နိဒါန်း
ခက်ခဲကျပ်တည်းတဲ့ ဒီခေတ်မှာ အိမ်ထောင်နဲ့ မိသားစုတွေ ပြိုကွဲသွားအောင် တိုက်ခိုက်ခံနေရပါတယ်။ ဒါကြောင့် ပျော်ရွှင်တဲ့ မိသားစုဘဝ ပိုင်ဆိုင်နိုင်ဖို့ဆိုတာ ဖြစ်နိုင်ပါ့မလား။ လွယ်လွယ်နဲ့တော့ ပိုင်ဆိုင်နိုင်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ အကူအညီရနိုင်မယ့် နည်းလမ်းတွေ ရှိပါတယ်။ ဒီစာစောင်က ပြီးပြည့်စုံတဲ့အိမ်ထောင် တည်ဆောက်နိုင်ဖို့ လမ်းညွှန်စာစောင် မဟုတ်ပါဘူး။ ဒါပေမဲ့ ယုံကြည်စိတ်ချရတဲ့ ကျမ်းစာလမ်းညွှန်ချက်တွေနဲ့ အသုံးဝင်တဲ့ အကြံပြုချက်တွေကိုတော့ ဖော်ပြထားပါတယ်။ အဲဒီအချက်တွေကို ကျင့်သုံးမယ်ဆိုရင် သင့်မိသားစုမှာ ပျော်ရွှင်မှု ရရှိပါလိမ့်မယ်။