ဘူး’ ဆိုပြီး တောင်းပန်တယ်။ ဒါနဲ့ ယေဟောဝါက ‘မကြောက်ပါနဲ့၊ ဘာပြောရမလဲဆိုတာ မင်းကို ငါပြောပြမယ်။ ငါကူညီပေးမှာပါ’ လို့ သူ့ကို ကတိပေးတယ်။

ယေဟောဝါက ယေရမိကို အကြီးအကဲတွေ ခေါ်ခိုင်းပြီး သူတို့ရှေ့မှာ မြေရေတခေါင်းကို ခွဲခိုင်းတယ်။ ပြီးတော့ ‘ဂျေရုဆလင်မြို့ကို ဒီအတိုင်းပဲ ခွဲပစ်မယ်’ လို့ ပြောခိုင်းတယ်။ ယေဟောဝါ ပြောတဲ့အတိုင်း ယေရမိ လုပ်တဲ့အခါ လူတွေက အကြီးအကျယ် စိတ်ဆိုးတယ်။ ပါရှုရလို့ခေါ်တဲ့ ပုရောဟိတ်တစ်ယောက်က ယေရမိကို ရိုက်နှက်ပြီး ထိတ်တုံးခတ်ထားတယ်။ ယေရမိခမျာ တစ်ညလုံး မလှုပ်ရှားနိုင်ဘူး။ ပါရှုရက နောက်နေ့မနက်မှာ ထိတ်တုံးဖြုတ်ပေးလိုက်တယ်။ ဒီအခါ ယေရမိက ‘ငါ မခံနိုင်တော့ဘူး။ မဟောပြောတော့ဘူး’ လို့ ပြောမိပေမဲ့ သူ တကယ်ပဲ အရှုံးပေးသလား။ အရှုံးပေးမယ့်အစား ယေရမိက ‘ယေဟောဝါရဲ့ နှုတ်ထွက်စကားတွေဟာ ရင်ထဲမှာ မီးလိုပဲ။ မဟောဘဲ မနေနိုင်ဘူး’ လို့ ပြောတယ်။ ဒါနဲ့ပဲ လူတွေကို ယေရမိ ဆက်သတိပေးတယ်။

နှစ်အတော်ကြာတဲ့အခါ ယုဒပြည်မှာ ဘုရင်အသစ် နန်းတက်တယ်။ ပုရောဟိတ်တွေ၊ ပရောဖက် အတုအယောင်တွေက ယေရမိရဲ့ စကားကို မကြားချင်ဘူး။ ဒါနဲ့ မင်းညီမင်းသားတွေကို သူတို့က ‘ဒီလူ သေခံထိုက်တယ်’ လို့ ပြောတယ်။ ဒီအခါ ယေရမိက ‘မင်းတို့ ငါ့ကို သတ်မယ်ဆိုရင် အပြစ်မရှိသူကို သတ်ပစ်တာပဲ။ ငါက ယေဟောဝါရဲ့ စကားကို ပြောနေတာ’ လို့ ပြောတော့ မင်းညီမင်းသားတွေက ‘ဒီလူ မသေထိုက်ပါဘူး’ လို့ ပြန်ပြောတယ်။

ယေရမိ ဆက်ဟောပြောတော့ မင်းညီမင်းသားတွေလည်း စိတ်ဆိုးလာတယ်။ ဒီတော့ ယေရမိကို သတ်ပစ်ပါလို့ ဘုရင်ကို ပြောတယ်။ ဘုရင်က ‘မင်းတို့ ယေရမိကို ကြိုက်သလိုလုပ်’ လို့ ဖြေတယ်။ ဒါနဲ့ ယေရမိကို ဖမ်းချုပ်ပြီး ရွှံ့နွံတွေရှိတဲ့ ရေလှောင်ကန်ထဲမှာ သေသွားရအောင် ပစ်ချလိုက်တယ်။ ယေရမိလည်း ရွှံ့နွံထဲ နစ်နေတယ်။

ဧဗဒမေလက်နဲ့ သူ့လူတွေက ယေရမိကို ရေတွင်းထဲကနေ ဆွဲထုတ်နေ

အဲဒီအချိန်မှာ မိန်းမစိုး ဧဗဒမေလက်က ‘မင်းညီမင်းသားတွေဟာ ယေရမိကို ရေလှောင်ကန်ထဲ ပစ်ချထားတယ်။ အဲဒီမှာ သူ့ကို ပစ်ထားမယ်ဆိုရင် သေမှာပဲ’ လို့ ဘုရင်ကို ပြောပြတော့ လူ ၃၀ နဲ့အတူသွားပြီး ယေရမိကို ရေလှောင်ကန်ထဲကနေ ဆွဲထုတ်လိုက်ဖို့ ဧဗဒမေလက်ကို ဘုရင် အမိန့်ပေးတယ်။ အတားအဆီးတွေကြား မဟောဘဲမနေခဲ့တဲ့ ယေရမိကို မတုပချင်ဘူးလား။

“ကျွန်တော့်နာမည်ကြောင့် ခင်ဗျားတို့ကို လူတွေ မုန်းကြလိမ့်မယ်။ ဒါပေမဲ့ အဆုံးထိ ခံနိုင်ရည်ရှိတဲ့သူဟာ ကယ်တင်ခံရလိမ့်မယ်။”—မဿဲ ၁၀:၂၂

မေးခွန်း– ယေရမိဟာ ငယ်သေးပေမဲ့ ယေဟောဝါစကားကို ဘာလို့ နားထောင်တာလဲ။ မဟောပြောဖို့ ယေရမိကို ဘယ်သူတွေ တားဆီးသလဲ။

ယေရမိ ၁:၁-၁၉။ ၁၉:၁-၁၁။ ၂၀:၁-၁၃။ ၂၅:၈-၁၁။ ၂၆:၇-၁၆။ ၃၈:၁-၁၃

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ