ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • jy အခန်း ၇ စာ. ၂၂-စာ. ၂၃ ပိုဒ်. ၆
  • နက္ခတ်ဗေဒင်ဆရာတွေ ယေရှုဆီရောက်လာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • နက္ခတ်ဗေဒင်ဆရာတွေ ယေရှုဆီရောက်လာ
  • ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေရှုနှင့် နက္ခတ်ဆရာများ
    အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
  • “ပညာရှိ သုံးဦး” က ဘယ်သူတွေလဲ။ ဘက်သလီဟင် “ကြယ်” နောက် သူတို့ လိုက်ခဲ့ကြသလား
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • “ကြယ်” ကို ဘယ်သူ စေလွှတ်တာလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
  • ယေရှုထံ “ပညာရှိတို့” ကို ဦးဆောင်လမ်းပြသောကြယ်မှာ မည်သို့သောကြယ်နည်း
    နိုးလော့!—၂၀၀၉
နောက်ထပ် ကြည့်ပါ
ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
jy အခန်း ၇ စာ. ၂၂-စာ. ၂၃ ပိုဒ်. ၆
နက္ခတ်ဗေဒင်ဆရာတွေဟာ ယောသပ်၊ မာရိနဲ့ ယေရှုတို့နေထိုင်တဲ့ အိမ်ကိုရောက်တဲ့အထိ ကြယ်နောက်ကို လိုက်ခဲ့ကြ

အခန်း ၇

နက္ခတ်ဗေဒင်ဆရာတွေ ယေရှုဆီ ရောက်လာ

မဿဲ ၂:၁-၁၂

  • နက္ခတ်ဗေဒင်ဆရာတွေ “ကြယ်” တစ်လုံးနောက် လိုက်ပြီး ဂျေရုဆလင်မြို့၊ အဲဒီနောက် ယေရှုဆီ ရောက်လာ

အရှေ့အရပ်ကနေ လူတချို့ ရောက်လာကြတယ်။ သူတို့ကတော့ ကြယ်တွေအကြောင်း လေ့လာတဲ့ နက္ခတ်ဗေဒင်ဆရာတွေဖြစ်တယ်။ ကြယ်တွေကိုကြည့်ပြီး လူ့ဘဝရဲ့ အဖြစ်အပျက်တွေကို ဟောနိုင်တယ်လို့ ဆိုကြတယ်။ (ဟေရှာယ ၄၇:၁၃) သူတို့က အရှေ့အရပ်မှာ ရှိနေတုန်း “ကြယ်” တစ်လုံးကို မြင်ပြီး အဲဒီကြယ်နောက် မိုင်ပေါင်းများစွာလိုက်လာတဲ့အခါ ဘက်သလီဟင်မြို့ကို မဟုတ်ဘဲ ဂျေရုဆလင်မြို့ကို ရောက်လာကြတယ်။

နက္ခတ်ဗေဒင်ဆရာတွေ ရောက်တာနဲ့ “အခုမွေးဖွားတဲ့ ဂျူးတို့ရဲ့ဘုရင် ဘယ်မှာလဲ။ အရှေ့အရပ်မှာ ကျုပ်တို့ ရှိနေတုန်း သူ့ကြယ်ကို မြင်ခဲ့ရတယ်။ သူ့ကို ဦးညွှတ်ဖို့ ရောက်လာတာ” လို့ပြောတယ်။—မဿဲ ၂:၁၊ ၂။

နက္ခတ်ဗေဒင်ဆရာတွေ ဟေရုဒ်မင်းကို ဦးညွှတ်နေကြ

အဲဒီသတင်းကို ဂျေရုဆလင်မြို့ကို အုပ်ချုပ်တဲ့ ဟေရုဒ်မင်း ကြားတော့ အရမ်း စိတ်အနှောင့်အယှက် ဖြစ်သွားတယ်။ ဒါနဲ့ ပုရောဟိတ်မင်းတွေ၊ တခြား ဂျူးဘာသာရေး ခေါင်းဆောင်တွေကို ခေါ်ပြီး ခရစ်တော် ဘယ်မှာ မွေးဖွားမလဲဆိုတာ မေးမြန်းတယ်။ သူတို့က ကျမ်းစာကို အခြေခံပြီး “ဘက်သလီဟင်မြို့မှာ” ဆိုပြီး ပြန်ဖြေကြတယ်။ (မဿဲ ၂:၅။ မိက္ခာ ၅:၂) ဒီအခါ ဟေရုဒ်မင်းက နက္ခတ်ဗေဒင်ဆရာတွေကို တိတ်တဆိတ် ခေါ်တွေ့ပြီး “အဲဒီကလေးကို မတွေ့တွေ့အောင် သွားရှာကြ။ တွေ့ရင် ငါ့ဆီ ပြန်သတင်းပို့ကြဦး။ ငါလည်း သူ့ဆီသွားပြီး ဦးညွှတ်မယ်” လို့မှာလိုက်တယ်။ (မဿဲ ၂:၈) တကယ်တော့ ဟေရုဒ်က အဲဒီကလေးကိုရှာပြီး သတ်ပစ်ချင်တာ။

နက္ခတ်ဗေဒင်ဆရာတွေ ထွက်သွားတဲ့အခါ အံ့ဖွယ်တစ်ခု ဖြစ်ပျက်လာတယ်။ အရှေ့အရပ်မှာ သူတို့မြင်ခဲ့တဲ့ “ကြယ်” ပေါ်လာပြီး ရှေ့ကနေ လမ်းပြတယ်။ ဒီကြယ်က သာမန်ကြယ်မဟုတ်ဘူး၊ သူတို့ကို လမ်းပြပေးဖို့ အထူးပြင်ဆင်ထားတဲ့ကြယ်ပဲ။ နက္ခတ်ဗေဒင်ဆရာတွေဟာ ယောသပ်၊ မာရိနဲ့ သူတို့သားလေး နေထိုင်တဲ့ အိမ်ပေါ်မှာ ကြယ်ရပ်တန့်သွားတဲ့အထိ ကြယ်နောက်ကို လိုက်ခဲ့ကြတယ်။

ဘက်သလီဟင်မြို့ရောက်တဲ့အထိ ကြယ်နောက်လိုက်ခဲ့ကြတဲ့ နက္ခတ်ဗေဒင်ဆရာတွေ မာရိနဲ့ယေရှုကို လက်ဆောင်တွေပေး

နက္ခတ်ဗေဒင်ဆရာတွေ အိမ်ထဲ ဝင်သွားတဲ့အခါ မာရိနဲ့အတူရှိနေတဲ့ ယေရှုလေးကိုတွေ့တော့ ဦးညွှတ်ပျပ်ဝပ်ကြတယ်။ ရွှေ၊ လောဗန်နဲ့ မုရန်တွေ လက်ဆောင်ပေးကြတယ်။ ပြီးတဲ့နောက် ဟေရုဒ်ဆီ ပြန်မယ်လုပ်တဲ့အခါ ဘုရားက အဲဒီကိုမသွားဖို့ အိပ်မက်ကနေ သတိပေးတဲ့အတွက် သူတို့တိုင်းပြည်ကို တခြားလမ်းနဲ့ ပြန်သွားကြတယ်။

နက္ခတ်ဗေဒင်ဆရာတွေကို လမ်းပြတဲ့ “ကြယ်” ကို ဘယ်သူပေါ်စေတယ်လို့ ထင်သလဲ။ ဒီကြယ်က ဘက်သလီဟင်မြို့မှာရှိတဲ့ ယေရှုဆီ တိုက်ရိုက် လမ်းမပြပေးခဲ့ဘူးဆိုတာ သတိပြုပါ။ အဲဒီအစား ယေရှုကို သတ်ပစ်ချင်တဲ့ ဟေရုဒ်မင်းနဲ့ တွေ့နိုင်အောင် ဂျေရုဆလင်မြို့ဆီ လမ်းပြပေးတယ်။ ဘုရားသာ ကြားမဝင်ဘူး၊ နက္ခတ်ဗေဒင်ဆရာတွေကို သတိမပေးဘူးဆိုရင် ဟေရုဒ်က ယေရှုကို သတ်ပစ်လိုက်မှာပဲ။ ဒါကြောင့် ဒီကြယ်ကိုပေါ်စေသူဟာ ယေရှုကို သတ်ချင်နေတဲ့ ဘုရားရဲ့ရန်သူ စာတန်ပဲဆိုတာ ရှင်းနေပါတယ်။ သူ့ရည်ရွယ်ချက်အောင်မြင်ဖို့ အဲဒီနည်းကို အသုံးပြုခဲ့တာ။

  • နက္ခတ်ဗေဒင်ဆရာတွေ မြင်ခဲ့တဲ့ “ကြယ်” က သာမန်မဟုတ်ဘူးဆိုတာ ဘယ်လိုနည်းနဲ့ သိနိုင်သလဲ။

  • နက္ခတ်ဗေဒင်ဆရာတွေ ယေရှုလေးကို ရှာတွေ့ချိန်မှာ သူ ဘယ်မှာ ရှိနေသလဲ။

  • နက္ခတ်ဗေဒင်ဆရာတွေကို လမ်းပြတာ စာတန်ပဲလို့ ဘာကြောင့် ပြောနိုင်သလဲ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ