ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • hf အပိုင်း ၃ စာ. ၉-၁၁
  • ပြဿနာ ဖြေရှင်းနည်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ပြဿနာ ဖြေရှင်းနည်း
  • ပျော်ရွှင်တဲ့မိသားစုဘဝကို ဘယ်လိုပိုင်ဆိုင်နိုင်မလဲ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ၁ ပြဿနာကို ဆွေးနွေးပါ
  • ၂ နားထောင်ပါ၊ နားလည်ပေးပါ
  • ၃ ဆုံးဖြတ်ချက်အတိုင်း လုပ်ဆောင်ပါ
  • ပြဿနာများကို ဖြေရှင်းခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
  • သင့်ရဲ့အိမ်ထောင်ဖက်ကို တလေးတစား ပြောဆိုဆက်ဆံပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • တစ်ယောက်ကိုတစ်ယောက် သစ္စာရှိပါ
    ပျော်ရွှင်တဲ့မိသားစုဘဝကို ဘယ်လိုပိုင်ဆိုင်နိုင်မလဲ
  • အိမ်ထောင်သာယာဖို့ ဘုရားကို အားကိုးပါ
    ပျော်ရွှင်တဲ့မိသားစုဘဝကို ဘယ်လိုပိုင်ဆိုင်နိုင်မလဲ
နောက်ထပ် ကြည့်ပါ
ပျော်ရွှင်တဲ့မိသားစုဘဝကို ဘယ်လိုပိုင်ဆိုင်နိုင်မလဲ
hf အပိုင်း ၃ စာ. ၉-၁၁
ဇနီးသည်က ခံစား​ချက်အကြောင်း ပြောပြနေတာကို ခင်ပွန်း နားထောင်နေ

အခန်း ၃

ပြဿနာ ဖြေရှင်းနည်း

“အချင်းချင်း နှစ်နှစ်ကာကာ ချစ်ကြပါ။ ချစ်ခြင်းမေတ္တာရှိသူဟာ ခွင့်လွှတ်ဖို့ အမြဲအသင့်ရှိတယ်။” —၁ ပေတရု ၄:၈

အိမ်ထောင်သည်ဘဝကို သင်တို့ ဇနီးမောင်နှံ စတင်တဲ့အခါ အစစအရာရာ အဆင်ပြေနေမှာတော့ မဟုတ်ဘူး။ စဉ်းစားပုံ၊ ခံစားချက်၊ ဘဝနောက်ခံ မတူတာတွေကြောင့် ပြဿနာတွေ ဖြစ်လာနိုင်တယ်။ အိမ်ထောင်ပြင်ပကနေ ပြဿနာတွေ ပေါ်လာနိုင်သလို မမျှော်လင့်ထားတဲ့ အဖြစ်အပျက်တွေကြောင့်လည်း ပြဿနာတွေ ပေါ်လာနိုင်တယ်။

ပြဿနာတွေကို ရှောင်လွှဲချင်စိတ် ပေါ်လာနိုင်ပေမဲ့ ရင်ဆိုင်ဖြေရှင်းဖို့ ကျမ်းစာမှာ အားပေးထားတယ်။ (မဿဲ ၅:၂၃၊ ၂၄) ကျမ်းစာလမ်းညွှန်ချက်တွေကို လက်တွေ့ကျင့်သုံးမယ်ဆိုရင် ပြဿနာတွေကို အကောင်းဆုံးနည်းနဲ့ ဖြေရှင်းနိုင်ပါလိမ့်မယ်။

၁ ပြဿနာကို ဆွေးနွေးပါ

ကျမ်းစာပြောဆိုရာ– “စကားပြောရတဲ့အချိန် ရှိတယ်။” (ဒေသနာ ၃:၇) အချိန်ယူပြီး ပြဿနာကို ဆွေးနွေးပါ။ ပြဿနာနဲ့ပတ်သက်ပြီး ကိုယ့်ခံစားချက်နဲ့ ကိုယ့်အမြင်ကို ပွင့်ပွင့်လင်းလင်း ပြောပြပါ။ “မှန်တဲ့စကား” ကိုပဲ အမြဲပြောပါ။ (ဧဖက် ၄:၂၅) ဒေါသထွက်လာရင်တောင် စကားမများမိဖို့ ချုပ်တည်းပါ။ အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ် ဖြေရှင်းမယ်ဆိုရင် စကားမများတော့ဘဲ ပြဿနာပြေလည်သွားနိုင်တယ်။—ပညာအလိမ္မာ ၁၅:၄။ ၂၆:၂၀။

ကိစ္စရပ်တစ်ခုနဲ့ပတ်သက်ပြီး သဘောထားချင်း မတိုက်ဆိုင်ရင်တောင် ယဉ်ယဉ်ကျေးကျေး တုံ့ပြန်ပါ။ မေတ္တာနဲ့ လေးစားမှုပြဖို့ မမေ့ပါနဲ့။ (ကောလောသဲ ၄:၆) ပြဿနာကို အမြန်ဆုံးဖြေရှင်းဖို့ ကြိုးစားပါ။ တစ်ယောက်နဲ့တစ်ယောက် စကားမပြောဘဲ မနေကြပါနဲ့။—ဧဖက် ၄:၂၆။

လင်မယားနှစ်ယောက် ပြဿနာကို ဆွေးနွေးနေ

သင်လုပ်ဆောင်နိုင်ရာ–

  • ပြဿနာကို ဆွေးနွေးဖို့ သင့်တော်တဲ့အချိန်ကို ရွေးပါ

  • သူစကားပြောနေချိန်မှာ နားထောင်ပေးပါ။ စကားဖြတ်မပြောပါနဲ့။ သင့်အလှည့်ရောက်မှ ပြောပါ

၂ နားထောင်ပါ၊ နားလည်ပေးပါ

ကျမ်းစာပြောဆိုရာ– “အချင်းချင်း ညီရင်းအစ်ကိုမေတ္တာနဲ့ ချစ်ခင်မြတ်နိုးပါ။ ကိုယ်တိုင်အစပြုပြီး အချင်းချင်းကို ဂုဏ်တင်ပါ။” (ရောမ ၁၂:၁၀) သင် ဘယ်လိုနားထောင်သလဲဆိုတာ သိပ်အရေးကြီးပါတယ်။ ‘စာနာစိတ်၊ နှိမ့်ချတဲ့စိတ်’ နဲ့ သင့်အိမ်ထောင်ဖက်ရဲ့အမြင်ကို နားလည်ပေးဖို့ ကြိုးစားပါ။ (၁ ပေတရု ၃:၈။ ယာကုပ် ၁:၁၉) နားထောင်ချင်ယောင် မဆောင်ပါနဲ့။ ဖြစ်နိုင်မယ်ဆိုရင် လုပ်လက်စအလုပ်တွေကို ဘေးဖယ်ထားပြီး အိမ်ထောင်ဖက်ပြောတာကို အပြည့်အဝ အာရုံစိုက်နားထောင်ပေးပါ။ ဒါမှမဟုတ် နောက်မှဆွေးနွေးလို့ ရမလားလို့ မေးကြည့်ပါ။ အိမ်ထောင်ဖက်ကို ပြိုင်ဘက်အနေနဲ့မဟုတ်ဘဲ ဘဝလက်တွဲဖော်အနေနဲ့ ရှုမြင်မယ်ဆိုရင် ‘ထစ်ခနဲဆို မကျေမချမ်း ဖြစ်’ တော့မှာ မဟုတ်ဘူး။—ဒေသနာ ၇:၉။

သင်လုပ်ဆောင်နိုင်ရာ–

  • အိမ်ထောင်ဖက် ပြောတာကို လက်မခံနိုင် ရင်တောင် သဘောထားကြီးကြီးနဲ့ ဆက်နားထောင်ပေးပါ

  • အိမ်ထောင်ဖက် ပြောလိုက်တဲ့ စကားလုံးတွေကို မဟုတ်ဘဲ ဆိုလိုရင်းကို သိအောင်ကြိုးစားပါ။ သူ့ရဲ့ ကိုယ်ဟန်အမူအရာနဲ့ အသံနေအသံထားကို သတိပြုပါ

၃ ဆုံးဖြတ်ချက်အတိုင်း လုပ်ဆောင်ပါ

ကျမ်းစာပြောဆိုရာ– “ကြိုးစားပမ်းစားလုပ်တဲ့ အလုပ်မှန်သမျှ အကျိုးရှိတယ်။ အပြောချည်းသက်သက်ကတော့ ဆင်းရဲချို့တဲ့စေတယ်။” (ပညာအလိမ္မာ ၁၄:၂၃) ပြဿနာဖြေရှင်းနည်းကို နှစ်ဦးသဘောတူထားရုံနဲ့ မပြီးပါဘူး။ သဘောတူထားတဲ့အတိုင်း လုပ်ဆောင်ဖို့ အရေးကြီးပါတယ်။ အဲဒီလိုလုပ်နိုင်ဖို့ ကြိုးစားရမှာဖြစ်ပေမဲ့ လုပ်ဆောင်ရကျိုးနပ်ပါလိမ့်မယ်။ (ပညာအလိမ္မာ ၁၀:၄) သင်တို့နှစ်ယောက် ပူးပေါင်းပြီး ကြိုးစားလုပ်ဆောင်မယ်ဆိုရင် “ကောင်းကျိုး” ရရှိပါလိမ့်မယ်။—ဒေသနာ ၄:၉။

သင်လုပ်ဆောင်နိုင်ရာ–

  • ပြဿနာကို ဖြေရှင်းနိုင်ဖို့ ကိုယ်စီလုပ်ဆောင်ရမယ့် လက်တွေ့ကျအချက်တွေကို ချမှတ်ပါ

  • တိုးတက်မှုရှိမရှိ မကြာမကြာ ဆန်းစစ်ပါ

ပြဿနာတွေကို အတူတူ ဖြေရှင်းပါ

ပြဿနာတွေကို အတူတူဖြေရှင်းမယ်ဆိုရင် သင်တို့ရဲ့ အိမ်ထောင်ဟာ စည်းလုံးပြီး ပျော်စရာကောင်းမယ်၊ စိတ်ပျက်စရာတွေနဲ့ ဖရိုဖရဲ ဖြစ်နေမှာ မဟုတ်ဘူး။ (ပညာအလိမ္မာ ၂၄:၃) ပြီးခဲ့တဲ့ ပြဿနာတွေကို အစပြန်မဖော်ပါနဲ့။ ရှေ့ကိုပဲ အာရုံစိုက်ပါ။ (ပညာအလိမ္မာ ၁၇:၉) သင်တို့နှစ်ယောက် ပူးပေါင်းလုပ်ဆောင်ပြီး ကျမ်းစာလမ်းညွှန်ချက်တွေကို ကျင့်သုံးမယ်ဆိုရင် ဘယ်ပြဿနာကိုမဆို အောင်မြင်စွာ ဖြေရှင်းနိုင်ပါလိမ့်မယ်။

ကိုယ့်ကိုယ်ကိုယ် ဒီလိုမေးပါ

  • ငါ့အိမ်ထောင်ဖက်နဲ့ တိုင်ပင် ဆွေးနွေးရမယ့် အရေးကြီးဆုံး ပြဿနာက ဘာလဲ။

  • ပြဿနာနဲ့ပတ်သက်ပြီး အိမ်ထောင်ဖက်ရဲ့ ခံစားချက်ကို သိနိုင်အောင် ငါဘာလုပ်ရမလဲ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ