ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • jy အခန်း ၁၀ စာ. ၂၈-စာ. ၂၉ ပိုဒ်. ၇
  • ယေရှုရဲ့မိသားစု ဂျေရုဆလင်မြို့ကို ခရီးထွက်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေရှုရဲ့မိသားစု ဂျေရုဆလင်မြို့ကို ခရီးထွက်
  • ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေရုရှလင်မြို့သို့ ခရီးထွက်ခြင်းများ
    အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
  • လူငယ် ယေရှု
    ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • သူငယ်ယေရှု ဗိမာန်တော်ထဲရောက်နေတဲ့အကြောင်း
    ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
  • နာခံတတ်ဖို့ ယေရှု သင်ယူခဲ့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
နောက်ထပ် ကြည့်ပါ
ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
jy အခန်း ၁၀ စာ. ၂၈-စာ. ၂၉ ပိုဒ်. ၇
၁၂ နှစ်အရွယ်ယေရှု ဗိမာန်တော်မှာ ဂျူးဘာသာရေးဆရာတွေကို မေးခွန်းမေးနေ

အခန်း ၁၀

ယေရှုရဲ့မိသားစု ဂျေရုဆလင်မြို့ကို ခရီးထွက်

လုကာ ၂:၄၀-၅၂

  • ဆယ့်နှစ်နှစ်သားယေရှု ဆရာတွေကို မေးခွန်းမေး

  • ယေရှုက ယေဟောဝါဘုရားကို “အဖ” လို့ခေါ်

အချိန်ကတော့ နွေဦးကာလပေါ့။ နှစ်စဉ်နှစ်တိုင်း ဒီအချိန်ရောက်ရင် ယောသပ်ရဲ့ မိသားစုဟာ ဆွေမျိုးတွေ၊ မိတ်ဆွေတွေနဲ့အတူ ဂျေရုဆလင်မြို့ကို ခရီးထွက်ကြတယ်။ ပညတ်တရားအရ ပသခါပွဲတက်ဖို့ သွားကြတာ။ (တရားဟောရာ ၁၆:၁၆) နာဇရက်မြို့ကနေ ဂျေရုဆလင်မြို့ကို ဆင်းသွားဖို့ဆိုရင် ၇၅ မိုင်လောက်ဝေးတယ်။ သူတို့အားလုံး ခရီးစဉ်အတွက် အလုပ်များပြီး စိတ်လှုပ်ရှားနေကြတယ်။ ၁၂ နှစ်ရှိပြီဖြစ်တဲ့ ယေရှုလည်း ပွဲတော်တက်ရမှာ၊ ဗိမာန်တော်ကို နောက်တစ်ခေါက်သွားရမှာကိုတွေးပြီး ပျော်နေမှာပဲ။

ယေရှုတို့မိသားစုအတွက် ပသခါပွဲဆိုတာ တစ်ရက်တည်းနဲ့ ပြီးသွားတဲ့ကိစ္စမဟုတ်ဘူး။ ပသခါပွဲပြီးတော့ နောက်တစ်နေ့ဟာ ခုနစ်ရက်ကြာကျင်းပမယ့် တဆေးမဲ့မုန့်ပွဲ စတင်တဲ့နေ့၊ “တဆေးမဲ့မုန့်ပွဲ ပထမနေ့” ဖြစ်တယ်။ (မာကု ၁၄:၁၂) ပသခါပွဲတော်ရာသီမှာ အဲဒီပွဲလည်းပါဝင်တယ်လို့ ယူဆကြတယ်။ ဒါကြောင့် ဂျေရုဆလင်မှာနေတဲ့အချိန် အပါအဝင် နာဇရက်မြို့ကနေ ဂျေရုဆလင်မြို့ အသွားအပြန်ခရီးဟာ နှစ်ပတ်လောက်ကြာတယ်။ ဒီနှစ်တော့ ဂျေရုဆလင်မြို့ကနေ အပြန်ခရီးမှာ ယေရှုကြောင့် နည်းနည်း ပိုကြာသွားတယ်။

ပျော်ရွှင်ဖွယ် ခရီးစဉ်များ

ယေရှုတို့မိသားစု ဂျေရုဆလင်မြို့ကို ခရီးသွားနေ

နှစ်စဉ်ကျင်းပတဲ့ ပွဲတော်သုံးခုကို တက်ရောက်ဖို့ ဂျေရုဆလင်မြို့ကိုသွားရတဲ့ ခရီးစဉ်တွေဟာ သိပ်ပျော်စရာကောင်းတာ။ (တရားဟောရာ ၁၆:၁၅) အဲဒီခရီးစဉ်တွေအတွင်း ယေရှုဟာ တခြားဒေသတွေရဲ့ တောတောင်ရေမြေ သဘာဝအကြောင်း သိလာမှာပဲ။ အဲဒီဒေသတွေကလာတဲ့ ယုံကြည်သူချင်းတွေနဲ့လည်း တွေ့ဆုံခဲ့မှာပဲ။ ဒါတွေက မမေ့နိုင်တဲ့ ခရီးစဉ်တွေပေါ့။

အပြန်ခရီးဖြစ်တဲ့ မြောက်ဘက်ကို သွားနေရင်း ယောသပ်နဲ့ မာရိဟာ ဆွေမျိုးတွေ၊ မိတ်ဆွေတွေနဲ့အတူ ယေရှုပါလာတယ်လို့ ထင်နေတာ။ ညအိပ်ဖို့နားတော့မှ ယေရှုမပါမှန်း သိကြတယ်။ ဒါနဲ့ ခရီးဖော်တွေကြားမှာ လိုက်ရှာတော့ မတွေ့ဘူး။ ဘယ်မှာမှ ရှာမတွေ့တဲ့အဆုံး ယောသပ်နဲ့ မာရိဟာ ဂျေရုဆလင်မြို့ကို ပြန်သွားရှာရတော့တယ်။

အဲဒီမှာ တစ်ရက်လုံး လိုက်ရှာပေမဲ့ ယေရှုကို မတွေ့ဘူး။ ဒုတိယနေ့မှာလည်း မတွေ့ဘူး။ သုံးရက်မြောက်နေ့မှာတော့ အခန်းတွေ အများကြီးရှိတဲ့ ဗိမာန်တော်မှာ ပြန်တွေ့တယ်။ ယေရှုက ဂျူးဘာသာရေးဆရာတွေအလယ်မှာ ထိုင်ပြီး နားထောင်လိုက်၊ မေးခွန်းတွေမေးလိုက် လုပ်နေတာ။ သူ့ရဲ့ဉာဏ်ရည် ထက်မြက်ပုံကို အားလုံး အံ့သြနေကြတယ်။

ယောသပ်နဲ့မာရိ ယေရှုကိုလိုက်ရှာ

မာရိက “သားရယ်၊ အဖေနဲ့အမေ့မှာ သားကို အပူတပြင်း ရှာလိုက်ရတာ။ ဘာဖြစ်လို့ ဒီလိုလုပ်တာလဲ” လို့ပြောတယ်။—လုကာ ၂:၄၈။

ယေရှုက သူဒီမှာရှိနေမှန်း မိဘတွေ မသိတာကို အံ့သြသွားပြီး “သားကို ဘာလို့ ရှာနေကြတာလဲ။ အဖရဲ့အိမ်တော်မှာ သားရှိနေမယ်ဆိုတာ မသိဘူးလား” လို့ပြောတယ်။—လုကာ ၂:၄၉။

အခုတော့ သူတို့ ပြန်ဆုံသွားကြပြီ။ ယေရှုက ယောသပ်၊ မာရိတို့နဲ့ နာဇရက်မြို့ကို ပြန်လိုက်သွားပြီး မိဘစကားကို အမြဲနာခံတယ်။ ကာယဉာဏ နှစ်တန်စလုံး ကြီးထွားဖွံ့ဖြိုးလာတယ်။ အသက်ငယ်ပေမဲ့ ဘုရားရှေ့၊ လူရှေ့ မျက်နှာရတဲ့သူ ဖြစ်လာတယ်။ ယေရှုဟာ ငယ်ငယ်ကတည်းက ဘုရားရေးရာကို စိတ်ဝင်စားတဲ့အပြင် မိဘတွေကိုလည်း လေးစားတယ်။ တကယ်ကောင်းတဲ့ ပုံသက်သေပါပဲ။

  • နွေဦးကာလမှာ ဘယ်ခရီးစဉ်ကို ယေရှုနဲ့ မိသားစု မှန်မှန်သွားလေ့ရှိသလဲ။ ဘာကြောင့်လဲ။

  • ယေရှု ၁၂ နှစ်အရွယ်မှာ ဂျေရုဆလင်ကနေ အပြန်ခရီးအတွင်း ဘာဖြစ်ခဲ့သလဲ။

  • ဒီနေ့ လူငယ်တွေအတွက် ယေရှု ဘယ်ပုံသက်သေကောင်း ချမှတ်ပေးခဲ့သလဲ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ