ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • hf အပိုင်း ၈ စာ. ၂၆-၂၈
  • အဖြစ်ဆိုးတွေ ကြုံလာရတဲ့အခါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အဖြစ်ဆိုးတွေ ကြုံလာရတဲ့အခါ
  • ပျော်ရွှင်တဲ့မိသားစုဘဝကို ဘယ်လိုပိုင်ဆိုင်နိုင်မလဲ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ၁ ယေဟောဝါဘုရားကို ယုံကြည်ကိုးစားပါ
  • ၂ ကိုယ့်ကိုယ်ကိုယ်ရော၊ မိသားစုကိုပါ ဂရုစိုက်ပါ
  • ၃ အကူအညီကို လက်ခံပါ
  • ရုတ်တရက် ကျန်းမာရေး ထိခိုက်သွားရင် ဘယ်လိုလုပ်ရပါ့မလဲ
    ထပ်ဆင့် အကြောင်းအရာများ
  • စာရှုသူများထံမှ မေးခွန်းလွှာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၇
  • ယေဟောဝါကို အမြဲယုံကြည်ကိုးစားပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • လူမျိုးတော်ကို ယေဟောဝါ ကြည့်ရှုနေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၂
နောက်ထပ် ကြည့်ပါ
ပျော်ရွှင်တဲ့မိသားစုဘဝကို ဘယ်လိုပိုင်ဆိုင်နိုင်မလဲ
hf အပိုင်း ၈ စာ. ၂၆-၂၈

အခန်း ၈

အဖြစ်ဆိုးတွေ ကြုံလာရတဲ့အခါ

“ခင်ဗျားတို့ဟာ စမ်းသပ်မှုအမျိုးမျိုး ကြုံရလို့ ခဏတာ ဝမ်းနည်းရတာမှန်ပေမဲ့ သိပ်ဝမ်းမြောက်နေကြတယ်။” —၁ ပေတရု ၁:၆

ပျော်ရွှင်တဲ့အိမ်ထောင်၊ ပျော်ရွှင်တဲ့မိသားစုဖြစ်အောင် အတတ်နိုင်ဆုံး ကြိုးစားတဲ့ကြားက မမျှော်လင့်ထားတဲ့ ဖြစ်ရပ်တွေ ကြုံလာရင် သင်တို့ရဲ့ ပျော်ရွှင်မှု ပျောက်ဆုံးသွားနိုင်ပါတယ်။ (ဒေသနာ ၉:၁၁) အခက်အခဲတွေ ကြုံလာတဲ့အခါ ဖြေရှင်းနိုင်ဖို့ လိုအပ်တဲ့အကူအညီတွေကို ဘုရားသခင် ပြင်ဆင်ပေးထားပါတယ်။ ဖော်ပြထားတဲ့ ကျမ်းစာ အကြံပြုချက်တွေကို ကျင့်သုံးမယ်ဆိုရင် သင်နဲ့ သင့်မိသားစုဟာ အဆိုးဝါးဆုံး အခြေအနေတွေကိုတောင် ရင်ဆိုင်ဖြေရှင်းနိုင်ပါလိမ့်မယ်။

၁ ယေဟောဝါဘုရားကို ယုံကြည်ကိုးစားပါ

ကျမ်းစာပြောဆိုရာ– “စိုးရိမ်ပူပန်စရာ ရှိသမျှကို ဘုရားသခင်ဆီ ပုံအပ်ထားလိုက်ပါ။” (၁ ပေတရု ၅:၇) သင်တို့ကြုံတွေ့ရတဲ့ ဆင်းရဲဒုက္ခတွေဟာ ဘုရားကြောင့်မဟုတ်ဘူးဆိုတာ အမြဲသတိရပါ။ (ယာကုပ် ၁:၁၃) ဘုရားသခင်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေး ရှိမယ်ဆိုရင် သင့်ကို အကောင်းဆုံးနည်းနဲ့ ကိုယ်တော် ကူညီပေးပါလိမ့်မယ်။ (ဟေရှာယ ၄၁:၁၀) ဒါကြောင့် “ဘုရားကို ရင်ဖွင့်ကြပါ။”—ဆာလံ ၆၂:၈။

ကျမ်းစာကို နေ့တိုင်းဖတ်ပြီး လေ့လာမယ်ဆိုရင်လည်း နှစ်သိမ့်မှု ရပါလိမ့်မယ်။ အဲဒီအခါ ယေဟောဝါဘုရားက “ဆင်းရဲဒုက္ခအမျိုးမျိုး ခံရသူတွေကို” ဘယ်လိုနှစ်သိမ့်ပေးသလဲဆိုတာ သင် သိလာပါလိမ့်မယ်။ (၂ ကောရိန္သု ၁:၃၊ ၄။ ရောမ ၁၅:၄) “လူ့ဉာဏ်နဲ့ မမီနိုင်တဲ့ ဘုရားသခင့်ငြိမ်သက်ခြင်း” ပေးမယ်လို့လည်း ဘုရား ကတိပေးထားပါတယ်။—ဖိလိပ္ပိ ၄:၆၊ ၇၊ ၁၃။

ဆေးရုံကုတင်ပေါ်က ဖခင် မိသားစုနဲ့အတူ ဆုတောင်းနေ

သင်လုပ်ဆောင်နိုင်ရာ–

  • စိတ်တည်ငြိမ်ဖို့၊ ကောင်းကောင်း စဉ်းစားဆင်ခြင် နိုင်ဖို့ ယေဟောဝါဘုရားဆီ ဆုတောင်းပါ

  • ကိုယ့်ရှုမြင်ချက်အားလုံးကို ပြန်ဆန်းစစ်ပြီး ကိုယ်လုပ်ဆောင်နိုင်မယ့် အကောင်းဆုံးနည်းလမ်းကို ရွေးပါ

၂ ကိုယ့်ကိုယ်ကိုယ်ရော၊ မိသားစုကိုပါ ဂရုစိုက်ပါ

ကျမ်းစာပြောဆိုရာ– “သိနားလည်နိုင်စွမ်းရှိသူဟာ အသိပညာကို ဆည်းပူးချင်စိတ်ရှိတယ်။ ဉာဏ်ပညာရှိသူကလည်း အသိပညာရဖို့ နားစွင့်ထားတတ်တယ်။” (ပညာအလိမ္မာ ၁၈:၁၅) အချက်အလက်အားလုံးကို စုဆောင်းပါ။ မိသားစုဝင်တိုင်းရဲ့ လိုအပ်ရာကို သိအောင်လုပ်ပါ။ သူတို့နဲ့စကားပြောပါ။ သူတို့ပြောတာကိုလည်း နားထောင်ပေးပါ။—ပညာအလိမ္မာ ၂၀:၅။

ချစ်မြတ်နိုးရတဲ့သူ ဆုံးပါးသွားခဲ့ရင်ကော။ ကိုယ့်ခံစားချက်တွေကို ထုတ်ဖော်ပြဖို့ မရှက်ပါနဲ့။ ယေရှုတောင် “မျက်ရည်ကျ” ခဲ့တယ်ဆိုတာ သတိရပါ။ (ယောဟန် ၁၁:၃၅။ ဒေသနာ ၃:၄) ကောင်းကောင်း အိပ်စက်အနားယူဖို့လည်း အရေးကြီးပါတယ်။ (ဒေသနာ ၄:၆) အိပ်စက်အနားယူလိုက်မယ်ဆိုရင် ၀မ်းနည်းကြေကွဲမှုကို ခံရပ်နိုင်ဖို့ လွယ်ကူသွားမှာဖြစ်တယ်။

သင်လုပ်ဆောင်နိုင်ရာ–

  • အဖြစ်ဆိုးတွေ မကြုံရခင်ကတည်းက မိသားစုနဲ့ အမြဲပြောဆိုဆက်သွယ်နေပါ။ ဒါမှသာ ပြဿနာတွေ ကြုံလာရတဲ့အခါ သူတို့က သင်နဲ့ ပွင့်ပွင့်လင်းလင်း ပြောရဲဆိုရဲ ရှိလာမှာဖြစ်တယ်

  • ကိုယ့်လို အခြေအနေမျိုး ကြုံတွေ့နေရတဲ့သူတွေနဲ့ ပြောဆိုဆက်သွယ်ပါ

၃ အကူအညီကို လက်ခံပါ

ကျမ်းစာပြောဆိုရာ– “မိတ်ဆွေစစ်ဆိုတာ အချိန်အခါမရွေး မေတ္တာပြတတ်တယ်။ သူဟာ ဒုက္ခရောက်ချိန်မှာ အားကိုးရတဲ့ ညီအစ်ကိုပဲ။” (ပညာအလိမ္မာ ၁၇:၁၇) မိတ်ဆွေတွေက သင့်ကို ကူညီပေးချင်ပေမဲ့ ဘာလုပ်ပေးရမှန်း မသိတာလည်း ဖြစ်နိုင်တယ်။ ဒါကြောင့် သင် တကယ်လိုအပ်နေတဲ့အရာကို သူတို့ကို ပြောပြဖို့ မတွန့်ဆုတ်ပါနဲ့။ (ပညာအလိမ္မာ ၁၂:၂၅) ကျမ်းစာကို ကောင်းကောင်း နားလည်ထားသူတွေဆီကနေလည်း အကူအညီရယူပါ။ သူတို့ပေးလာတဲ့ အကူအညီကနေ သင် အကျိုးရရှိပါလိမ့်မယ်။—ယာကုပ် ၅:၁၄။

ဘုရားကို အားကိုးပြီး ကိုယ်တော့်ကတိတွေကို ယုံကြည်တဲ့သူတွေနဲ့ မှန်မှန်ပေါင်းသင်းတဲ့အခါ သင် လိုအပ်တဲ့ အကူအညီတွေကို ရရှိပါလိမ့်မယ်။ အားပေးမှု လိုအပ်နေသူတွေကို ကူညီပေးရင် ကိုယ်လည်း နှစ်သိမ့်မှု ရရှိပါလိမ့်မယ်။ ယေဟောဝါဘုရားနဲ့ ကိုယ်တော့်ကတိတွေအပေါ် သင် ဘာကြောင့် ယုံကြည်ကိုးစားရသလဲဆိုတာ သူတို့ကို ပြောပြပါ။ အကူအညီလိုအပ်နေသူတွေကို ကူညီပေးတဲ့နေရာမှာ အလုပ်များနေပါ။ တစ်ယောက်တည်း သီးသန့်မနေဘဲ သင့်ကိုချစ်ပြီး ဂရုစိုက်တဲ့သူတွေနဲ့ ပေါင်းသင်းပါ။—ပညာအလိမ္မာ ၁၈:၁။ ၁ ကောရိန္သု ၁၅:၅၈။

သင်လုပ်ဆောင်နိုင်ရာ–

  • အရင်းနှီးဆုံးမိတ်ဆွေနဲ့ စကားပြောပြီး သူ့ဆီက အကူအညီကို လက်ခံပါ

  • သင်လိုအပ်နေတဲ့ အကူအညီတွေကို ရိုးရိုးသားသားနဲ့ တိတိကျကျပြောပြပါ

ကြုံတွေ့နေရတဲ့ အဖြစ်ဆိုးတွေကိုပဲ အာရုံမစိုက်ပါနဲ့

သင် စိတ်ဖိစီးနေရင်တောင် ယေဟောဝါဘုရားကိုပဲ အာရုံစိုက်ထားပါ။ ကျမ်းစာမှာ ပါတဲ့ ယောဘဟာ ဒုက္ခဆင်းရဲခံနေရချိန်မှာတောင် “ယေဟောဝါရဲ့နာမည်ကို အမြဲချီးမွမ်းကြပါစေ” လို့ပြောခဲ့တယ်။ (ယောဘ ၁:၂၁၊ ၂၂) သင်လည်း ယောဘလိုမျိုး သင့်ရဲ့စိုးရိမ်ပူပန်မှုတွေထက် ယေဟောဝါဘုရားရဲ့ နာမည်နဲ့ အလိုတော်ကို ဦးစားထားပါ။ ကိစ္စရပ်တွေက သင် မျှော်လင့်ထားသလို ဖြစ်မလာရင်လည်း အားမလျှော့ပါနဲ့။ ယေဟောဝါဘုရားကို အပြည့်အဝ ယုံကြည်ကိုးစားပါ။ “ယေဟောဝါ ပြောတာက– မင်းတို့နဲ့ပတ်သက်ပြီး ငါဘာတွေ တွေးနေမှန်း ငါသိတာပေါ့။ မင်းတို့ကို ငြိမ်သက်အေးချမ်းစေချင်တယ်။ ဘေးဆိုး မကြုံစေချင်ဘူး။ မင်းတို့မျှော်လင့်တဲ့ အနာဂတ်မျိုး ပေးချင်တယ်။”—ယေရမိ ၂၉:၁၁။

ကိုယ့်ကိုယ်ကိုယ် ဒီလိုမေးပါ

  • အသေးအဖွဲကိစ္စတွေမှာတောင် ယေဟောဝါဘုရားကို ငါ အပြည့်အဝ ယုံကြည်ကိုးစားသလား။

  • ယေဟောဝါဘုရားရဲ့ ကောင်းမြတ်ရာတွေအတွက် ငါ နေ့တိုင်း ကျေးဇူးတင်နိုင်ဖို့ ဘာအကြောင်းရင်းတွေရှိသလဲ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ