ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • hf အပိုင်း ၅ စာ. ၁၅-၁၇
  • ဆွေမျိုးတွေနဲ့ သင့်မြတ်နိုင်ပုံ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဆွေမျိုးတွေနဲ့ သင့်မြတ်နိုင်ပုံ
  • ပျော်ရွှင်တဲ့မိသားစုဘဝကို ဘယ်လိုပိုင်ဆိုင်နိုင်မလဲ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ၁ ဆွေမျိုးတွေအပေါ် အမြင်မှန်ရှိပါ
  • ၂ လိုအပ်မယ်ဆိုရင် ပြတ်သားပါ
  • တစ်ယောက်ကိုတစ်ယောက် သစ္စာရှိပါ
    ပျော်ရွှင်တဲ့မိသားစုဘဝကို ဘယ်လိုပိုင်ဆိုင်နိုင်မလဲ
  • အိမ်ထောင်သာယာဖို့ ဘုရားကို အားကိုးပါ
    ပျော်ရွှင်တဲ့မိသားစုဘဝကို ဘယ်လိုပိုင်ဆိုင်နိုင်မလဲ
  • သင့်ရဲ့အိမ်ထောင်ဖက်ကို တလေးတစား ပြောဆိုဆက်ဆံပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • မင်္ဂလာဆောင်ပြီး နောက်ပိုင်း
    ဘုရားမေတ္တာတော် ခံစားနေနိုင်ပုံ
နောက်ထပ် ကြည့်ပါ
ပျော်ရွှင်တဲ့မိသားစုဘဝကို ဘယ်လိုပိုင်ဆိုင်နိုင်မလဲ
hf အပိုင်း ၅ စာ. ၁၅-၁၇
ယောက္ခမက ချွေးမရဲ့ ဟင်းချက်နည်းကို သိပ်သဘောမကျဖြစ်နေ

အခန်း ၅

ဆွေမျိုးတွေနဲ့ သင့်မြတ်နိုင်ပုံ

“ကြင်နာခြင်း၊ စိတ်နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ စိတ်ရှည်ခြင်းတို့ကို ဝတ်ဆင်ကြပါ။”—ကောလောသဲ ၃:၁၂

အိမ်ထောင်ပြုတယ်ဆိုတာ မိသားစုအသစ်ကို တည်ဆောက်လိုက်တာဖြစ်တယ်။ မိဘကို အမြဲ ချစ်ကြောက် ရိုသေသွားမှာဖြစ်ပေမဲ့ အခုကစပြီး အိမ်ထောင်ဖက်က ကိုယ့်အတွက် အရေးပါဆုံးပုဂ္ဂိုလ် ဖြစ်သွားပါပြီ။ ဒါကို သင့်ဆွေမျိုးတချို့ လက်ခံဖို့ခက်ခဲနိုင်တယ်။ ကိုယ့်မိသားစုအသစ်ကို ကြိုးစားတည်ဆောက်နေရင်း ဆွေမျိုးတွေနဲ့လည်း သင့်မြတ်နိုင်ဖို့ ကျမ်းစာလမ်းညွှန်ချက်တွေကနေ အကူအညီရနိုင်ပါတယ်။

၁ ဆွေမျိုးတွေအပေါ် အမြင်မှန်ရှိပါ

လင်မယားနှစ်ယောက် မိဘတွေဆီ လည်ပတ်ကြ

ကျမ်းစာပြောဆိုရာ– “မိဘကို ရိုသေပါ။” (ဧဖက် ၆:၂) သင် အသက် ဘယ်လောက်ပဲရှိပါစေ၊ မိဘကို အမြဲ ရိုသေလေးစားရမယ်။ သင့်အိမ်ထောင်ဖက်လည်း သူ့ရဲ့မိဘကို ရိုသေလေးစားဖို့ လိုတယ်ဆိုတာ မမေ့ပါနဲ့။ “မေတ္တာဟာ မနာလိုမဖြစ်တတ်” လို့ သင့်အိမ်ထောင်ဖက်က သူ့မိဘနဲ့ ချစ်ချစ်ခင်ခင်နေတာကို ဘယ်တော့မှ စိတ်အနှောင့်အယှက်မဖြစ်ပါနဲ့။—၁ ကောရိန္သု ၁၃:၄။ ဂလာတိ ၅:၂၆။

သင်လုပ်ဆောင်နိုင်ရာ–

  • “နင့်မိသားစုက ငါ့ကို အမြဲနှိမ်တယ်၊” “နင့်အမေက ငါဘာလုပ်လုပ် ဘယ်တော့မှ အကောင်းမပြောဘူး” စတဲ့ ချဲ့ကားပြောဆိုတာမျိုးကို ရှောင်ပါ

  • အိမ်ထောင်ဖက်ရဲ့ နေရာကနေ မြင်တတ်ဖို့ ကြိုးစားပါ

၂ လိုအပ်မယ်ဆိုရင် ပြတ်သားပါ

ကျမ်းစာပြောဆိုရာ– “ယောက်ျားက မိဘကိုထားခဲ့ပြီး ဇနီးနဲ့ မခွဲအတူ နေလိမ့်မယ်။ သူတို့ဟာ တစ်သားတစ်ကိုယ်တည်း ဖြစ်လိမ့်မယ်။” (ကမ္ဘာဦး ၂:၂၄) သင် အိမ်ထောင်ကျသွားတာတောင်မှ သင့်ကို ဆက်တာဝန်ယူဖို့ လိုသေးတယ်လို့ မိဘတွေ ခံစားမိနိုင်တယ်။ ဒါမှမဟုတ် သင့်အိမ်ထောင်ရေးမှာ သူတို့ ပိုပြီးစွက်ဖက်ချင်တာလည်း ဖြစ်နိုင်တယ်။

နှစ်ဖက်မိဘတွေကို ဘယ်အတိုင်းအတာထိပဲ ပါဝင်ပတ်သက်ခွင့်ပေးမယ်ဆိုတာ သင်တို့နှစ်ယောက် ဆုံးဖြတ်ပြီး သူတို့ကို လေးလေးစားစား အသိပေးပါ။ ယဉ်ယဉ်ကျေးကျေး၊ ပွင့်ပွင့်လင်းလင်း ပြောပြနိုင်ပါတယ်။ (ပညာအလိမ္မာ ၁၅:၁) နှိမ့်ချမှု၊ ကြင်နာမှုနဲ့ စိတ်ရှည်မှုတို့ရှိမယ်ဆိုရင် ဆွေမျိုးတွေနဲ့ ဆက်ဆံရေး ပြေပြစ်မယ့်အပြင် သူတို့ကို “မေတ္တာထားပြီး သည်းခံ” နိုင်မှာပါ။—ဧဖက် ၄:၂။

လင်မယားနှစ်ယောက် ဆွေးနွေးတိုင်ပင်နေကြ၊ မိဘတွေကို လက်ဆောင်ပေးနေ

သင်လုပ်ဆောင်နိုင်ရာ–

  • အိမ်ထောင်ရေးမှာ ဆွေမျိုးတွေ ပါဝင်စွက်ဖက်လွန်းနေတာကို စိတ်အနှောင့်အယှက် ဖြစ်နေရင် အေးအေးဆေးဆေးရှိနေချိန်မှာ အိမ်ထောင်ဖက်နဲ့ ဆွေးနွေးပါ

  • အဲဒီကိစ္စကို ဘယ်လိုဖြေရှင်းမလဲဆိုတာ နှစ်ဦးသဘောတူ ဆုံးဖြတ်ထားပါ

နားလည်ပေးနိုင်ဖို့ ကြိုးစားပါ

မိဘတွေရဲ့ ခံစားချက်နဲ့ အမြင်ကို နားလည်ပေးနိုင်ဖို့ အရေးကြီးတယ်။ သူတို့က သင့်အိမ်ထောင်ကို ထိခိုက်စေဖို့ ရည်ရွယ်ချက်နဲ့ ပါဝင်စွက်ဖက်တာ မဟုတ်ပါဘူး။ စေတနာနဲ့ ဂရုစိုက်တာပါ။ မိဘတွေက သင်တို့ဇနီးမောင်နှံကို သီးခြားမိသားစုအဖြစ် မြင်ပေးဖို့ ခက်ကောင်းခက်နေနိုင်တယ်။ သူတို့ ဘေးဖယ်ခံရတယ်လို့တောင် ယူမှတ်နေနိုင်တယ်။ ဒါပေမဲ့ ကျမ်းစာလမ်းညွှန်ချက်တွေကို ကျင့်သုံးပြီး ပွင့်ပွင့်လင်းလင်း ပြောဆိုဆက်သွယ်မယ်ဆိုရင် အိမ်ထောင်ရေး မပြိုကွဲစေဘဲ မိဘတွေကို ဆက်ပြီး ရိုသေလေးစားနိုင်ပါတယ်။

ကိုယ့်ကိုယ်ကိုယ် ဒီလိုမေးပါ

  • ငါတို့အိမ်ထောင်ရေးမှာ နှစ်ဖက်မိဘတွေ ဝင်ပါတာက ဘာကြောင့် အထူးအဆန်းမဟုတ်သလဲ။

  • အိမ်ထောင်ဖက်ကို ဦးစားပေးပြီး တစ်ချိန်တည်းမှာ ငါ့မိဘကို ဘယ်လိုရိုသေလေးစားနိုင်သလဲ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ