ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • hf အပိုင်း ၉ စာ. ၂၉-၃၁
  • ယေဟောဝါဘုရားကို မိသားစုလိုက် ဝတ်ပြုပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေဟောဝါဘုရားကို မိသားစုလိုက် ဝတ်ပြုပါ
  • ပျော်ရွှင်တဲ့မိသားစုဘဝကို ဘယ်လိုပိုင်ဆိုင်နိုင်မလဲ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ၁ ယေဟောဝါဘုရားနဲ့ သင့်ရဲ့ဆက်ဆံရေးကို ခိုင်မြဲစေပါ
  • ၂ မိသားစုဝတ်ပြုမှုကို ပျော်မွေ့ပါ
  • မိသားစုဝတ်ပြုမှုကို ပိုပျော်စရာကောင်းအောင် လုပ်နိုင်သလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
  • မိသားစုများအတွက် အကူအညီ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၁
  • မိသားစုဝတ်ပြုမှုဆိုတာ ဘာလဲ
    ဒီနေ့အချိန်မှာ ယေဟောဝါဘုရားသခင့် အလိုတော်ကို ဘယ်သူတွေ ဆောင်ရွက်နေကြသလဲ
  • မိသားစု တစ်စုအနေနှင့် အဆုံးမဲ့အနာဂတ်အတွက် တည်ဆောက်ခြင်း
    မိသားစုဘဝကို ရွှင်လန်းစေခြင်း
နောက်ထပ် ကြည့်ပါ
ပျော်ရွှင်တဲ့မိသားစုဘဝကို ဘယ်လိုပိုင်ဆိုင်နိုင်မလဲ
hf အပိုင်း ၉ စာ. ၂၉-၃၁
လင်မယားနှစ်ယောက် ကျမ်းစာအတူ လေ့လာနေကြ

အခန်း ၉

ယေဟောဝါဘုရားကို မိသားစုလိုက် ဝတ်ပြုပါ

“ကောင်းကင်၊ မြေကြီး၊ ပင်လယ်နဲ့ စမ်းရေတွေကို ဖန်ဆင်းတဲ့အရှင်ကို ကိုးကွယ်ကြပါ။”—ဗျာဒိတ် ၁၄:၇

ဒီစာစောင်ကို လေ့လာပြီးတဲ့အခါ ကျမ်းစာလမ်းညွှန်ချက်တွေက သင်နဲ့ သင့်မိသားစု ပျော်ရွှင်ဖို့အတွက် အကူအညီ ဖြစ်စေတယ်ဆိုတာ တွေ့ပါလိမ့်မယ်။ ယေဟောဝါဘုရားက သင့်ကို ပျော်ရွှင်စေချင်တယ်။ သင့်ဘဝမှာ ယေဟောဝါဘုရားကို ဦးစားထားမယ်ဆိုရင် သင် လိုအပ်ရာတွေကို ကိုယ်တော် ဖြည့်ဆည်းပေးမယ်လို့ ကတိပြုထားပါတယ်။ (မဿဲ ၆:၃၃) ကိုယ်တော်က သင်နဲ့ မိတ်ဆွေဖြစ်ချင်တဲ့အတွက် သင့်ဘက်ကလည်း မိတ်ဆွေဖြစ်နိုင်ဖို့ အတတ်နိုင်ဆုံး ကြိုးစားလုပ်ဆောင်ပါ။ ဘုရားနဲ့မိတ်ဆွေဖွဲ့ခွင့်ရတာက အကြီးမြတ်ဆုံး အခွင့်ထူးတစ်ခုပါပဲ။—မဿဲ ၂၂:၃၇၊ ၃၈။

၁ ယေဟောဝါဘုရားနဲ့ သင့်ရဲ့ဆက်ဆံရေးကို ခိုင်မြဲစေပါ

လင်မယားနှစ်ယောက် အမှုဆောင်လုပ်ငန်းမှာ အတူပါဝင်နေကြ

ကျမ်းစာပြောဆိုရာ– “‘ငါက မင်းတို့ရဲ့ဖခင် ဖြစ်လာမယ်။ မင်းတို့လည်း ငါ့ရဲ့သားသမီးတွေ ဖြစ်လာလိမ့်မယ်’ ဆိုပြီး အနန္တတန်ခိုးရှင် ယေဟောဝါ ပြောတယ်။” (၂ ကောရိန္သု ၆:၁၈) ဘုရားက သင်နဲ့ ရင်းနှီးချင်ပါတယ်။ ဘုရားနဲ့ရင်းနှီးနိုင်တဲ့ နည်းတစ်နည်းက ဆုတောင်းခြင်းပဲ။ ဒါကြောင့် “အမြဲမပြတ် ဆုတောင်း” ဖို့ သင့်ကို ယေဟောဝါဘုရား တိုက်တွန်းထားပါတယ်။ (၁ သက်သာလောနိတ် ၅:၁၇) သင့်ရဲ့ ရင်တွင်းခံစားချက်တွေနဲ့ စိုးရိမ်စရာတွေကိုလည်း ကိုယ်တော် နားထောင်ပေးချင်တယ်။ (ဖိလိပ္ပိ ၄:၆) သင်ဟာ မိသားစုနဲ့အတူ ဆုတောင်းတဲ့အခါ ယေဟောဝါဘုရားက သင့်အတွက် တကယ်ရှိတဲ့ပုဂ္ဂိုလ်ဆိုတာ မိသားစုဝင်တွေ သိလာပါလိမ့်မယ်။

ဘုရားကို ရင်ဖွင့်ပြောဆိုတာ ကောင်းပါတယ်။ ဒါပေမဲ့ ဘုရားပြောတာကိုလည်း နားထောင်ဖို့ လိုတယ်။ ကျမ်းစာနဲ့ ကျမ်းစာအခြေပြုစာပေတွေကို လေ့လာတာက ဘုရားပြောတာကို နားထောင်တာနဲ့တူတယ်။ (ဆာလံ ၁:၁၊ ၂) လေ့လာသိရှိခဲ့တာတွေကို တွေးတောဆင်ခြင်ပါ။ (ဆာလံ ၇၇:၁၁၊ ၁၂) ဘုရားစကားနားထောင်ဖို့ ဝတ်ပြုအစည်းအဝေးတွေကိုလည်း မှန်မှန်တက်ဖို့ လိုပါတယ်။—ဆာလံ ၁၂၂:၁-၄။

ယေဟောဝါဘုရားနဲ့ ရင်းနှီးနိုင်မယ့် နောက်တစ်နည်းက တခြားသူတွေကို ကိုယ်တော့်အကြောင်း ပြောပြခြင်းဖြစ်တယ်။ ယေဟောဝါဘုရားအကြောင်း တခြားသူတွေကို များများပြောပြလေ ကိုယ်တော်နဲ့ ပိုပြီးရင်းနှီးလာလေပဲ။—မဿဲ ၂၈:၁၉၊ ၂၀။

သင်လုပ်ဆောင်နိုင်ရာ–

  • နေ့တိုင်း အချိန်ယူပြီး ကျမ်းစာဖတ်ပါ၊ ဆုတောင်းပါ

  • ဖျော်ဖြေရေးနဲ့ အပန်းဖြေမှုတွေထက် ဝတ်ပြုရေးနဲ့ဆိုင်တာတွေကို မိသားစုလိုက် ဦးစားပေးလုပ်ဆောင်ပါ

၂ မိသားစုဝတ်ပြုမှုကို ပျော်မွေ့ပါ

ဖခင်တစ်ယောက် လေ့လာမှုအတွက် ပြင်ဆင်နေ၊ နောက်ပိုင်း မိသားစုဝတ်ပြု မှု အတူလုပ်ဆောင်

ကျမ်းစာပြောဆိုရာ– “ဘုရားသခင်နဲ့ ရင်းနှီးအောင် ကြိုးစားပါ။ ဒါဆိုရင် ဘုရားသခင်လည်း ခင်ဗျားတို့နဲ့ ရင်းနှီးလာလိမ့်မယ်။” (ယာကုပ် ၄:၈) မိသားစု ဝတ်ပြုမှု* ကို ပုံမှန်ပြုလုပ်နိုင်ဖို့ အစီအစဉ်ဆွဲပြီး အဲဒီအတိုင်း လုပ်ဆောင်ပါ။ (ကမ္ဘာဦး ၁၈:၁၉) ဒါ့အပြင် သင့်ဘဝမှာ ဘုရားသခင်ကို နေ့စဉ်သတိရပြီး အသက်ရှင်နေထိုင်ဖို့လည်း လိုအပ်ပါတယ်။ ဘုရားနဲ့ သင့်မိသားစု ရင်းနှီးမှုရှိနိုင်ဖို့ “အိမ်မှာ ထိုင်တဲ့အခါ၊ လမ်းလျှောက်တဲ့အခါ၊ အိပ်တဲ့အခါ၊ ထတဲ့အခါ” ကိုယ်တော့်အကြောင်း သူတို့ကို ပြောပြပါ။ (တရားဟောရာ ၆:၆၊ ၇) “ကျုပ်နဲ့ ကျုပ်ရဲ့မိသားစုကတော့ ယေဟောဝါဘုရားကိုပဲ ဝတ်ပြုမယ်” လို့ ယောရှု ပြောခဲ့သလို သင်လည်း ပြောနိုင်ဖို့ ပန်းတိုင်ထားပါ။—ယောရှု ၂၄:၁၅။

သင်လုပ်ဆောင်နိုင်ရာ–

  • မိသားစုဝတ်ပြုမှုကို စနစ်တကျနဲ့ ပုံမှန်လုပ်ဆောင်ပါ၊ ဝတ်ပြုမှုမှာ မိသားစုတစ်ဦးစီရဲ့ လိုအပ်ရာတွေကို ထည့်စဉ်းစားပြီး ဆွေးနွေးပါ

အမေက သားငယ်လေးကို စာဖတ်ပြနေ၊ မိသားစုလိုက် ကျမ်းစာဇာတ်လမ်းကို သရုပ်ဖော်နေ၊ သားအဖနှစ်ယောက် လေ့လာနေကြ

ယေဟောဝါဘုရားရဲ့ ပျော်ရွှင်တဲ့အမှုဆောင်တွေ

သင့်ဘဝမှာ ယေဟောဝါဘုရားကို ကိုးကွယ်တာလောက် ကောင်းတဲ့အရာ ဘာမှရှိမှာ မဟုတ်ပါဘူး။ ဘုရားအမှုတော်မှာ သင်နဲ့ သင့်မိသားစု စိတ်ရင်းမှန်နဲ့ ပါဝင်တာကို ယေဟောဝါဘုရား မြင်တဲ့အခါ ဝမ်းသာပီတိဖြစ်မှာ သေချာတယ်။ ဘုရားအမှုတော်မှာ ပါဝင်ရင် ယေဟောဝါဘုရားကို သင် ပိုချစ်လာပြီး ပိုတုပချင်လာပါလိမ့်မယ်။ (မာကု ၁၂:၃၀။ ဧဖက် ၅:၁) သင့်ရဲ့အိမ်ထောင်မှာ ဘုရားကို ပါဝင်စေတာက အိမ်ထောင်နှောင်ကြိုးကို ပိုခိုင်မြဲစေတယ်။ (ဒေသနာ ၄:၁၂။ ဟေရှာယ ၄၈:၁၇) သင်နဲ့ သင့်မိသားစုကို “ယေဟောဝါဘုရား ကောင်းချီးပေး” တဲ့အတွက် သင့်မိသားစုဟာ ဥမကွဲသိုက်မပျက်ဘဲ အမြဲတမ်း ပျော်ရွှင်နိုင်ပါလိမ့်မယ်။—တရားဟောရာ ၁၂:၇။

ကိုယ့်ကိုယ်ကိုယ် ဒီလိုမေးပါ

  • ဇနီးမောင်နှံအနေနဲ့ ငါတို့နှစ်ယောက် သီးသန့်ဆုတောင်း ခဲ့တဲ့ နောက်ဆုံးအချိန်က ဘယ်အချိန်လဲ။

  • ယေဟောဝါဘုရားအပေါ် ယုံကြည်ခြင်းခိုင်ခံ့ဖို့ မိသားစုလိုက် ဘာတွေကို လေ့လာရင် ကောင်းမလဲ။

အိမ်ထောင်ဦးစီးတွေ သတိပြုရမယ့်အချက်

  • မိသားစုဝတ်ပြုမှုအစီအစဉ်ကို ဘာအကြောင်းပြချက်နဲ့မှ မဖျက်ပါနဲ့

  • မိသားစုဝင်တွေ ကောင်းကောင်းပြင်ဆင်ထားနိုင်ဖို့ ဆွေးနွေးမယ့်အကြောင်းအရာကို ကြိုပြောထားပါ

  • မိသားစုဝတ်ပြုမှုမှာ မိသားစုဝင် အားလုံး ပါဝင်နိုင်ဖို့ စီစဉ်ပါ

  • မိသားစုဝတ်ပြုမှုမှာ အားလုံး ပျော်ပျော်ရွှင်ရွှင် ပါဝင်နိုင်တဲ့ အခြေအနေမျိုး ပြုလုပ်ပါ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ